Thursday, March 22, 2012

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်၏ မဲဆွယ်စည်းရုံးရေးအောင်မြင်


ဒဂုံဆိပ်ကမ်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်နှင့် အဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့ နံနက် ၁၁း၀၀ နာရီမှ ညနေ ၅း၀၀ အချိန်ထိ လှည့်လည် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ပါသည်။ အဆိုပါ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဒေါ်ဖြူဖြူသင်းလည်း လိုက်လံ ကူညီပေးခဲ့သည်ဟု သိရပါသည်။