Thursday, March 22, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိဘမဲ့ကလေးငယ်များ၏ အနာဂတ်အားပေး

  ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော မိနစ်အနည်းငယ်အတွင်းက တွံတေးမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်ရှိ မင်္ဂလာ မိဘမဲ့ဂေဟာသို့ သွားရောက်ခဲ့ပြီး မိဘမဲ့ကလေးများကို မိဘမဲ့ဖြစ်   သော်လည်း စိတ်အားမငယ်ရန်။ ဒီနိုင်ငံတွင် သားတို့ သမီးတို့ရှေ့ရေးအတွက် ကောင်းအောင် လုပ်ပေးနိုင်မယ့်သူများစွာရှိကြောင်း၊ သူမအနေနှင့် နောက်တစ်ခေါက်ပြန်လာကာ သားတို့ သမီတို့ရှေ့ရေးအတွက်တိုင်ပင်စရာရှိသေးသည်ဟု ပြောကြားသွားခဲ့ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မင်္ဂလာမိဘမဲ့ဂေဟာ ဆရာတော်ဘုရားထံတွင် တရားနာယူကာ ကော့မှူးသို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်