မန်းငြိမ်းမောင် လွတ်ပြီ။ ဒီနေ့မနက် ၇နာရီ ၃၀မိနစ်မှာ လွတ်တယ်။ သူကို နေပြည်တော်ကို သမတ
လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် အရ ပြည်ထဲရေးဝန်ကြီး လက်မှတ်နဲ့ လွတ်ပေးလိုက်တာလို့ သိရတယ်။
အခု သူကို နေပြည်တော်ကို ခေါ်သွားနေတယ်။ သူဟာ နေပြည်တော်သွား ကားပေါ်ကနေ သူရဲ့ အတွင်းရေးမှု နော်စီဖိုးရာစိန်ကို လွတ်မြောက်ပြီ ဖြစ်ကြောင်း သတင်းပို့ ခဲ့တယ်လို့ သိရတယ်။
မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။
သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီး ချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုလည်း သိရှိရသည်။