Tuesday, March 27, 2012

လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအောင်နိုင်ရေး

လှည်းကူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲအောင်နိုင်ရေးအဖွဲ့ဝင်တွေက ဦးစီးပြီး မဲရုံကိုယ်စားလှယ်လောင်းတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ တာဝန်တွေနဲ့ ပတ်သက်ပြီး ဒုတိယ အကြိမ်မြောက် ဆွေးနွေး ပို့ချတဲ့ သင်တန်းတစ်ခုကို မတ်လ ၂၅ ရက်နေ့က ပြုလုပ်သွားခဲ့ ပါတယ် လှည်းကူးမြို့နယ် အောင်နိုင်ရေး တာဝန်ခံ ဦးကျော်သိန်းနဲ့အတူ ရန်ကုန်တိုင်း အောင်နိုင်ရေး အဖွဲ့ဝင်၊ဗဟို အောင်နိုင်ရေး ဥပဒေရေးရာ ကောင်မတီဝင် ဦးခင်မောင်ရှိန်နဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးမောင်မောင်လတ်၊ ဦးဝင်းမောင်နဲ့ ဦးတင်မြင့်တို့က လိုအပ်တဲ့ အချက်အလက်တွေနဲ့ အကြောင်း အရာတွေကို ဆွေးနွေး ပို့ချ သွားခဲ့ကြတာပါ။ဒီသင်တန်းကို မတ်လ ၂၅ ရက်နေ့ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီ အထိ ပြုလုပ်ခဲ့ပြီး မြို့နယ် အောင်နိုင်ရေးက တာဝန်ပေးအပ်ထားတဲ့ မဲရုံကိုယ်စား လှယ်လောင်းတွေနဲ့ ရပ်ကျေးတစ်ခုစီက ဖိတ်ကြားထားတဲ့ အောင်နိုင်ရေး အဖွဲ့ ဝင်တွေ စုစုပေါင်း အယောက် ၄၈၀ ကျော်ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါသည်