၂၇-၂-၂၀၁၂
ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် (ALD) ကို တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ဆောင်ရွက်
နေတယ်လို့ ပါတီ အထွေထွေ အတွင် ရေးမှူး ဦးအေးသာအောင်က ပြောကြားလိုက်ပါတယ်။
တရားဝင် ပါတီ အဖြစ်မှတ်ပုံတင်မှ နိုင်ငံရေး ဆက်လုပ်လို့ ရမယ်လို့ ပါတီဝင် ဟောင်းများ
ရန်ကုန်မြို့ မှာ တွေ့ ဆုံစဉ် သဘောထား ပေးခဲ့ကြ တယ်လို့ ဆိုပါတယ်။ALD ဟာ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၊ တခြား တိုင်းရင်းသား ပါတီ တွေနဲ့ အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ (CRPP) အဖွဲ့ ထဲမှာ ပါဝင်ပါတယ်။
ALD ပါတီ ပြန်ပြီး မှတ်ပုံတင်နေ သလို CRPP အဖွဲ့ ထဲက ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရှမ်းတိုင်း
ရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် တို့ အပါအဝင် တိုင်းရင်းသား ပါတီတွလေည်း မှတ်ပုံတင်ကြဖို့ ရှိနေတယ်လို့ သိရပါတယ်။