Monday, February 27, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည်

၂၇-၂-၂၀၁၂
 မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့်   ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်   အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီးလှည့်လည်နေသော ဒေါ်အောင်ဆန်း စုကြည်သည် ကချင်ပြည်နယ် ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊ ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။
Weekly News