Monday, February 20, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များအား ပြည်ထောင်စုဝန်ကြီး
နှောင့်ယှက်နေ



















၁၉-၂-၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
 ဦးတင့်ဆန်းကြောင့် နှောင့်နှေးနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များအနှောင့်အယှက် ဖြစ်နေရကြောင်း ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြော
ကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်းငှားရာတွင် အထစ်
 အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေးအကြောင်းပြပြီးကျင်းပခွင့် ပိတ်ပင်ခြင်း၊
 ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်
သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ တွင် မြစ်ကြီးနား၊
 မတ်လ ၃ ရက်နေ့ ၄ ရက်နေ့များ တွင် မန္တလေးမြို့၊ မတ်လ ၅ ရက်နှင့်၆ ရက်တွင် နေပြည်တော်၊
မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ မွန်ပြည်နယ် များသို့စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည်
 ဖြစ်ကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။

ဇော်တူး