Friday, February 24, 2012

လူငယ်တွေကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည် စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြဖို့  ပြောကြား

 ၂၃-၂-၂၀၁၂                                                                                                                          လူငယ်တွေကို ငယ်စဉ်ကတည်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူပေးရမယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် မမွေးမြူနိုင်ခဲ့လို့ ငြိမ်းချမ်းရေး မရသေးတာ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် ပြည်သူတွေ ဘယ်လောက် နစ်နာတယ်ဆိုတာ ထွေထွေ ထူးထူး   ရှင်းပြနေစရာ မလိုပါဘူး။ ပြည်နယ်ခေါင်းဆောင် အချို့နဲ စကားပြောဖြစ်တဲ့အခါ ဒီပြည်နယ်ရဲ့
အရေးကြီးဆုံး ပြဿနာက ငြိမ်းချမ်းရေး မရှိတာကိုပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့ အခြေခံ အကြောင်းကတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိလို့၊ လေးစားမှု မရှိလို့ပါပဲ။ ယုံကြည်မှု၊ လေးစားမှု မရှိဘူးဆိုတာ ပွင့်လင်း ဖြောင့်မတ်မှု မရှိတဲ့ ကိစ္စတွေ ကြောင့်ပါပဲ။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ
ကောက်နုတ်ချက်)