3-2-2012
မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် ၅.၂.၂၀၁၂
မွန်းလွဲ ၁း၀၀ မှ ၄း၀၀အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ စာတမ်းဖတ်ကြား ကြမည့် အဖွဲ့အစည်းများမှာ -
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နှင့် မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတို့ ဖြစ်ပါသည်။စာတမ်းဖတ်ပွဲတွင်၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က မျိုးဆက်သစ်တို့အတွက်လက်ဆင့်ကမ်းစကား ပြောကြားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှာ အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြိုတွင် တည်ရှိသည်။ Eleven Media Group