Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့က ထပ်မံဆွေးနွေးကာ ရက်သတ်မှတ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ- ၃
ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ (၄၊ ၅) ရက်တွင် မန္တလေးသို့သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် မည်သည့်အချိန်တွင် သွားရောက်မည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးကျင်းပကာ ရက်ထပ်မံသတ်မှတ်မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။

ခရီးစဉ်ရွှေ့ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်လူထုသို့မိန့်ခွန်း
ပြောကြားရန် ဗထူးအားကစားကွင်း၊ ရတနာပုံဘောလုံးကွင်းနှင့်မန္တလေးတောင်ခြေအားကစား
ကွင်းတို့ကို တစ်ကွင်းပြီးတစ်ကွင်း ငှားရမ်းခဲ့သော်လည်း အဆင်မပြေသည့်အတွက်ဖြစ်ကြောင်း
၎င်းက ထပ်မံရှင်းပြသည်။

ဗထူးအားကစားကွင်းကို မူလကငှားရမ်းမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြား
ထားသော်လည်း ခရီးစဉ်ရက်နီးလာသောအခါ ငှားမရတော့သည့်အတွက် ရတနာပုံဘောလုံးကွင်း
နှင့်တောင်ခြေအားကစားကွင်းတို့ကို ငှားရမ်းရာတွင်လည်း အဆင်မပြေခြင်းဖြစ်ကြောင်း သတင်း
ရရှိသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့သို့ သွားရောက်မည့် ခရီးစဉ်မှာ စီစဉ်ထားသည့်အတိုင်း သွားရောက်မည်ဖြစ်ပြီး လူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစား
ကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။7 days  news