ဖဖေါ်ဝါရီ ၂၂၊ ၂၀၁၂
ယနေ့  မွန်းလွဲ ၁ နာရီပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန်
အဆိုကို ၎င်းအနေဖြင့်နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်
အဦတွင် ယနေ့နံနက်၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။
ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းထဲမှ
စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်း ကိုပါ ထည့်သွင်းပြောကြား သွားသည်။
မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ်တွင် သတ္တိ ဆိုသည့်
စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားသည်။ ဒီမိုကရေစီဘက်တော်သားဟု
ရဲရဲဝံ့ဝံ့ပြောဆိုခဲ့မှုများလည်းရှိခဲ့ပြီး လွှတ်တော်တွင် ပြတ်ပြတ်သားသားပြောသူဟု သတင်းများ
ထွက်ပေါ်နေသည်။