Saturday, February 25, 2012

မြန်မာနှင့် ကမ္ဘာကျော်သည့် မန္တလေး ဦးပိန်တံတား ပန်းချီကားသဖွယ်ရှု့  မြင်ရသည်။

 ၂၅-၂-၂၀၁၂
အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံ တက္ကသိုလ်  ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတား
သည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး ကျွန်းသားတံတားဖြစ်သည်။ တံတားဆောက်လုပ်သောနှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ (၁၂၁၁)ဟု၎င်း၊ ပြီးစီးသည့်နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး (၁၂၁၃)ဟုလည်း မှတ်သားထားကြသည်။ တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(န၀ အဋ္ဌဇယမောင်ပိန်) အခန်း
ပေါင်း ၄၈၂-ခန်းရှိခဲ့သည်။ တံတားအရှည်မှာ (၃၉၇၆)ပေ ရှည်၏။ နားနေဇရပ် လေးဆောင်ရှိပြီး ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် ဖောင်ကြောင်း ကိုးခုကိုလည်း စီစဉ်ထားရှိလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတားရေမြှုပ်ကာ
အခန်းအချို့ ပျက်စီးသွားခဲ့ရာ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြင်ဆင်ခဲ့သည်။
 ၁၉၇၃-ခုနှစ်ကလည်း အခန်းရှစ်ဆယ်ကျော် ရေမျောသွားခဲ့သည်။ ထိုစဉ်က မဟာဂန္ဒရုံ
ဆရာတော်  အရှင် ဇနကာဘိဝံသ ဦးဆောင်၍ အမရပူရမြို့နယ် ပြည်သူလူထုနှင့် ပြုပြင်ခဲ့သည်။