Saturday, February 11, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးစည်းရုံးရေးခရီးစဉ် ကရင်တိုင်းရင်းသားများနှင့် ဒေသခံများက တစ်ခဲနက်ကြိုဆိုခဲ့ကြသည်

 ၁၁-၂-၂၀၁၂                                                                                                                 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ဒီအဖွဲ့နဲ့ တွေ့ရတဲ့အခါမှာ တစ်ခါမှ မတွေ့ရဖူးသေးတဲ့သူတွေ ဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးလည်းရှိပါတယ်။ မိသားစုတွေလိုပဲဖြစ်တဲ့အခါကျတော့ ကျွန်မတို့ ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ် စဉ်းစားမိ ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးက အတူတူပါပဲ။ တန်းတူညီတူနဲ့ သွေးရင်းညီအစ်ကို   မောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့ နေရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိတယ်။ အတွေးအမြင်တွေကလည်း တော်တော်တူပါတယ်။ အဲဒီလို တိုက်ဆိုင်မှုတွေ သိပ်များတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်မကို လာဖို့ဖိတ်ထားတဲ့အတွက် ကျွန်မကလည်း သွားဖို့ အများကြီးဆန္ဒရှိတယ်။ အစောဆုံးသွားနိုင်တဲ့အချိန်မှာ သွားချင်တယ်။ သွားနိုင်တဲ့အချိန်မှာ သွားမှာ ဖြစ်ပါတယ်။ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံးနောင် လည်း ဒီလိုလက်တွဲပြီးတော့ အတူလမ်းလျှောက်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုပါတယ်''ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
"အတန်းပညာတွေ ဘယ်လောက်မြင့်မြင့် ကိုယ့်အတွက်ပဲလုပ်ပြီးတော့ သူများကို လှည့်မကြည့်တဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မရဲ့အမြင်မှာတော့ ဒီလိုပုဂ္ဂိုလ်မျိုးက တကယ်တော့ တန်ဖိုးမမြင့်ဘူးလို့ မြင်ပါတယ်။ သူဘယ်လောက်ပဲ အတန်းပညာတတ်တတ်၊ ပစ္စည်းဥစ္စာ ချမ်းသာ  ချမ်းသာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ ဒေသအတွက်၊ ကိုယ့်ရဲ့နိုင်ငံအတွက် မစဉ်းစားဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် စဉ်းစားတဲ့လူဆိုတာ အင်မတန်မှ ကျဉ်းမြောင်းပါတယ်"

(ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် မိန့်ခွန်းမှ ကောက်နုတ်ချက်)