Tuesday, February 14, 2012

အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီးအဖွဲ့ နဲ့ ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းတွေ့ ဆုံ

 ၁၄-၂-၂၀၁၂
ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ ရလဒ်ကိုကြည့်ကာ
  မြန်မာပြည်အတွက် ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး တိုးမြင့် လုပ်ဆောင်ပေးသွားမယ်လို့ မြန်မာနိုင်ငံကို
ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs က
ပြောသလို အစိုးရအနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို တရားမျှတစွာ ကျင်းပနိုင်ဖို့ကိုလည်း စီစဉ်ထားတဲ့အကြောင်း  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး အစီအစဉ်တွေက အောင်မြင်နိုင်တယ်လို့ လူတိုင်းက ယုံကြည်ထားပါတယ်။ အကြောင်းက မြန်မာနိုင်ငံသားတွေ အနေနဲ့  ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ကို လိုလားကြလို့ပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့လည်း ဒီ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လက်ရှိစွမ်းအားနဲ့ စတင် လုပ်ဆောင်ဖို့  အဆင်သင့် ရှိကြပါတယ်။”ဒါ့အပြင် ပညာရေး၊
ကျန်းမာရေးနဲ့ လယ်ယာစိုက်ပျိုးရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍသုံးရပ်နဲ့ ပတ်သက်လို့
ဆွေးနွေးတဲ့အပိုင်းကိုလည်း ရှင်းပြသွားပါတယ်။
မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲမှုတွေကို မှန်မှန်ကန်ကန်နဲ့  ရှေ့ ဆက်တိုးတက်အောင်လုပ်ဖို့ နဲ့  လူတိုင်း
လူတိုင်း မျှတတဲ့  လူ့ အခွင့်အရေးရှိဖို့ လိုအပ်တယ်လို့ လည်း တောင်းဆိုခဲ့ပါတယ်။