၂၅-၂-၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနား ခရီးစဉ် အောင်မြင်စွာ
ပြီးဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀
မိနစ်ခန့်တွင် မြစ်ကြီးနားမြို့၌ MacWill အပါအဝင် အင်တာနက်လိုင်းများ
ပြန်လည် အသုံးပြု၍ ရရှိနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်း ထောက်က
သတင်းပေးပို့သည်။
ပထမဆုံး ပြည်နယ်တစ်ခုသို့ စည်းရုံးရေးဆင်းသည့်
ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ် မတိုင်မီ ၂ ရက်ခန့်ကပင်
မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ပြီး
ခရီးစဉ်တစ် လျှောက် လိုက်ပါသတင်းရယူသည့် သတင်းထောက်များ အသုံးပြုသည့်
MacWill (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အင်တာနက် အသုံးပြု၍
မရခဲ့ကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။