Tuesday, February 28, 2012

ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ဦးတင်ရီ ၏ တရားဆွဲဆိုမှု မှန်ကန်မှုမရှိ အဖျက်သဘောသာဖြစ်သည်

 ၂၈-၂-၂၀၁၂
ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီ ကနေ ဒေါ်အောင်ဆန်းစုကြည်
အပေါ် ကန့်ကွက်လွှာ ခရိုင်ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တာပါ။ ဒါပေမဲ့ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးက ပယ်ချခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်း
 ကော်မရှင်ကို ထပ်မံ တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကန့်ကွက်ချက်အပေါ် NLD ဘက်ကနေ
ဒီကနေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ပြန်ပြီး ချေပလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ပိုက်ဆံတွေ ရှိတယ်ပေါ့။
 အဲ့ဒီပိုက်ဆံတွေကို အစိုးရကို မကြေညာဘူး။ အဲ့ဒီစွပ်စွဲချက်တစ်ခု။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က ဖြေရှင်းချက်အရ လုံးဝ မှားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငွေကြေးနိုင်ငံခြား
မှာ တပြားတချပ်မှ မရှိဘူး။ ရရှိတဲ့ ဆုကြေးတွေကိုလည်း လူမှုရေး ဖောင်ဒေးရှင်းတွေကို တခါတည်း လွှဲပေးလိုက်တော့ သူ့မှာ ဘာမှ မရှိဘူး။ ဒုတိယတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်နိုင်ငံရဲ့ နေထိုင်ခွင့် ဂရင်းကဒ်ရတယ်လို့ စွပ်စွဲတယ်။ အင်္ဂလန်နိုင်ငံမှာ ဂရင်းကဒ်စနစ်လည်း မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲ့ဒီအခြေအနေမှာ မရှိဘူး။ အဲ့ဒါပဲ ချေပခဲ့တာပါ။”
ဦးဥာဏ်ဝင်း ကဖြေကြားခဲ့တာဖြစ်ပါတယ်။
အခုလို ပြည်သူတွေကချစ်ခင်လေးစားကြသော အမျိုးသားခေါင်းဆောင်ကို မတရား မမှန်မကန်
တရားစွဲဆိုခြင်းဟာ အခြေအမြစ်မရှိပါဘူး ဂုဏ်သိက္ခာကိုညိုနွမ်းအောင်ဆောင်ရွက်တာဖြစ်သည့်
အပြင် သေသေချာချာ လေ့လာမှုအားနည်းသောကြောင့် အကြောင်းအရာတွေကို မသိထားမှုကြောင့်
တဘက်သူမှာနစ်နာမှုတွေအများကြီးရှိပါတယ်။ဒီအမှုဟာ ကမ္ဘာကပါဖတ်ရှုကြတာကြောင့် ထင်ရောင်
ထင်မှာဖြစ်စေသည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို အနှောင့်အယှက်ဖြစ်အောင်
ဆောင်ရွက်ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးများကို နေရာအခက်အခဲဖြစ်
အောင်ဆောင်ရွက်ခြင်း ဌားရန်းထားပြီးမှဖျက်သိမ်းခြင်း စီစဉ်ထားသောနေ့ ရက်များပျက်ပြားရခြင်း
စသည့်အခက်အခဲများနှင့် တွေ့ ကြုံခဲ့ရသည်။ ပြည်သူလူထုမှ စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို
ထူထောင်လိုသောကြောင့် အမှန်တရားကိုအားပေးကြပြီး ဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေး
၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးတို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အားထား
ကြကာ ပြည်နယ်စည်းရုံးရေးခရီးစဉ်ကို သောင်းသောင်းဖျဖျကြိုဆိုကြသည့်အပေါ်တွင်လည်း မနာလို
စိတ်များထားသည့်အတွက် ယခုလို မဟုတ်မမှန်လုပ်ကြံဇတ်ခင်းသော တရားစွဲဆိုမှုသည် ခိုင်လုံသော
အထောက်အထားမရှိဘဲ အဖျက်သဘောသာဖြစ်ပေသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ထပ်မံ တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကန့်ကွက်ချက်အပေါ် NLD ဘက်ကနေ ဒီကနေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ပြန်ပြီး ချေပလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။