Monday, February 13, 2012

လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့  ဂုဏ်ပြု

Photo by Aung Zaw 

ဖေဖော်ဝါရီ (၁၃) မှာ ဗိုလ်ချုပ်မွေးနေ့ပါ..13.2.2012  ဗိုလ်ချုပ်မွေးနေ့ အတွက် အမှတ်တရ
မွေးနေ့ကိတ်  Photo by Ko Pauk Pauk
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖေါ်ဝါရီလ ၁၃ ရက် မွေးနေ့ ကို 
ပြည်သူများ ချစ်ခင်လေးစားစွာဖြင့် မမေ့မလျော့ အောင့်မေ့တမ်းတ လျက်ရှိပါသည်။  

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့        (ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရုံးခန်းတည်ရှိရာ အမှတ် ၁၀၁ ဘီ၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အရှင်ဆန္ဓာဓိက၊စာပေနှင့် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးဆိုင်ရာများကို ပြောကြားခဲ့ကြသည်။
 
ဗိုလ်ချုပ်ရုပ်တူဝင်ပြိုင်မယ့် မြောက်ဥက္ကလာ ကိုသန့်နဲ့ ကျောင်းသား
ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို တွေ့ရစဉ်။ 


ပင်နီကိုယ်စီ သစ္စာတရားဖြင့် မြန်မာနိုင်ငံရေး စိတ်ဝင်စားလာကြသော စာပေ ဂီတ သဘင် ရုပ်ရှင် ကဏ္ဍပေါင်းစုံမှ စွယ်စုံအနုပညာရှင်များ


ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် သိန်းလေးဆယ်လှူဒါန်းပါဝင်ခဲ့သည့် ကမ္ဘာကျော် ဇာတ်မင်းသားဖိုးချစ်။
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် မိမိတို့ ၏ အနုပညာဖြင့်
စာပေ ဂီတ သဘင် ရုပ်ရှင် ကဏ္ဍပေါင်းစုံမှ စွယ်စုံအနုပညာရှင်များက မိမိတို့ ၏ အနုပညာကို လွတ်လပ်
ရေးရရှိအောင်ကြိုးပမ်းခဲ့သော ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုခြင်သော စေသနာမေတ္တာများ
ဖြင့် ပူးပေါင်းပါဝင်လာကြသည်ကို တွေ့ မြင်ကြရသည်။