ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)
တို့ တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်တွင် ယနေ့ ဇန်န၀ါရီလ ၂၈ရက် နံနက်
၁၀နာရီခွဲဝန်းကျမှ စပြီး တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ဦးအောင်သောင်းက
ဦးဆောင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ကို စ၀်ခေးတိုင်း ( ဒုတိယ
အထွေထွေအတွင်းရေးမှူးချုပ်၊ပါတီဗဟိုကော်မတီ)ကဦးဆောင်ပြီး
တွေ့ဆုံဆွေးနွေးလျက်ရှိ ကြောင်းသိရပါသည်။