Monday, January 16, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်
နိုင်ငံရဲ့ Legion of Honor အမြင့်ဆုံး
ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်



၁၅-၁-၂၀၁၂
ပြင်သစ်နိုင်ငံခြားရေးနှင့်ဥရောပရေးရာဝန်ကြီးမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
Commandeur de la legion d'Honor ဆုကို ယနေ့ည ၇း၃၀အချိန်ကဒဂုံမြို့နယ်၊ ပြည်ထောင်စု
ရိပ်သာလမ်းရှိပြင်သစ်နိုင်ငံသံရုံးတွင် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒီဆုဟာ ပြင်သစ်နိုင်ငံရဲ့
Legion of Honor အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ဒေါ်အာင်ဆန်းစုကြည်နဲ့ ဖုန်းစကားပြောခဲ့စဉ်မှာ ဒီ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်မယ့်အကြောင်း ကြိုတင် ပြောကြားခဲ့ပါတယ်။