တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ မဂ္ဂင်ကျောင်းတိုက်ဖြစ်ပါတယ်။ ကျောင်းတိုက်ဆရာတော်
ဦးက္ကန္ဒက နှင့် ဆရာတော် ဦးဂမ္ဘီရ တို့ ဒီနေ့မှာလာရောက် သတင်းစတင်သုံးနေပါတယ်။
နအဖလက်ထက် ဖျက်ဆီးခံခဲ့ရတဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ လက်ရှိလည်း တွေ့ မြင်ရသောပုံများ
က၀မ်းနည်းကျေကွဲစရာပါ စေသနာရှင်အလှူရှင်များ လိုအပ်နေပါသည် ကုသိုလ်ဒါနပြုကြပါ။
ဆရာတော်၂ ပါးလုံးပြောဆိုတာကတော့ ထောင်ထဲမှာ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်း
သားတွေကျန်ရှိေ နကြောင်းနဲ့ ငြိမ်းချမ်းတရားကိုသာ လက်ကိုင်ထားပြီး ဆောင်ရွက်စရာရှိတာ
များကို ဆက်လက်ဆောင်ရွက်သွားပါ့မယ်လို့ မိန့်ကြားခဲ့ပါတယ်။(ဆရာတော် ဦးဂမ္ဘီရ သည်
မနက်ဖန်မနက် (၉)နာရီမှာကျင်းပမည့် မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိ တဲ့ ခရစ်ယာန်ဘုရား
ကျောင်းမှာ ဘာသာကြီး(၄)ခုဆုတောင်းပွဲကိုတက်ရောက်မှာဖြစ်ပြီး၊အဲ့ဒီေ နာက်ဇန္န၀ါရီလ
(၂၂)ရက်နောက်ပိုင်း မှာတော့ ဆရာတော်ဦးဂမ္ဘီရသည် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်
ဘက်သို့ ငြိမ်းချမ်းရေးခရီးစဉ်ထွ က်ခွါမှာဖြစ်ကြောင်းပြောကြားခဲ့ ပါသည်




