Friday, January 27, 2012

ရွှေည၀ါဆရာတော်ကြီးကိစ္စ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကူညီမည်

 26-1-2012
မန္တလေးတိုင်း၊ အန်အယ်ဒီရုံးတွင် သြ၀ါဒပေးမှုကြောင့် ကျောင်းတိုက်မှ တစ်လအတွင်း ဖယ်ရှားရန် 
အမိန့်ချမှတ်ထားသည့် ရွှေညဝါ ဆရာတော် ဦးပညာသီဟအရေးအတွက် အန်အယ်ဒီမှ ကြားဝင်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။“အန်အယ်ဒီရုံး တစ်ရုံးမှာ တရားဟောတဲ့ သံဃာတော်မှာ 
ဒီလိုကိစ္စ ဖြစ်ပွားတာ အန်အယ်ဒီနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ကြားဝင်ဆောင်ရွက် ရတာပါ”ဟု 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးက ပြောကြားသည်။
ယင်းကိစ္စရပ်နှင့် ပက်သက်၍ အန်အယ်ဒီမှထားရှိသည့် သဘောထားကြေငြာချက်ကို နိုင်ငံတော်
သံဃမဟာနာယက အဖွဲ့ထံ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။