30-1-2012
ထားဝယ်- ဇန်န၀ါရီ ၂၉နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံ
ရေးခရီးစဉ် ထွက်ခွာသောဒေါ်အောင်ဆန်းစုကြည်က လူထုသို့ ရွေးကောက်ပွဲဝင်ရခြင်း၏ အကြောင်းအရင်းကို ပြောကြားခဲ့သည်။“ ဒီမိုကရေစီကိုထူထောင်နိုင်တယ်ဆိုတာ ပြည်သူက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့၊ကျွန်မတို့က ရွေးကောက်ပွဲဝင်တယ်ဆိုတာ ကျွန်မတို့ ဘာလုပ်ပေး မယ်လို့မပြောဘူး။ ပြည်သူတွေကိုလုပ်ပိုင်ခွင့်ရအောင်ကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်။
ပြည်သူတိုင်းအတွက်တိုးတက်အောင်၊ပြည်သူတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးနိုင်ဖို့ အတွက်၊ ပြည်သူတွေအကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့အတွက် ၊ ပြည်တွင်းငြိမ်းချမ်းရေး၊
ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင်လုပ်ဖို့အတွက် ရွေးကောက်ပွဲဝင်တာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က လောင်းလုံးတွင်ကြိုဆိုနေသောဒေသခံပြည်သူများသို့ပြောကြားခဲ့
သည်။
ထားဝယ်မြို့မှ လောင်းလုံး သို့သွားသောလမ်းတစ်လျှောက် နေရာလပ်မရှိရအောင် ကြိုဆိုသူများဖြင့် ကြက်ပျံမကျစည်ကားနေသည် ။ကျေးရွာများမှ ဒေသခံများမှာလည်း ကားစီးလုံးပြတ်များ ငှားရမ်းကာ
လိုက်ပါ အားပေးနေကြပြီး ၊ရာနှင့်ချီသော ဆိုင်ကယ်များမှာလည်း ယာဉ်တန်းနောက်မှလိုက်ပါလျှက်
ရှိသည်။