၃၀-၁-၂၀၁၂
မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ဟာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်္ကာပူနိုင်ငံကို သမ္မတရဲ့
ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့မှာ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ နေထိုင်မှာ
ဖြစ်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်နဲ့အတူ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် ၀န်ကြီးကတော်များ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များ ပါလာကြပါတယ်။စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး
အစီအစဉ် နားလည်မှုစာချွန်လွှာကိုလည်း သမ္မတကြီး ဦးသိန်းစိန်နဲ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien
Loong လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စင်္ကာပူနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းများ နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဘဏ်လုပ်ငန်းများ
ရင်းနှီးမြုတ်နှံဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ
မှာ နိုင်ငံတကာက ရင်းနှီးမြုတ်နှံမှုတွေ ခြေလှမ်းသွက်လာနေကြပါတယ်။ဘယ်လောက်အထိ
ဥပဒေက အာမခံနိုင်မယ်ဆိုတာ တိတိကျကျမရှိသေးပါဘူး။ဒီမိုကရေစီမှာ အခြေခံဥပဒေခိုင်မာ
မှုက အဓိကကျပြီး ဥပဒေစိုးမိုးမှုရှိမှသာ လုပ်ငန်းရှင်တွေကို ဥပဒေက အကာအကွယ်ပေးနိုင်
မည်ဖြစ်ပေသည်။