ဇန်န၀ါရီ ၂၅- ၂၀၁၂
မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ပါကစ္စတန် သမ္မတာ မစ္စတာ ဇာဒါရီ ဟာ မြန်မာ့ဒီမိုကရေ
စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ နေ့ လည် ၂ နာရီမှ ၃ နာရီခွဲ
အထိ ရန်ကုန်မြို့ 
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်နိုင်ငံရဲ့ 
ဂုဏ်ထူးဆောင် "ရှာဟိဒ် ဘန်နာဇီယာဘူတို" ဆုကို ပေးအပ်ခဲ့ပါတယ်။ လုပ်ကြံခံခဲ့
ရသူ ပါကစ္စတန်
ဝန်ကြီးချုပ်ဟောင်း ဘန်နာဇီယာဘူတို အား ရည်စူးသောအထိမ်းအမှတ်ဖြင့် ပေးအပ်
တဲ့ ဒီဆု ကို
ပါကစ္စတန် သမ္မတ ကိုယ်တိုင် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
"ကျွန်မတို့ နိုင်ငံထဲက မိသားစု
တွ ဒုက္ခခံစားနေရတာတွေကို တတ်နိုင်သမျှရပ်တန့် အောင်လုပ်ချင်ပါတယ်"
ဟု ဒေါ်အောင်ဆန်း
စုကြည်က ဆုပေးပွဲ အတွင်းမှာ ပြောခဲ့ပါတယ်။ နေရာအနှံ့အပြားမှာရှိတဲ့ မိသားစုတွေနဲ့ 
လူသားတွေ
ကိုဘေးကင်းလုံခြုံခိုင်မာတဲ့ တန်ဖိုးတွေနဲ့ စောင့်ရှောက်နိုင်မယ့် နေ့ တနေ့ ကို နှစ်နိုင်ငံကြားပူးပေါင်း
ဆက်ဆံမှုတွေပိုပြီး နီးနီးကပ်ကပ်လုပ်ဆောင်နိုင်တဲ့အခါ ရောက်လာဖို့ မျှော်လင့်တယ်လို့ဒေါ်အောင်
ဆန်းစုကြည်
က ပြောခဲ့ပါတယ်။ ပါကစ္စတန်သမ္မတ ဟာ အဂါင်္နေ့ က မြန်မာသမ္မတဦးသိန်းစိန်
နဲ့ နေပြည်တော်မှာ တွေ့ ဆုံပြီး
နှစ်နိုင်ငံကြားရင်းနှီးမြုပ်နှံမှု အခွင့်အရေးတွေ နဲ့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်ဖို့ အရေးတွေကို
ဆွေးနွေးခဲ့ပါသေးတယ်။
BURMA VJ— with Mg Oo.