Saturday, October 8, 2011

နိုင်ငံရေး အကျဉ်းသား( ၂၀၀ဂ)နှစ်ထောင် မကြာမီလွှတ် ပေးမည်။ ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ နိုင်ငံရေးအရ ကြို ဆိုပါမည်ဟု ဦးရွှေမန်း ပြောဆို

 နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ ဝင် နိုင်ငံခြားရေး ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲ
သည် ၇ ရက် ၁၀ လ ၂၀၁၁ နေ့ က မြန်မာ အစိုးရ၏ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့်
နေပြည်တော်တွင် သွားရောက် တွေ့ ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင်များမကြာမီရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်း
သား(၂၀၀ဂ) နှစ်ထောင် လွှတ် ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေရုပ်မြင်သံကြား 
ဌာန တခု ဖြစ်သည့် .nrk မှ ပြသသွားသည်။

ဦးရွှေ မန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ဝေ ၀န်ကြီးမှ နားမလည်သဖြင့်
ပြန်လည်မေးမြန်းရာ -မကြာမီ ရက်ပိုင်း အတွင်း ပေါ့ ။အကောင်အထည်ဖော်မှာ ပါဟု ပြန်လည်
ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရကြို ဆိုပါမည်လား ဟု ထပ်မံမေးမြန်းရာတွင် 
-- ရှိနိုင်ဖို့ အခွင့် အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ အဲလို ပေါ်လာမယ်ဆိုရင်လည်း မိမိတို့  
ဘက်မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုမည်ဖြေစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။


ဟစ်တိုင်မှ ကူးယူဖေါ်ပြသည်။

Norwegian deputy Foreign minister & Myanmar pro democray
Daw Aung San Suu Kyi meet to har house.

နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ ဝင် ဒု နိုင်ငံခြားရေးဝန်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲ
သည် ၈ ရက် ၁၀ လ ၂၀၁၁ နေ့ တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိ၏နေအိမ်တွင် တွေ့ ဆုံခဲ့သည်။

စာဖတ်ခန်း



   မြန်မာနိုင်ငံမှာ ကလေးငယ်တွေနဲ့ လူလတ်တန်းစားများ အသိဥာဏ်ပညာ တိုးတက်စေဘို့ 
စာဖတ်ပညာဟာ အရေးကြီးတဲ့ အလေ့အကျင့်ကနေလာတာဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အချိန်
ထဲက ကလေးငယ်များ စာဖတ်ဝါသနာပါအောင် ပုံကလေးတွေပါတဲ့ စာအုပ်တွေကိုအသုံးပြု
ပြီး စိတ်ဝင်စားလာအောင် အလေ့အကျင့်ပြုလုပ်ပေးရပါတယ်။ မိမိ၏ ခလေးငယ်က ဘယ်စာ
ကို ဘာဝါသနာပါလဲဆိုတာကို ကလေး၏စိတ်ကြိုက်ရွေးဝယ်ပေးရပါတယ်။ ဥပမာ ကလေးက
အားကစားဝါသနာပါရင် အားကစားနဲ့ သက်ဆိုင်တဲ့ပုံပါတဲ့ စာအုပ်ကိုရွေးဝယ်ပါ။

ကလေး၏၀ါသနာပါစိတ်ဝင်စားမူ အားကောင်းလာပြီဆိုရင် လူကြီးလုပ်သူက လမ်းပြ၍ သွန်
သင်ပေးရပါတယ် စာဖတ်ချိန်မှာစာဖတ် အားကစားလုပ်ချိန်မှာအားကစား အနားယူချိန်မှာအ
နားပေးရပါတယ်။ ၃နှစ်မှ ၅ နှစ်အထိ ကလေးငယ်များဟာ မိဘ၏သွန်သင်မှုကို အတူယူတတ်
တဲ့ အလေ့အကျင့်ရှိတာကြောင့် အထူးသတိထားအားပေးသင့်ပါတယ်။ ၆နှစ်မှ၁၀ အရွယ်ဆိုရင်
မိမိကိုယ်ပိုင်ဆောင်ရွက်နိုင်တာကြောင့် ၀ါသနာပါရာ စာအုပ်များကို မိဘက၀ယ်ပေးပြီး အား
လပ်ရက်တွေမှာ ကလေးနဲ့ စကားပြောတဲ့အကျင့်ကိုလုပ်ကြရပါတယ်။ များသောအားဖြင့် 
ဖခင်ကို ချစ်တတ်တဲ့ကလေးများသောကြောင့် ဖခင်ကသင်ပြပေးတာကို အလေးထားတတ်
တဲ့အကျင့် ကလေးတွေမှာရှိလို့  ဖခင်ကသင်ပြတာ ပို၍တတ်လွယ်ပါတယ်။အချိန်ကို တနေ့ 
၂ နာရီထက်မပိုစေရပါဘူး။

ကလေးက အသက်ကြီးလာရင်တော့ ကလေးရဲ့ အသက်နဲ့ အသိဥာဏ်ပေါ် ကြည့်မြင်၍
သုံးသပ်ပြီးပို အဆင့်မြင့်တဲ့စာအုပ် တွေ၊ ဗဟုသုတ ပိုပြီးကြွယ်ဝစေမယ့် စာမွန်စာကောင်းတွေပါတဲ့
စာအုပ်တွေကို ၀ယ်ယူပေးရပါတယ်။  မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေ၊ စာအုပ်တွေ တင်မဟုတ်ပါဘူး
အခြားပစ္စည်း တွေရောပေါ့။ အွန်လိုင်း စနစ်နဲ့ ရောင်းချပေးနိုင်ရင်ကောင်းမယ်လို့ တွေးမိပါတယ်။
တိုးတက်တဲ့နိုင်ငံတွေမှာတော့ အွန်လိုင်းစနစ်ဟာ အောင်မြင်နေပါတယ်။

စာဖတ်ခြင်းဖြင့် ပညာဗဟုတုတ တိုးပွားသလို အသိဥာဏ်ပညာကို ထက်မျက်စေသည့်အပြင်
စာဖတ်ခြင်းဖြင့် ဦးနှောက်၏မှတ်ဥာဏ်ကို တိုးပွားစေပါတယ်။ ဦးနှောက်ကို အလုပ်ပေးခြင်းအား
ဖြင့် မေ့လျော့ခြင်း ရှုးသွပ်ခြင်း လေဖြတ်ရောဂါများကိုကာကွယ်နိုင်ပါတယ် ဂျပန်နိုင်ငံမှဆိုရင်
လေဖြတ်သူများ ပြန်လည်ကောင်းမွန်လာအောင် ဦးနှောက်လေ့ကျင့်ခန်းများပြုလုပ်ရာတွင် စာ
ခြင်း။လက်မှုပညာသင်ကြာပေးခြင်း။အားကစားလုပ်ပေးခြင်းတို့ ဖြင့် ဦးနှောက်ရောဂါသမားများ
ကို လေ့ကျင့်ပေးရာ အောင်မြင်လျက်ရှိပါတယ်။ဂျပန်နိုင်ငံမှာဆိုရင် သိပ္ပံပညာရှင်များ တိုးပွား
လာနေတာဟာ စာဖတ်ခြင်းကြောင့် ဖြစ်တယ်လို့ လေ့လာဖူးပါတယ်။

လူကြီးလူငယ်မရွေး စာဖတ်ခြင်းသည် ကျမ်းမာရေးဖြင့်ညီညွတ်ပြီး ဦးနှောက်ဥာဏ်ဖွင့်ဖြိုးစေကာ
မမေ့မလျော့တတ်စေသောကြောင့် အသက်ပင်ကြီးရင့်သောလည်း စိတ်အားဖြင့်အရာရာကို ဝေ
ဖန်သုံးသပ်နိုင်ခြင်း စာပေအမျိုးမျိုးကိုလေ့လာခြင်းအားဖြင့် စိတ်ပျိုကိုယ်နု၍ ကျမ်းမာရေးနှင့်ညီ
ညွတ်စေပါသည်။အဆင့်မြင့်စာပေစာအုပ်များကို ဖတ်ခြင်းအားဖြင့် အတွေးအခေါ်ပိုင်းဆိုင်ရာ
တိုးတက်စေပြီး ဝေဖန်ခွဲခြားဆုံးဖြတ်နိုင်သည့် အင်အားကို ရစေနိုင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် လူငယ့်ရေးရာ တာဝန်ခံ လူထု
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားရာတွင် “လူငယ်တွေ အနေနဲ့ ဗဟုသုတရှာကြပါ။ အဆင့်မြင့်တဲ့ ပညာတွေရအောင်လို့ ကြိုးစားကြပါ။ ဒီလို အဆင့်မြင့်တဲ့ပညာ
ရရှိမှ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် နေနိုင်မှာ ဖြစ်ပါတယ်။ ဆိုခဲ့
ဘူးပါတယ်။

နယ်ဆင်မင်ဒရဲလား၏ ကိုယ်ရေးအကျဉ်း Nelson Mandela biography

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra သမတသစ် ဦးသိန်းစိန်နဲ့ တွေ့ ဆုံခဲ့


ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ဟာ ၆ ရက် ဗုဒ္ဓဟူးနေ့ က မြန်မာနိုင်ငံကို 
ရောက်ရှိလာကာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး သမတသစ် ဦးသိန်းစိန်နဲ့ တွေ့ ဆုံ
ခဲ့ပါတယ်။

ဒီခရီးဟာ အိမ်နီးချင်း နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ရန် 
ရည်ရွယ်ကာ သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်းအစိုးရအဆိုအရ ထိုင်းမြန်မာ နယ်စပ်က 
ချစ်ကြည်ရေး တံတား ပြန်ဖွင့်ပေးဖို့  ဝန်ကြီးချုပ် ယင်လပ်က မြန်မာဖက်ကို တိုက်တွန်း
ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတံတားဟာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ ကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။ဒါအပြင်
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊ရွေ့ ပြောင်းအလုပ်သမားအရေးကိစ္စနဲ့ စွမ်းအင်ထုတ်လုပ်
ရေးတွေ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက် ဆွေနွေးခဲ့ကြတယ်လို့ ကြားသိရပါတယ်။

၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သူများ

                                    (l to r) Ellen Johnson-Sirleaf, Leymah Gbowee And Tawakkul Karman all received the 2011
                                         Nobel Peace Prize for their efforts in women's rights.
The Nobel Peace Prize is a coveted award that is normally awarded to one person for their 
efforts in securing the democracy and peace of the world.  Both Martin Luther King, Jr., and
 President Obama have received the award for their efforts to create peace  in society.  But
this year, there was such overwhelming spirit for women’s rights throughout the world that 
the Norwegian committee that awards the prize had to split it three ways.Three
female superheroes that stand for the liberation, self-preservation, and fair treatment of
women throughout the world were awarded the prize.  The recipients for this year’s award
are as follows.  The statement is excerpted from the Nobel committee’s announcement
These three women are truly phenomenal and it is wonderful to see them recognized with 
the world’s highest honor for their effort to make a difference.


၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို လိုက်ဘေးရီးယားနိုင်ငံက ထင်ရှားတဲ့ 
အမျိုးသမီး နှစ်ယောက် ဖြစ်တဲ့ သမတ Ellen Johnson-Sirleaf ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူ
Leymah Gbowee နဲ့  ယီမင် နိုင်ငံက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး Tawakkul 
Karman တို့  ပူးတွဲဆွတ်ခူးသွားခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် သုံးဦးဟာ အမျိုးသမီး
တွေရဲ့ အခွင့်အရေးနဲ့ လူ့ အခွင့်အရေးတွေရရှိအောင် အကြမ်းမဖက်တဲ့နည်းနဲ့  ကြိုးပမ်း
ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သူတွေဖြစ်လို့  ငြိမ်းချမ်းရေး နိုဘယ်ဆုကိုချီုမြင့်ခံရတာဖြစ်
ပါတယ်။

Friday, October 7, 2011

GW ၄ နှစ်ပြည့်အထိမ်းအမှတ်ပွဲ

လာမည့် တနင်္ဂနွေနေ့ တွင် (Hip Hop) အဆိုတော် ဇေယျာသော်ပါဝင်သည့် Generation
Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ဦးဆောင်ပြုလုပ်မည်ဖြစ်ပါသည်။
ဇေယျာသော်အပါဝင်အဖွဲ့ မှ ၆ ဦး ထိမ်းသိမ်းခံခဲ့ရပြီး ၃ ဦးပြန်လွတ်မြောက်ခဲ့ရာ  ၃ ဦး ကျန်ရှိနေပါသေးတယ်။ မျိုးဆက်သစ်လူငယ်များ၏ နိုင်ငံရေးလှုပ်ရှားမှုများကို စစ်အစိုးရ လက်ထက်က ပြင်းထန်သော အဖြစ်ဒါဏ်များ ချမှတ်ခဲ့ပြီး ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကတိပြုထားသော်လည်း ယနေ့ အချိန်အထိ ထိထိရောက်
ရောက် လွှတ်ပေးတာမျိုးမတွေ့ ရသေးပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ
တိုင်းပြည်နဲ့ လူမျိုးအတွက် မတရားတဲ့ပုဒ်မတွေနဲ့  ဖမ်းဆီးခြင်းခံထားရတဲ့ အနစ်နာခံ
နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးသင့်ပါပြီ။

GW ၄ နှစ်ပြည့်အထိမ်းအမှတ်ပွဲကို စမ်းချောင်းက သီရီမင်္ဂလာ ရန်အောင်ကျောင်းတိုက်မှာ ပြုလုပ်
မည်ဖြစ်သည်။နိုင်ငံရေးအကျဥ်းသားဟောင်းများစုပေါင်းပြီး ပထမ အကြိမ် ဦးတင်ဦး ဦးဝင်း
တင် ဒေါ်အောင်ဆန်းစုကြည် တို့ ၃ ဦးကို စုပေါင်းကန်တော့ကြမည်ဟု သိရှိရပါသည်။
၁၂ ရက်နေ. နေ့ လည် ၁၀ နာရီကနေ ၁၂ နာရီ အထိ ။

ဒေါ်အောင်ဆန်းစုကြည် တရားစခန်းဝင်မည်

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာ ယာယီ
တရားစခန်း ၀င်မည်ဖြစ်ကြောင်း၊ မည်သည့်နေရာတွင် တရားစခန်းဝင်မည်ကို အတိအကျ 
သတ်မှတ်ခြင်း မရှိသေးသော်လည်း ယခုရက်ပိုင်းမှ စတင်ကာ တွေ့ဆုံလုပ်ကိုင်ရမည့် ကိစ္စရပ်
များကို အပြီးသတ်လုပ်ဆောင်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အသိုင်း
အ၀န်းမှ သိရသည်။နေ့ စဉ်နှင့်အမျှ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အလေးထား
စဉ်းစားလုပ်ကိုင်နေရာ နားချိန်နည်းပါးနေပြီး စိတ်ပင်ပမ်းမှုများ ရှိနေသည်။ဒေါ်အောင်ဆန်းစု
ကြည်သည် နေအိမ်၌ နေ့စဉ် ၂ နာရီခန့် အချိန်ယူကာ တရားထိုင်သည့်အလုပ်ကို လုပ်နေသည်
ဟုလည်း သိရှိရသည်။

ခေါင်းဆောင် မတင်ထိုက်သူ ခြောက်မျိုး

မှတ်သားဖွယ်ရာ ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင
်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။


၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်
ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့ကဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာလာ
မလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။
အဲဒိလို လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ ၀ါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်း
ရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာ
ဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်
ယာက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး နဲ့တဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ
ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုးခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ 
သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့မယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်
ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထဲ့မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စား
တဲ့ လူစားမျိုး)

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ 
လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံး
ချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်
ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)  TRT

လွှတ်တော်၂ရပ်သို့ပေးပို့သော သမ္မတဦးသိန်းစိန် သ၀ဏ်လွှာ
အပေါ် ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သဘောထားကြေငြာချက်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယ အကြိမ်နိုဘလ်ငြိမ်းချမ်းရေးဆု လျာထားခံရတယ်လို့  သတင်းများထွက်ပေါ်နေ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ် အတွက်
ငြိမ်းချမ်းရေး နိုဘယ်ဆုကိုရရှိထားသူဖြစ်ပါတယ်။မြန်မာ့ဒီမိုကရေစီအရေးမှာ  ငြိမ်းချမ်း
စွာဖြင့် အသွင်ကူးပြောင်းရေးကို လိုလားသူအဖြစ် မြန်မာကရော ကမ္ဘာကပါ လက်ခံ
ထားသူတဦးဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ လွတ်လပ်မှု တရားမျှတမှု လူ့ အခွင့်အရေး
အပြန်အလှန်လေးစားမှု စတဲ့ စံနှုန်းတွေကို အလေးထားပြီး မြန်မာနိုင်ငံအတွက်ရော 
မြန်မာပြည်သူတွေအတွက်ပါ ထိခိုက်နစ်နှာမှုမရှိစေရန် အကောင်းဆုံးနည်းလမ်းဟာ
ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဘဲဖြစ်တယ်လို့  ဆိုထားပါတယ်။

ကမ္ဘာ့အလည်မှာလည်း နိုင်ငံတကာခေါင်းဆောင်ကြီးမျာက ဒီမိုကရေစီရဲ့  ပြရုဒ်ဖြစ်တယ်
လို့ ကမ္ဘာကလက်ခံထားသူဖြစ်ပါတယ်။ယနေ့ ခေတ်ရေစီးကြောင်းအရ ဒီမိုကရေစီနှင့်လူ့ အခွင့်
အရေးများကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ တောင်းဆိုနေမှု တွေတိုးပွားလာနေချိန်မှာ ဒေါ်အောင်
ဆန်းစုကြည်ကို နိုင်ငံတကာ နံမည်ကြီး သက္ကသိုလ်ကြီးများမှ Online ဆွေးနွေးပွဲများကို ပြုလုပ်
လျှက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်၏ ရိုးသားမှု ရဲရင့်တည်ကြည်မှု ဥာဏ်ပညာထက်မျက်မှု
အတွေးအခေါ်ရင့်ကျက်မှု အနစ်နာခံတတ်သူ စသော ဒီမိုကရေစီ စံနှုန်းတွေနဲ့  ပြည်ဝတဲ့ 
ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ ကမ္ဘာမှာ ထင်ရှားပါတယ်။

မြန်မာနိုင်ငံမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်သလို့  မြန်မာ့
ဒီမိုကရေစီအရေးမှာ တစိုက်မှတ်မှတ်နှင့် မိမိဘ၀ကို အနစ်နာခံကာ အာဃာတတရားကင်
စင်စွာဖြင့် တိုင်းပြည်၏အကျိုး တိုင်းရင်းသားလူမျိုးတို့ ၏အကျိုး တန်းတူညီမျှ လူ့ အခွင့်အရေး
ရရှိရေးတို့ ကိုကြိုးပမ်းကာ ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြိုး
ပမ်းအားထုတ်နေသောကြောင့် ပြည်သူများ၏ ကြည်ညိုလေးစားခြင်းကိုခံရပြီး လူထုခေါင်း
တဦးဖြစ်ပါတယ်။

ထို့ ကြောင့် ဒုတိယ အကြိမ်နိုဘလ်ငြိမ်းချမ်းရေးဆု လျာထားခံရတယ်ဆိုတာ မြန်မာနဲ့ ကမ္ဘာက
ဒီမိုကရေစီဖြစ်စဉ်တွေမှာ ငြိမ်းချမ်းစွာဦးဆောင်လမ်းပြ ကြယ်တပွင့်အနေဖြင့် ထင်ရှားစွာပြ
နိုင်ဖို့ အတွက် ဒုတိယအကြိမ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့်ထိုက်တန်သူအဖြစ် ကမ္ဘာက
ထောက်ခံအားပေးနေကြတယ်လို့  ယူဆရပါတယ်။

မျိုးဆက်သစ်လူငယ်များ ၄နှစ်မြောက် အထိမ်းအမှတ်


Thursday, October 6, 2011

အာရပ်နွေဦး တော်လှန်ရေးများနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆု

 အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှလှုံ့ ဆော်ခဲ့သူများမှာ ယခုနှစ် အောက်တိုဘာလ 
၇ ရက်နေ့ တွင် ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း
သိရသည်။ ယခုနှစ်တွင် ဆန်ကာတင်စာရင်း ၀င်သူ၂၄၁ဦးအထိရှိကြောင်း နော်ဝေနိုဗယ်ဆု
ရွေးချယ်ရေးကော်မတီကထုတ်ပြန်ခဲ့သော်လည်း စာရင်းဝင်သူများကို  ထုံးစံအတိုင်း 
လှို့ ဝှက်ထားခဲ့သည်။

တူနီးရှား၊ အီဂျစ်၊ လစ်ဗျားတို့ တွင် အာဏာရှင်အစိုးရများပြုတ်ကျစေခဲ့မှု၊ ဆီးရီးယား၊ ယီမင်၊ 
ဘာရိန်း တို့ တွင်ကန့် ကွက်မှုများဖြစ်ပေါ်စေခဲ့မှုတွင် အွန်လိုင်းမှ စတင်လှူံ့ ဆော်ခဲ့သူများ၏ 
အခန်းကဏ္ဍမှာ ကြီးမားစွာပါဝင်ခဲ့သည်။ နိုဗယ်ကော်မတီဥက္ကဌ သောဘ်ဂျိုယန်ဂျက်ဂ်လန်ကမူ “ဒီနှစ်အတွက်တော့ (ရွေးရတာ) သိပ်မခက်ပါဘူး။ငြိမ်းချမ်းရေးကို တန်ပြန်နှောင့်ယှက်နေတဲ့
အလားအလာတွေ အများကြီးရှိသလို အကောင်းဘက်ကိုသိသိသာသာရွေ့ ခဲ့တာတွေလည်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဂျက်ဂ်လန်သည် ၂၀၀၉ ခုနှစ်က နိုဗယ်ကော်မတီဥက္ကဌဖြစ်လာခဲ့ပြီးနောက် အငြင်းပွားဖွယ်
ရွေးချယ်မှုများအဖြစ် သမ္မတဖြစ်ကာစ ဘာရက်အိုဘာမား၊ နောက်တစ်နှစ်တွင် တရုတ်နိုင်ငံမှ အကျဉ်းကျနေသောအတိုက်အခံလျူကျောင်းပိုတို့ ကို ရွေးချယ်ရာတွင်ဦးဆောင်ခဲ့သည်။တူနီး
ရှားမှ ဘလော့ဂါအမျိုးသမီးလီနာဘင်န်မီနီ၊ အီဂျစ်မှ ဧပြီ ၆ လှုပ်ရှားမှုကို စတင်တည်ထောင်
သောဆိုက်ဘာလှုပ်ရှားသူများဖြစ်သည့် အစ္စရာအဘ်ဒယ်ဖာတာနှင့် အာမက်မာဟာ၊ အီဂျစ်မှ
ဂူဂဲလ်အမှုဆောင်တစ်ဦးဖြစ်သူ ၀ဲလ်ဂိုနင်မ်တို့ မှာ ဆုရရှိရန်အထူးရေပန်းစားသည်။

လီနာဘင်န်မီနီ အသက် ၂၇ နှစ်အရွယ်ရှိ ဘလော့ဂါအမျိုးသမီးသည် တူနီးရှားစံပယ်ဖြူတော်လှန်
ရေးကို Tunisia Girlအမည်ဝှက်ဖြင့်လှုံ့ ဆော်ပေးခဲ့သည်။ ဇန်န၀ါရီအတွင်း ဇိုင်အယ်လ်အဘီဒင် ဘီအလီအစိုးရ၏ ဖိနှိပ်မှုများကို ဖွင့်ချဖော်ထုတ်ခဲ့သည်။ ၂၃ နှစ်ကြာအုပ်စိုးသောဘင်အလီ နိုင်ငံမှ ထွက်ပြေးခဲ့ပြီး လှုပ်ရှားမှု အောင်မြင်ခဲ့သည်။ ထောင် ၆ နှစ်ကျခံခဲ့ရသည့် လက်ဝဲယိမ်းနိုင်ငံရေးလှုပ်
ရှားသူတစ်ဦး၏ သမီးဖြစ်သူလီနာသည် ၄င်း၏ဘလော့တွင် ၂၀၀၇ ခုနှစ်မှစပြီး နိုင်ငံတွင်း လူ့ အခွင့်အရေးချိုးဖောက်မှုများကို ရေးသားခဲ့သည်။ ၄င်းသည် တူးနစ်တက္ကသိုလ်တွင် အင်္ဂလိပ်စာ ဆရာမလုပ်နေသူဖြစ်သည်။

အစ္စရာအဘ်ဒယ်လ်ဖာတာနှင့် အာမက်မာဟာအသက် ၃၃ နှစ်ရှိ အမျိုးသမီးအစရာနှင့် အသက် 
၃၀ အရွယ်ရှိ အာမက်တို့ သည် အီဂျစ်တွင် ဧပြီ ၆လှုပ်ရှားမှုကို ပူးတွဲတည်ထောင်ခဲ့ပြီး မူဘာရက်
အစိုးရကို ကန့် ကွက်ရေးတွင် လူငယ်များနိုးထလာရေးလှုံ့ ဆော်နိုင်ခဲ့သည်။ တဟီရာရင်ပြင်၌ စုရုံးကန့် ကွက်မှုများဖြစ်ပေါ်ရာတွင် အဓိကဦးဆောင်မှုပေးခဲ့သည်။

ဝဲလ်ဂိုနင်မ်ဂူဂဲလ်၏အီဂျစ်အမှုဆောင်တစ်ဦးဖြစ်ပြီး အီဂျစ်တွင် “ဖေ့စ်ဘွတ်ခ်တော်လှန်ရေး”၏
ပြယုဂ်တစ်ယောက်ဖြစ်ခဲ့ကာ လူငယ်များကို လှုံ့ ဆော်ဦးဆောင်နိုင်ခဲ့သည်။ ၁၂ ရက်ကြာထိန်း
သိမ်းခံရပြီးနောက် ရုပ်သံဆွေးနွေးပွဲတစ်ခုတွင် ပြန်ပေါ်လာခဲ့ပြီး အထူးထင်ရှားခဲ့သည်။
နောက်တစ်ရက်တွင် တဟီရာရင်ပြင်သို့ ပြန်လာခဲ့ရာတွင်သူရဲကောင်းတစ်ဦးအဖြစ်ကြိုဆိုခံခဲ့ရ
သည်။

ရုရှားလူ့ အခွင့်အရေးအုပ်စု Memorial ကို ပူးတွဲတည်ထောင်သူ စဗက်လာနာဂန်နက်ရှ်ကီနာ
နှင့် အာဖဂန်အမျိုးသမီးများအခွင့်အရေးအတွက် တိုက်ပွဲဝင်သည့်ဆရာဝန်အမျိုးသမီး ဆီမာ ဆမ်မာတို့ လည်း ရေပန်းစားသည့်စာရင်းတွင်ပါဝင်သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ၁၉၀၁ ခုနှစ်
တွင် စတင်ချီးမြှင့်ခဲ့ရာ အမျိုးသမီး ၁၂ ဦးသာ ရရှိခဲ့ဖူးသည်။

 ငြိမ်းချမ်းရေးနိုဗယ်ဆုရရျိခဲ့သည့် အမျိုးသမီးများ

     ၁၉၀၅ - ဘာသာဘွန်ဆက်တ်နာ ( သြစတြီးယား - ဟန်ဂေရီ )
     ၁၉၃၁ - ဂျိန်းစ်အဒမ်စ် ( အမေရိကန် )
     ၁၉၄၆ - အီမီလီဂရီဘယ့်လ်ခ်ျ ( အမေရိကန် )
     ၁၉၇၆ - ဘက်တီဝီလျံ ( ဗြိတိန် )
     ၁၉၇၆ - မေရိဒ်ကော်ရီဂန် ( ဗြိတိန် )
     ၁၉၇၉ - မာသာထရီဇာ ( မက်ဆီဒိုးနီးယားနှင့် အိန္ဒိယ )
     ၁၉၈၂ - အယ်လ်ဘာမီရ်ဒယ် ( ဆွီဒင် )
     ၁၉၉၁ - ဒေါ်အောင်ဆန်းစုကြည် ( မြန်မာ )
     ၁၉၉၂ - ရီဂိုဘာတာမန်ချူး ( ဂွာတီမာလာ )
     ၁၉၉၇ - ဂျိုဒီဝီလျံ ( အမေရိကန် )
     ၂၀၀၃ - ရှီရင်အီဘာဒီ ( အီရန် )
     ၂၀၀၄ - ၀န်ဂါရီမာထိုင်း ( ကင်ညာ )
( By weekly ELEVEN  အတွဲ ၂၇၊ အမှတ် ၄  “အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှ လှုံ့ ဆော်ခဲ့
သူများငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေ” မှ ကူးယူဖော်ပြပါတယ် )

မြစ်ဆုံကိစ္စ ဗိုလ်ချုပ်ကြီးများ လဒ်စားမှု လွှတ်တော်တွင် ဖေါ်ထုတ်သင့်

  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က
လည်းမတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား
တွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန်
ထည့်သွင်းပြော ဆိုခဲ့ပါသည်။

 “လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်နေသူတွေ၊ ပြည်သူလူထုက
တိုင်ကြားသူတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်လို့ရနိုင်တဲ့နေရာဌာနတွေကို အဓိကထားပြီး စုံစမ်းဖော်ထုတ်နေပါတယ်။ လာဘ်ပေးလာဘ်ယူမလုပ်ဖို့လည်း မေတ္တာရပ်ခံထားတယ်။ လုပ်တဲ့သူတွေကိုလည်း သတိပေးထားတယ်၊ မလိုက်နာရင် လမ်းညွှန်ချက်တွေနဲ့ အညီအရေးယူ
သွားမှာပါ။ အရင်ကတည်းက လာဘ်ပေးလာဘ်ယူကိစ္စ တွေကို တားမြစ်အရေးယူပါတယ်။
အခုပိုပြီး တိတိကျကျလုပ်သွားဖို့ရှိပါတယ်” ဟုဝန်ကြီးဌာနတစ်ခုရှိ လာဘ်ပေးလာဘ်ယူ
တိုက်ဖျက်ရေး ဆိုင်ရာအဖွဲ့ဝင်တစ်ဦးကပြောကြား ပါသည်။

လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးက”
သန့်ရှင်း တဲ့အစိုးရတစ်ရပ် ဖြစ်ဖို့အတွက်ကတော့ အဂတိတရားကင်းရှင်းဖို့ လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခြင်းကြောင့်  မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိတာဝန်ယူရတဲ့ အဖွဲ့အစည်းအား လည်းကောင်း ကင်းကင်းရှင်းရှင်းရှိအောင် ထိန်းကျောင်းကြပ်မတ်သွား ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်က အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကို တလွဲ အသုံးချပြီး မိမိအပေါင်းအသင်းရောင်းရင်းတွေဖြစ်လို့
လုပ်ပိုင်ခွင့် ပိုပေးတာတွေ၊ မိမိရဲ့ဆွေမျိုးသားချင်းတွေဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေး
နေတာတွေ မလုပ်မိဖို့ အထူးအရေးကြီးပါတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ သန့်ရှင်းတဲ့အစိုးရ
အဖြစ် မှတ်ကျောက်တင်ခံကြရမှာ ဖြစ်ပါတယ်”ဟု သမတ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ 
တာတွေရပါတယ်။

မြစ်စုံစီမံကိန်းတွင် သဘောတူစာချွန်လွှာကိုလက်မှတ်ရေးထိုးပြီး တာဝန်ရှိသူစစ်အစိုးရအဖွဲ့ 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ ကို ဒေါ်လာ ၁.၃ ဘီလီယံနှင့်
နေပြည်တော်ဆောက်လုပ်ရေးအတွက် ဒေါ်လာ ၅ ဘီလီယံ ပေးခဲ့ရတယ်လို့  CPI တရုတ်
လျှပ်စစ် ကုမ္ပဏ္ဍီက ဖွင့်ချ ပြောဆိုခဲ့ပါတယ်။ ဒီအပြင် လဒ်ပေးလဒ်ယူများ နိုင်ငံတော်အုပ်ချုပ်
သူ ၀န်ထမ်းများတွင် အများအပြားရှိနေသောကြောင့် စစ်အာဏာရှင်စနစ်ကို ပြည်သူများက
ခါးခါးသီးသီး ဆန့် ကျင်ခဲ့ကြပါတယ်။
ဦးသိန်းစိန် ပြောဆိုခဲ့သည့် သန့်ရှင်းသောအစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်
ဖြစ်ရေးကို အကောင်အထည် ဖော်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးစီမံကိန်းများ ချမှတ်ရာတွင်
ရရှိမည့် အကျိုးအမြတ်၊  ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ပြည်သူလူထု သိရှိစေရန် ပွင့်လင်းလွတ်လပ်စွာဖြင့် လွှတ်တော်တွင် ဒီမိုကရေစီနည်းအရ တာဝန်ရှိသူများကို ခေါ်ယူ၍  ကြားနားပွဲများပြုလုပ် သင့်ပါတယ်။ ပြည်သူ့ လွှတ်တော်ဟု ခေါ်ဆိုရာတွင် တိုင်းပြည်အရေး ပြည်သူ့ အရေးများကို လွှတ်တော် တွင်ခေါ်ယူဆွေးနွေးကြသော အလေ့
အကျင့်သည် ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးလေ့ရှိပါတယ်။ပြည်သူများက ရွေးချယ်
တင်မြောက်ထားသော လွှတ်တော်အမတ်များအနေဖြင့်လည်း တိုင်းပြည်၏ အရေးကြီး လှသော မြစ်ဆုံစီမံကိန်းသည် လွယ်လွယ်ဖြင့်ပြီးစီးမည့်အခြေအနေမျိုးမဟုတ် နှစ်ရှည်အလေး
အနက်ထားဆောင်ရွက်ရမည့် အခြေအနေတွင်ဆိုက်ရောက်နေသောကြောင့် ပြည်သူများ သံတယကင်းရှင်းအောင်လွှတ်တော်တွင် ဆွေးနွေး၍ ပြည်သူများကို ရှင်းလင်းချပြရန် သမတကြီးနှင့် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိပါသည်။

တည်ဆဲဥပဒေများအရ ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူပြုခြင်းနှင့် ပတ်သက်၍
အရေးယူနိုင်သော ဥပဒေများမှာ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေးအက်
ဥပဒေနှင့် ရာဇသတ်ကြီးပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၄ နှင့် ၁၆၅
တို့ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသောဥပဒေများအရ သိရသည်။

သမ္မတအကြံပေးအဖွဲ့ဝင် တစ်ဦးကလည်း “သန့်ရှင်းတဲ့ အစိုးရအဖွဲ့ ဖြစ်ချင်ရင် လာဘ်ပေး
လာဘ်ယူကိစ္စနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ လိုကိုလိုအပ်ပါတယ်။ ဒါက လုပ်သင့်တဲ့ အနေအထားဖြစ်ပါတယ်။ မူဝါဒ တွေချပြီးချက်ချင်းအကောင်အထည် ဖော်မယ်ဆိုရင်
ဖော်လို့ရတယ်။ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့အတွက် သန့်ရှင်းတဲ့အစိုးရက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိရင်၊ သာတူ ညီမျှ အခွင့်အလမ်း
မရှိရင်၊ ယှဉ်ပြိုင် နိုင်စွမ်းမရှိရင်၊ မျှတတဲ့လူမှုစီးပွား ဘ၀မရှိရင် အကျင့်ပျက်ခြစားမှုတွေ များပြားနိုင်ပါတယ်လို့ ပြောဆိုထားပြီး ထိုလုပ်ငန်းစဉ်တွေကို အပြောသက်သက် မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြပြီး ပြည်သူများနှင့် ယုံကြည်မှုတည်ဆောက်နိုင်မှသာလျှင် သန့် ရှင်း သောအအစိုးဖြစ်လာမည်ဖြစ်ပါသည်။

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရုတ်ပြည်သွားမည်။

 သီဟသူရ ဦးတင်အောင်မြင့်ဦး
ဝတို့ မျက်နှာကိုလည်းထောက်ပါအုံး ပေါက်ဖေါ်ကြီးရယ်
ဝလာမှာပေါ့ ၀လည်းပြေးရတော့မယ်။

On the afternoon of 22 July 2005, Member of the State Peace and Development Council (SPDC) Quartermaster-General Lt-General Thiha Thura Tin Aung Myint Oo cordially received Ambassador Li Jinjun and Sr.cd Ma Shoudong,Military Attache at Zeyathiri Beikman Hall on Konmyinttha. They deeply exchanged views on further enhancing bilateral cooperation and friendship between the two countries and armed forces.

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် လာမည့်လလည်ပိုင်းအတွင်း တရုတ်နိုင်ငံ
နန်နင်းကုန်စည်ပြပွဲကိုသွားရောက်မည်ဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဇော်မင်းနဲ့ ၀န်ကြီးတချို့ ကိုခေါ်
ဆောင်သွားလိမ့်မယ်လို့  ပြည်တွင်းမှလာသော သတင်းများအရ သိရှိရသည်။ယခင် စစ်အစိုးရ 
လက်ထက်က စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူခဲ့သော ဦးတင်အောင်မြင့်ဦးသည် 
လာမည့် တရုတ်ပြည် ခရီးစဉ်တွင် ဧရာဝတီ မြစ်ဆုံကိစ္စကို တရုတ်အစိုးရနှင့် ညှိနှိုင်းဖွယ်ရှိပြီး လလည်ပိုင်းတွင် တရုတ်ပြည်သို့ သွားမည်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပါသည်။

တကယ်လိုချင်ရင် ရမှာပါမလွဲ

 If you want something badly enoughyou will get it.
မင်းတစ်ခုခုကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီဆိုရင် အဲဒါကို မင်းရမှာပါပဲ။
ဒါ မှန်ပါတယ်။ မင်းတစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် အဲဒါကို မင်းရပါလိမ့်မယ်။ 
လိုချင်တဲ့ ဆန္ဒဆိုတာ လွယ်လွယ်နဲ့ ရပ်မသွားနိုင်တဲ့ တွန်းအားတစ်မျိုးပဲလေ။မင်းရဲ့ ရည်မှန်းချက်နဲ့ 
ပတ်သက်လို့ စဉ်းစားကြည့်ပါဦး။
- အဲဒါကို မင်းဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး လိုချင်သလဲ။
- အဲဒါကိုရဖို့ မင်း အနစ်နာခံနိုင်၊ အပင်ပန်းခံနိုင်မလား။
- ဘယ်လို အခြေအနေမျိုးနဲ့ကြုံရင် မင်း လက်လျှော့လိုက်မှာလဲ။

မင်း တစ်ခုခုကို အမှန်တကယ် ဆိုးဆိုးဝါးဝါး လိုချင်လို့ရှိရင် နောက်ဆုတ်ဖို့ဆိုတာကို မင်းရွေးချယ်မှာ မဟုတ်ပါဘူး။ မင်းကို အကောင်းတကာ့အကောင်းဆုံးဖြစ်အောင်၊ မင်းရဲ့ စွမ်းဆောင်ရည်တွေကို မီးညှိပေးမှာက မင်းရဲ့ လိုချင်တဲ့ ဆန္ဒပါပဲ။ မီးတောက် သေးသေးလေးက အပူတွေအများကြီး မပေးနိုင်ဘူးဆိုတာတော့ မင်းသိပါတယ်။ ဒါပေမဲ့ ပိုကြီးမားတဲ့ ပိုပြင်းထန်တဲ့ မီးတောက်ကြီးကို ရဖို့အတွက်တော့ အဲဒီမီးတောက်သေးသေးကို လိုအပ်တာပါပဲ။

မီးတောက်ကြီးဆိုတာကတော့ မင်းရဲ့ စိတ်အားထက်သန် ပြင်းပြမှုပါ။ ဘယ်နေရာမျိုးမှာမဆို အကောင်းတကာ့အကောင်းဆုံးဖြစ်ဖို့ တောက်လောင်နေတဲ့ မင်းရဲ့ဆန္ဒပေါ့။
မင်းရဲ့ ဆန္ဒက ပြင်းထန်သလား မပြင်းထန်ဘူးလားဆိုတာ မသေချာဘူးဆိုရင်၊ မင်းရဲ့  ဆန္ဒကို ပိုပြီး ပြင်းထန်လာစေမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။

စာရွက်တစ်ရွက်ကို ယူလိုက်ပါ။ ပြီးတော့ မင်းရဲ့ ရည်မှန်းချက်ကို ဘာကြောင့်လိုချင်ရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို ချရေးလိုက်ပါ။ မင်းစိတ်ကူးလို့ရသမျှ ကောင်းကျိုးတွေအားလုံးကို ချရေးပါ။ အကြောင်းပြချက် များများပိုရလေ၊ မင်းရဲ့ လိုချင်တဲ့ဆန္ဒက ပိုကြီးမားလာလေလေပါပဲ။
မင်းရဲ့ရည်မှန်းချက်ကရမယ့် အကျိုးရလာဒ်စာရင်းကို နံနက်ခင်းတိုင်းမှာ ဖတ်ပါ။ ဒါဆို အဲဒီရည်
မှန်းချက်ဟာ တစ်နေ့ခင်းလုံး မင်းခေါင်းထဲမှာ စွဲနေပါလိမ့်မယ်။ ဒီတော့ မင်းဟာ ပိုပြီး
တက်ကြွလာမယ်၊ ပိုပြီး  စိတ်အားထက်သန်လာမယ်။

မင်းရဲ့ ရည်မှန်းချက်က ပိုကြီးမားလေ၊ အတားအဆီးတွေ ပင်ပန်းမှုတွေက ပိုများလေပါပဲ။
အဲဒါတွေကို မင်းကြောက်ချင်ကြောက်နေနိုင်ပါတယ်။အဲဒီလိုအခြေအနေမျိုးအတွက်
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားလေးတစ်ချို့ကို လက်ဆောင်ပေးချင်ပါတယ်။
( ကိုယ့် blog ဟာ နိုင်ငံရေး ဘလော့ဂ်မဟုတ်ပါဘူး။  ဒါ့ကြောင့် နိုင်ငံရေးနဲ့ပတ်သက်တာ
တွေကို ကိုယ် ရေးမှာလည်းမဟုတ်ဘူး။ မင်းရဲ့ အောင်မြင်ရေးလမ်းကြောင်းကိုသွားရာမှာ
အသုံးဝင်မယ့် နည်းလမ်းတွေကိုပဲ ကိုယ်က ပြောမှာပါ)
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားက ဘာလဲဆိုတော့ -
” မကြောက်အောင်ဆိုတာ ကိုယ့်မှာ ခံယူချက်တစ်ခုရှိရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။
ဒီလို စိတ်ဓာတ်တွေမွေးမှ ရမှာပဲ ”
ဟုတ်ပါတယ်။ မင်းရဲ့ ဆန္ဒက မပြင်းထန်ဘူးဆိုရင် အခက်အခဲလေးတစ်ခုကို တွေ့တာနဲ့
မင်းကြောက်ပြီး လက်လျှော့သွားမှာပဲ။ ဒီတော့ မင်းကြောက်တဲ့စိတ်ဓာတ် ပိုပြီးတော့ လုပ်ချင်တဲ့
စိတ်က များရမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ ကိုယ့်အတွက် တော်တော်လေး တွန်းအားဖြစ်ခဲ့ပါတယ်။

ကိုယ်နိဂုံးချုပ်ပါမယ်။
ဆန္ဒဟာ အောင်မြင်မှုလမ်းကြောင်းမှာရှိနေတဲ့ အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်တယ်။
ဆန္ဒဟာ တောင်တန်းကြီးတွေကို မြေမှုန့်လေးတွေဖြစ်အောင် လုပ်ပစ်နိုင်တယ်။
မင်းရဲ့လမ်းကြောင်းမှာ ဘယ်လိုအတားအဆီးတွေပဲရှိရှိ၊ ဆန္ဒက အဲဒီအတားအဆီးတွေကို ရွှေ့ပစ်နိုင်ပါတယ်။
ကိုးကား- The Law of Desire by Arina Nikitina
Hlyan Htet Oo

နေပြည်တော်ကောင်စီ၏ လူဖမ်း ထောင်ချပွဲကြီး

နေပြည်တော်မြို့တော်ဝန်ဦးသိန်းညွန့်
၂၀၁၁ စက်တင်ဘာလ (၂၃) ရက် နေပြည်တော်ဇဗ္မူသီရိမြို့နယ်၊ခရေအရာရှိကြီးများဝန်ထမ်း
အိမ်ရာ  ညသန်းခေါင် (၁၂) နာရီအချိန်မှာဧည့်စာရင်းစစ်ဆေးရန်ဟုဆိုကာနေပြည်တော် အမှတ်(၅)ရဲစခန်းမှရဲများနှင့်နေပြည်တော်ကောင်စီအဖွဲ့ဝက်များက၀ုန်းဒိုင်းကြဲအထိတ်တလန့် ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါသည်။ယင်းသို့ဝင်ရောက်စီးနင်းရာတွင်နေပြည်တော်Junction Centre ရှိအရာရှိကြီးတဦးပိုင်ဆိုင်သည့်ဖိနပ်အရောင်းဆိုင်မှအရောင်းဝန်ထမ်းမိန်းကလေး(၆)ဦးကို
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊လက်ထိပ်မရှိသောကြောင့်ထိုမိန်းကလေးများကိုသံကြိုးဖြင့်ချည်နှောင်
ပြီးနေပြည်တော်အမှတ်(၅)ရဲစခန်းသို့ခေါ်ဆောင် သွားခဲ့သည်။

နာက်တနေ့နံနက်တွင်နေပြည်တော်အမှတ်(၅)ရဲစခန်းမှပျဉ်းမနားမြို့နယ် တရားရုံးသို့ရုံးထုတ် 
ခဲ့ပြီး၊နေပြည်တော်ကောင်စီ၏အမိန့်ဖြင့်ထိုအရောင်းဝန်ထမ်းမိန်းကလေးငယ်များကိုရက်ရက် 
စက်စက်ထောင်ဟဏ်(၁၅)ရက်အပြစ်ပေးလိုက်ပါသည်။

အဆိုပါအရောင်းဝန်ထမ်းအမျိုးသမီးလေးများမှာဘွဲ့ရပညာတတ်၊မိကောင်းဖခင်၊အမျိုးကောင်း
သမီးလေးများဖြစ်ပြီး၊တနယ်တကျေးမှလာရောက်၍မိဘများကိုသမ္မာအာဇီဝဖြင့်ရိုးသားစွာရှာဖွေ
ကျွေးမွေး နေသူလေးများဖြစ်သည်။ထိုကဲ့သို့ရက်ရက်စက်စက်သားသမီးချင်းကိုယ်ချင်းစာနာ စိတ်မရှိဘဲထောင်ချရန်အမိန့်ပေးခဲ့သူမှာယခင်(နယ်စပ်စည်ပင်ဝန်ကြီး)ယခုနေပြည်တော်ကောင်စီ
ဥက္ကဌ၊ သမ္မတရုံး ၀န်ကြီး၊နေပြည်တော်မြို့တော်ဝန်ဦးသိန်းညွန့်ပင်ဖြစ်ပါသည်။ယခုကဲ့သို့တရား ဥပဒေကိုကျော်လွန်ပြီးအပြစ်မဲ့လုပ်သားပြည်သူများကိုထောင်ချဖမ်းဆီးနေခြင်းသည်ဒီမိုကရေစီ
နိုင်ငံတော်တည်ဆောက်ရေး အတွက်လွန်စွာမှဆိုးဝါးလှသော အဖျက်အမှောင့်လုပ်ရပ်ကြီး တ ခုဖြစ်ပြီး၊လူ့အခွင့်အရေးကိုပြင်းထန် စွာချိုးဖောက်နေခြင်းပင်ဖြစ်သည်။

ဘွဲ့ရပညာတတ်အမျိုးကောင်းသား၊အမျိုးကောင်းသမီးများကိုတော့ထောင်သွင်းအကျဉ်း
ချပြီး၊နေပြည်တော်နှင့် ရန်ကုန်မြို့ရှိအနှိပ်ခန်းမှမိန်းမပျက်များ၊ဘားလမ်းကားမှတ်တိုင်၊ပန်း
ဆိုးတန်းကားမှတ်တိုင်၊စံပြဈေးကားမှတ်တိုင်တွင်ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်နေကြသော
အကျင့်ပျက်ပြည့်တန်ဆာမလေးများနှင့်ဥပဒေဘက်တော်သားဟု ပြောပြောနေကြသော
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များ၊SB၊စအဖအစရှိသည့်ထောက်လှမ်း၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများ
ပျော်ပါးမြူးတူးကူးလူးဆက်ဆံနေကြသည်များကိုမြင်တွေ့မိသောအခါဝယ် ရင်ထဲတွင် 
နေအစင်းတစ်ရာမကပူလောင်ပြင်းထန် စိတ်နှလုံးနာပြီး ယူကျုံးမရဖြစ်ရပါတော့သည်။
(နေပြည်တော်ရှိ သတင်းထောက်တဦး၏ ရင်ဖွင့်စကားသံကို အောက်တွက်ဆက်လက်
ဖတ်ရှုနိုင်ပါသည်။)

"သူခိုးက လူကိုပြန်ဟစ်နေတဲ့ တရုတ်အစိုးရ"

ဒေါ်လာမြောက်များစွာကုန်ကျခံပြီး ရင်းနှီးမြှပ်နှံမှုလုပ်ထားတဲ့.....ဧရာဝတီမြစ်ဆုံဆည်ရပ်ဆိုင်းတာနဲ့
ပတ်သက်ပြီး သမ္မတ- ဦးသိန်းစိန်   ရပ်တန့်လိုက်ခြင်းဟာ-  အရင် (နအဖ) စစ်အစိုးရနဲ့ ၎င်း-တို့
အစိုးရဟာမတူကြောင်း  လက်တွေ့ပြသလိုက်သလို....တရုတ်အစိုးရကိုလည်း     အမှတ်မထင်   အနောက်ပေါက်နဲ့ရင်ဝတဲ့တဲ့ကို စောင့်ကန်လိုက်ခြင်းကိုလည်းပြသရာရောက်သည်။
ထို့ကြောင့်- တရုတ်အစိုးရအနေနှင့်ရင်းနှီးမြှပ်နှံသူများမှ ဒေါသူပုန်ထကာ ဥပဒေကြောင်းရာအရ 
 ရှင်းမည်ဟု စကားဆိုလာသည့်အပြင်- အောက်တိုဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံ ဟောင်ကောင် အခြေစိုက် ဖို့နစ်သတင်းဌါနမှ...လက်ရှိ- သမ္မတ ဦးသိန်းစိန်၏လုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံ၏
ယုံကြည်မှုကိုချိုးဖောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်အရေးယူမှ
နောင်တချိန်မှာတရုတ်မြန်မာဆက်ဆံရေးမှာ မြန်မာဘက်ကဆင်ခြင်နိုင်မယ်ဖြစ်တဲ့အကြောင်း၊
နောင်တချိန်မှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ရင် သေသေချာချာစဉ်းစားသင့်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ဂတိမတည်မှုဟာနိုင်ငံတကာထဲဝင်ဆန့်ဖို့ အရည်အချင်းမပြည့်မှီကြောင်း- မလေးစားထိုက်ကြောင်း၊ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းမိတ်ဆွေတယောက် ဆုံးရှူံးသွားတာထက်မပိုကြောင်းပြေဆိုသည်။
ဒီလိုမိတ်ဆွေမျိုးဟာ ယုံကြည်မှုနဲ့မထိုက်တန်ကြောင်း၊အိမ်နီးချင်းကောင်းမပီသတဲ့လုပ်ရပ်ဖြစ်ကြောင်း၊
ပြင်းပြင်းထန်ထန် အရေးယူ မနိုင်ရင် အခြားနိုင်ငံငယ်တွေကလည်း မထီမဲ့မြင် ပြုလာနိုင်ကြောင်း စွတ်စွဲပြောဆိုပြီး သူခိုးကလူကိုပြန်ဟစ်ပြခဲ့ပါတယ်။ ထို့အပြင်- ဧရာဝတီမြစ်ဆုံရေကာတာ ရပ်တန့် သွားခြင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကြီးပဲမဟုတ်သလို.အမေရိကန်ရဲ့ ပရောဂ ပါကြောင်းရမ်းသမ်း စွတ်ဆိုပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံသည် ၁၉၈၈ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီးသည့်နောက် တရားမဝင် စစ်အာဏာရှင်မြန်မာအစိုးရအား နည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ဆိုးကြီး သက်ဆိုးရှည်စေရန် အကူညီတွေကို လိုတာထက်တောင်ပံ့ပိုးကူညီမှုတွေပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာသောပြည်သူများ စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် အတိဒုက္ခ ရောက်နေတာကို သိလျှက်နဲ့ မသိကျိုးကျွန်ပြုပြီး၊  အာဏာရှင် အစိုးရမှန်းသိလျှက်နှင့် ရေတို-ကိုယ်ကျိုးစီးပွါးရေးတစ်မျက်ကိုသာကြည့်ပြီး   မြန်မာနိုင်ငံမှာ   ရင်းနှီးမှုတွေအမြောက်အများပြုလုပ်ခဲ့ ပါတယ်။ 

ဒီလုပ်ရပ်တွေဟာ   နှစ်နိုင်ငံရေရှည်အကျိုးစီးပွါးရေးကိုများစွာထိခိုက်စေသည့်အပြင်-
တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းကောင်းမပီသမှုကိုလည်း  ပြသရာရောက်ပါတယ်။  စစ်အစိုးရ
အောက်မှာ မြန်မာပြည်သူတွေဟာ ပြားပြားရောက်နေပြီး ပုန်မကန်နိုင်တော့ဘူးဆိုတဲ့အမြင်နဲ့
တရားမဝင်အစိုးရလက်ထက်မှာ အာမခံချက်မရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေလုပ်တဲ့ ကုမ္မဏီတွေ ကြောက်
လန့် လို့နေပါပြီ။ 

အခုပဲကြည့်ပါ...အောက်တိုဘာ၃ ရက်နေ့က တရုတ်- မြန်မာရေနံပိုက်လိုင်းတ
လျှောက်မှာရှိတဲ့ ဒေသတွေမှာ စာသင်ကျောင်း ၈ ကျောင်းဆောက်လို့ဖို့အတွက်China National
Petroleum Corporation က နေပြည်တော်မှာ အမေရိကန်ဒေါ်လာ ၁. ၃၂ သန်း လှူဒါန်းလိုက်
ကြောင်းကိုXinhua သတင်းမှာ ဖော်ပြလာတာကို ထောက်ရှုခြင်းအားဖြင့် တရားမဝင် စစ်အစိုးရ လက်ထက်မှာ ရင်းနှီးမြှပ်နှံမှုလုပ်ထားတာတွေဟာ သူတို့အတွက် ဘာအာမခံချက်မှမရှိဘူးဆိုတာ
သိပြီး လူမှုအထောက်ကူပြုလုပ်ငန်းကို ဗန်းပြပြီး ပျားရည်နဲ့ ဝမ်းချနေပါပြီ၊ဒီ- ဧရာဝတီမြစ်စုံရေ
ကာတာရပ်ဆိုင်းမှုကြောင့် တရုတ်အစိုးရဟာ သူ့ကိုယ်ကျိုးစီးပွါးရေးကို အများကြီးထိခိုက်သွားပါ
တယ်။

သူကောင်းကောင်း သဘောပေါက်သိရှိနေပါပြီး။ဒါကြောင့်...တရုတ်အစိုးရဟာမြန်မာအစိုးရကို
အိမ်နီးချင်းနိုင်ငံရဲ့ ယုံကြည်မှုကို ချိုးဖောက်တာ၊ ပြင်းပြင်းထန်ထန်အရေးယူမှ နောင်တချိန် မြန်မာ
ဘက်က ဆင်ချင်နိုင်မယ်၊ နောင်တချိန်ရင်းနှီးမြှပ်နှံမှုတွေလုပ်ရင် သေသေချာချာ စဉ်းစားသင့်
ကြောင်း၊တရုတ်နိုင်ငံအတွက် အိမ်နည်းချင်း မိတ်ဆွေတစ်ဦး ဆုံးရှုံးသာထက်မပိုကြောင်း၊ဒီလိုမိတ်ဆွေ မျိုးဟာ ယုံကြည်မှုနဲ့ မထိုက်တန်ကြောင်း  သူ့ကိုသူ ဂုဏ်သိက္ခာရှိတဲ့ အစိုးရသယောင်- ထင်ယောင် ထင်မှားနဲ့ စွတ်စွဲပြောဆိုနေခြင်းဟာ....သူခိုးက လူကိုပြန်ဟစ်နေတာနဲ့တူကြောင်း အများပြည်သူသိ
အောင် ရေးသားလိုက်ရပါသည်။
By Ko Baloi

တရုတ်ရင်းနှီးမြုတ်နှံမှု ဖွင့်ဖြိုးစနိုင်ငံငယ်များက NO,

 သဘာဝတောတောင်များဖျက်ဆီး၍ ဆောက်လုပ်ထားသည်။
SANKEI  NEWS TOKYO
စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ သမတ ဦးသိန်းစိန်သည် ၉ လပိုင်း အကုန်လောက်တွင် ကချင်ပြည်နယ်တွင်တရုပ်နှင့်ပူးပေါင်း ဆောက်လုပ်နေသော ရေအားလျှပ်စစ်
မြစ်ဆုံ ရေကာတာကြီးကို ရပ်ဆိုင်လိုက်သည်ဟု ကြေညာခဲ့သည်။ တရုတ်သည် ဒေါ်လာဘီလံပေါင်း များစွာကို ကူညီပံ့ပိုးခြင်း ရင်းနှီးမြုတ်နှံခြင်းများပြုလုပ်၍ တိုးတက်စနိုင်ငံများကို လက်ဝါးကြီးအုပ်ထားသော မြန်မာ လစ်ဗျား ဇာဗီးယား စသည့်နိုင်ငံများသည် အစိုးရအပြောင်းအလဲ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေး အပြောင်းအလဲတို့ တွင် ပြည်သူ့ ဆန္ဒ အလေးထားလာကြသည်ကိုမြင်တွေ့ လာရသည်။

မြစ်ဆုံဆည်သည် စစ်အာဏာရှင်များနှင့်တရုတ်အစိုးရတို့ အကြား စာချုပ်ချုပ်ဆိုခဲ့ကြပြီး တရုပ်အစိုးရပိုင် CPI ကုမ္ပဏ္ဍီက ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျခံ၍ ရင်းနှီးမြုတ်နှံခဲ့ရာ စစ်အာဏာရှင်တို့ က  လက်လွတ်စဖယ် တာဝန်ခဲ့ယူပြီး တရုတ်အစိုးရက လဒ်ထိုးခဲ့သောကြောင့် လက်ခံခဲ့ကြသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် အရပ်သားအမည်ခံ အစိုးရသစ်တက်လာပြီး နယ်စပ်ဒေသ ကာကွယ်ဆောင့်ရှောက်ရေး အသံများကြယ်လောင်လာနေကာ သမတ ဦးသိန်းစိန်သည် ပြည်သူ၏ ထင်မြင်ယူဆချက်များကို
ဖြေဆိုတတ်သူတဦးဖြစ်ပြီး ရေကာတာသည် သဘာဝပတ်ကျင်ကို ထိခိုက်စေနိုင်ပြီး သဘာဝအလှများ ပျက်ဆီးစေသည့်အပြင် ဒေသခံများ၏ စားဝတ်နေရေး ပျက်ဆီးဆုံးရှုံးရသည်ဟု ပြောဆိုပြီး စစ်အာဏာရှင် တို့ ၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည်။

ဒီကိစ္စနှင့်ပါတ်သက်၍ တရုတ်ပြောရေးဆိုခွင့်ရှိသူက ၁ ရက်နေ့ တွင် တရုပ်အစိုးရက CPI ကုမ္ပဏ္ဍီတွင် ထိုနိုင်ငံ၏ တရားဥပဒေရှိပြီး တာဝန်နှင့်ဝတ္တရားကို တာဝန်ယူရန်တောင်းဆိုထားသည်။ တာဝန်ရှိသည့် 
မြန်မာနိုင်ငံအနေဖြင့်လည်း တရားဝင်ဥပဒေကြောင်းအရ နစ်နာကြေးပေးဆောင်ရန် ဆွေးနွေးမည်ဟု
ပြောဆိုခဲ့သည်။ထိုသို့ သော တရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရေးမပျက်ပြားအောင် ဆွေးနွေးမှုဖြင့် လစ်ဗျားနိုင်ငံ ရေနံ ရရှိရေး အခွင့်လမ်းများ ကဒါဖီ ဆန့် ကျင်သူများကို ဖိတ်ခေါ်ခြင်းပြဿနာ။ ဆူဒန်နှင့်တာင် ဆူဒန်၏ရေနံ ရရှိရေးပြဿနာများ တို့ ပါဝင်သည်။

စီးပွားရေးတိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် ကမ္ဘာတလွှား သဘာဝရေနံများကို
လိုချင်မက်မောပြီး အထူးသဖြင့် အာဖရိကနိုင်ငံများကို တိုးဝင်ဆက်ဆံ၍ လဒ်ပေးလဒ်ယူ
ပြုလုပ်ကာ အစိုးရအဖွဲ့ ကို ဖြုတ်ချခဲ့ပြီး လူ့ အခွင့်အရေးများကို လစ်လှူ့ ရှုကာ ဒေသခံအလုပ်သမား
များကို မထီမျက်မြင်ပြု၍ ရိုင်းစိုင်းစွာ ဆက်ဆံခဲ့သည်။

၉ လပိုင်းနောက်ဆုံးအပတ် တရုတ်က သဘာဝတွင်းထွက်ကျောက်များကို လိုချင်သောကြောင့်
ဒေါ်လာ ၂ ဘီလီယံကျော်ကို အသုံးပြုခဲ့သည်။ တောင်အာဖရိက ဇာဗီးယားတွင် တရုတ်အစိုးရဆန့် ကျင်သော အတိုက်အခံ သမတဖြစ်လာပြီး ရှေ့ အစိုးရက တရုတ်အလုပ်သမား ၂ သောင်းကိုအသုံးချခဲ့သည် ဟုဆိုသည်။ အမေရီကန် သတင်းဌာန၏ ပြောဆိုချက်အရ အလုပ်သမားပြဿနာနှင့်ပါတ်သက်ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များက လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုထားသည်။တရုတ်စီးပွားရေး ရင်းနှီးမြုတ်နှံမှု များသည် သာမှန်ပြည်သူများအတွက်
မဟုတ်ဟု ဇဗီးယားလူမျိုး အလုပ်သမားများက ဆိုကြသည်။တရုတ်နှင့်အစိုးရကိုဆန့် 
ကျင်သံများလည်း ကြယ်လောင်လာနေသည်။

ထိုကြောင့် တရုတ်အစိုးရ ပညာရှင်က အစိုးရ၏ကူညီထောက်ပံ့မှုဖြင့် နိုင်ငံခြားသို့ ထွက်၍
သဘာဝရေနံရှာဖွေရေး ကုမ္ပဏ္ဍီများ၏ လုပ်ဆောင်ချက်များကို ကန့် ကွက်ခဲ့ဘူးသည်။
(ကျေးဇူး ရှိခဲ့သူသည် ပြည်သူအားပြန်လည်ပေးဆပ်ရမည်) ထို့ အတွက် ဒီမိုကရေစီနှင့်အစိုးရ
အပြောင်းအလဲကိုတောင်းဆိုလာကြသည်။တရုတ်က တိုးတက်စနိုင်ငံငယ်များသို့ ထိုးဝင်လာနေပြီး
အများဆန္ဒကို အလေးထားဖို့ လိုကြောင်း လက်ညှိုးထိုပြလျှက်ရှိနေကြသည်။

 မြသိန်း

Wednesday, October 5, 2011

၁၅.၉.၂၀၁၁(အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ.)တွင် HRWDN၏ ဦးဆောင်မူဖြင့် သဇင်ရွာဒေသတ၀ိုက်တွင်ရှိသော လယ်တောင်သူများ စီတန်းလမ်းလျောက် အခွင့်အရေးတောင်းဆိုခဲ့သည့်



















လူ့ အခွင့်အရေး အပြည့်အ၀ရရှိရေးသည် လူသားတိုင်းတွင်တာဝန်ရှိသည်။

Johannesburg တက္ကသိုလ်ကို ပေးပို့သည့် ဒေါ်စုမိန့်ခွန်း


မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ် တက္ကသိုလ် (University of Johannesburg) က အင်္ဂါနေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ လိုချင်ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သတ္တိရှိရှိ ကြိုးပမ်းရင် ရနိုင်တယ်လို့ သင်ကြားပေးတဲ့ တောင်အာဖရိကနိုင်ငံရဲ့ တက္ကသိုလ်ကပေးအပ်တဲ့ ဘွဲ့ကိုရတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အ၀န်းက လက်ခံမှုကို ရရှိလိုက်တာမျိုးလို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားကို ဗွီဒီယို မိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒေါင်းယောင်ဆောင်သောကျီးနှစ်ကောင်နှင့် တရုတ်ကိုသပိတ်မှောက်မည်

ဒေါင်းယောင်ဆောင်သောကျီးနှစ်ကောင်

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။ 
"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ ဆိုရင်တော့ ဒါဟာ  ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။
ကျီးတွေလောက်တော့ လဒတွေလည်းလုပ်ပါတယ်။

မြန်မာနိုင်ငံကို လက်ညိုးထိုးရောင်းစားခဲ့သူများတွင် တာဝန်ရှိပါသည်။ကနဦး စာချုပ်ချုပ်စဉ်ထဲက မြန်မာနှင့်တရုတ်အစိုးရခြား ပွဲစားလုပ်အကျိုးအမြတ်ရှာသူ လောစစ်ဟန်၏သား စတီပင်လောအပါအ၀င် လည်းကောင်းတို့ သုံဖွဲ့ တွင်တာဝန်အရှိဆုံးဖြစ်ပါတယ်။မိမိတို့ 
သုံးဦးအကျိုးအမြတ်ရလိုမှုဖြင့် ခွဲဝေညှီနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီး 
သန်းရွှေနှင့် သီဟသူရတင်အောင်မြင့်ဦးတို့ ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ပြီး Asia World ကုမ္ပဏီမှ
ဒေါ်လာ ၅သန်းရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေကာ တရုတ် CPI ကုမ္ပဏီနှင့်အပေးအယူလုပ်ပြီး လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ ပေးပို့ မည်ဟုကတိပြုခဲ့ကြသည်။(အားလုံးသည် အကျိုးလို့  ညောင်ရေးလောင်းခြင်းဖြစ်သောကြောင့် ဥပဒေအရဆောင်ရွက်ရတော့မည်။)

မြစ်ဆုံဆည် ၂၀၀၆ ခုနှစ်တွင်   CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိကြောင်းပြောခဲ့သည်။ သမ္မတဦးသိန်းစိန် ၏ 
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်သည် မိမိသက်တန်းတွင် ရပ်ဆိုင်းထားမည်ဟု ပါရှိသည့်အတွက် စာချုပ်ကို ချိုးဖေါက်ခြင်းမရှိသေးပေ။ရပ်ဆိုင်းကာလကိုသာ ဆွေးနွေးကြရမည်ဖြစ်သည်ဟု နေပြည်တော် အသိုင်းအ၀ိုင်းတွင် ပြောနေကြသည်။ ဥပဒေအရ ချုပ်ဆိုခဲ့သည့် စာချုပ်ကို နိုင်ငံတော်သမတက ရပ်ဆိုင်းထားမည်ဟု ပြောဆိုရာတွင် နိုင်ငံတကာ ဥပဒေကို အကြေအလည် လေ့လာပြီးမှပြောဆိုခြင်း ဟုယူဆရသည်။

တရုတ်မြန်မာဆက်ဆံရေးနှင့် ရင်းနှီးမြုတ်နှံမှုသည် တနှစ်တာအတွက် ဒေါ်လာဘီလံရာနှင့် ချီရှိပြီး တရုတ်ကုမ္ပဏီအများအပြား မြန်မာနိုင်ငံတွင်ရှိနေသောကြောင့် မြစ်ဆုံ၏ နစ်နာကြေး
သည်တရုတ်အဖို့ ပြောပလောက်သည့်အရာမဖြစ်နိုင်ပေ။နှစ်နာမှုလျှော်ချေးတောင်းခဲ့မည်ဆိုလျှင်
ပေးစရာဆို့ လို့ လဒ်စားထားသူ သုံးလို့ မရတဲ့ ကျီးအိုကြီးနှစ်ကောင် ထိုးကြွေးလိုက်တာပေါ့။ တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်ခဲ့တာ။ဒီလူတွေကို ဥပဒေကြောင်းအရ အရေးယူသင့်ပါတယ်။

စီးပွားရေးနယ်ချဲ့ တရုတ်ကွန်မြူနစ်ဟာ အိမ်နီးခြင်း မြန်မာနိုင်ငံကို ရင်းနှီးမြုတ်နှီမှုတွေ အလုံးအရင်းနှင့်ဝင်လာနေပြီး တရုတ်လူမျိုးတွေလည်း မြန်မာနိုင်ငံအတွင်း နည်းမျိုးစုံဖြင့် ၀င်ရောက် လာနေကြသည်။ အထက်မြန်မာပြည် စီးပွားရေးလောကတွင် တရုတ်ကုမ္ပဏီများ တနေ့ ထက်တနေ့  များပြားလာနေသည်ဟု နယ်ခံများက ပြောဆိုသည်။ အောက်မြန်မာနိုင်ငံသို့ လည်း ခြေဆန့် ၍ လာနေပြီး ရန်ကုန်မြို့ တွင် တရုတ်ကုမ္ပဏီများ တိုးပွားလာနေသည်။ 

တရုတ်ကွန်မြူနစ်နိုင်ငံသည် ပြည်သူ့ ဆန္ဒကိုလေးစားသော လူ့ အခွင့်အရေးကိုလေးစားသော နိုင်ငံမဟုတ် 
သောကြောင့် စီးပွားရေးအရင်းရှင်ကြီးဖြစ်ပြီး အာရှနိုင်ငံများထဲတွင် စီးပွားရေးအင်းအားတောင့်တင်း လာသောကြောင့် အနီးတ၀ှိက်ရှိ အိမ်နီးခြင်းနိုင်ငံများကို ငွေဖြင့်နယ်ချဲ့ လာနေသည်။တရုတ်နိုင်ငံက ထိုထက်ပို၍ မြန်မာနိုင်ငံကို ပြုမှုရိုင်းစိုင်းလာပါက ပြည်သူ၏ဆန္ဒကို ဖေါ်ထုတ်ကာ မြန်မာ့မြေမှ ရင်းနှီးမြုတ်နှံသူများကို အမြစ်ဖြုတ် နိုင်ငံအတွင်းမှ နှင်ထုတ်ရန်သာရှိတော့သည်(သမိုင်းသာသကများမမေ့သင့်ပါ) ဆော်ကားသူ တရုတ်၏ ကုမ္ပဏီများကို သပိတ်မှောက်ကြမည်။

NLD ၂၃ နှစ်မြောက်နေ့မှ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

 

နို့ ဖိုး ဒုက္ခသည်စခန်းမှ အနာဂတ် ရင်သွေးငယ်များ၏ ပညာရေးအတွက် အလှူရှင်များလိုအပ်နေပါသည်
ပညာဒါန ကုသိုလ်ပြုကြပါ။



































































































































စေသနာရှင် မေတ္တာဖြင့် စာသင်ကြားပေးနေသော ဆရာ ဆရာမများ


Tuesday, October 4, 2011

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကျမ်းမာရေး ဆိုးဝါးနေ

 ထောင်ဒဏ် ၆၅ နှစ် မတရားချမှတ်ထားခြင်းခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် 
ဟာ တစ်လနီးပါး ရက်ရှည်ဖျားနာခဲ့ပြီး သက်သာလာခြင်း မရှိတဲ့အတွက် ယခုအခါ ရခိုင်ပြည်နယ်၊ 
ဘူးသီးထောင်အကျဉ်းထောင်မှ မြို့ နယ်ဆေးရုံသို့  ပြောင်းရွှေ့ ဆေးကုသမှု ခံယူနေပါတယ်။
နိုင်ငံရေးအကျဉ်းသားအများစုဟာ လုံလောက်ပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း 
အပေါ် အစိုးရကို မေးခွန်းထုတ်ရပါလိမ့်မယ်။ဒါဟာ.. လူ့ အခွင့်အရေးကို စနစ်တကျ ချိုးဖောက် 
ခံနေရတယ်လို့ ဘဲ ကျွန်တော်တို့ ယူဆပါတယ်။  Aung Myo Tun

အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အချိန်တခု စောင့်ရမယ်လို့ ပြောနေပြန်ပါတယ်။ ဒီလို ၂ ဘက် အငြင်းပွားနေရတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာဟာ ကိုယ်ရဲ့ကောင်းကျိုးတွေကို စွန့်လွှတ်ပြီး အများအတွက် အနစ်နာခံနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။  ကိုဌေးကြွယ်ဟာ ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲက တယောက်ပါ။ ကိုဌေးကြွယ်ဟာ ၁၉၈၈ ခုနှစ်တုန်းက ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပါတယ်။ မတ်လတုန်းက ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကျောင်းသား 
ဆန္ဒပြမှုနဲ့ တံတားနီအရေးအခင်းတွေမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

မတ်လ ၁၇ ရက် နေ့မှာတော့ တိုးတက်သော တက္ကသိုလ်ကျောင်းသားများအဖွဲ့(တတဖ) မှာ တွဲဘက် အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့မှာ မဆလ ထောက်လှမ်းရေး
တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၈၈ ဇူလိုင် ၇ ရက်နေ့မှာ ထောင်ထဲကနေ ပြန်လွတ်လာပြီး သူနဲ့အတူ သူ့ရဲ့အစ်ကို ကိုဝင်းကြွယ် အပါအဝင် ၁၄၁ ယောက်ထဲက ကျောင်းသား ၇ ဦးက ရန်ကင်း၊ ကျောက်ကုန်းမှာ ရှိတဲ့ မေဒိနီကျောင်း တိုက်မှာ ဘုန်းကြီးဝတ်ခဲ့ကြပါ တယ်။ ဆွမ်းခံတဲ့ သပိတ်ထဲမှာ ဝါဒဖြန့်စာရွက်တွေကိုထည့်ပြီး ရန်ကင်းမှာ ဆွမ်းလိုက်ခံတော့ ကျမတို့လို လှုပ်ရှားတက်
ကြွတဲ့ ကျောင်းသားတွေ သူတို့နဲ့ သွားရောက်တွေ့ဆုံ ခဲ့ကြပါသေးတယ်။ 

အဲဒီ့ အချိန်မှာစပြီး သူတို့က ရှစ်လေးလုံးကိုတိုင်ပင် စခေါ်ခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့ ဝါဆိုလပြည့်နေ့ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ) ကို ဖွဲ့စည်းခဲ့ပါ တယ်။တိုင်းရင်းသား လူမျိုးပေါင်းစုံ ၊ အလွှာပေါင်းစုံမှ ဒီမိုကရေစီ လိုလား သူတွေအားလုံးပါ ဝင်နိုင်ရန် ဒီနာမည်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ မကဒ မှာလည်း ဥက္ကဋ္ဌအဖြစ် မွန်အမျိုးသား ကိုမင်းဇေယျကို
တင်မြှောက်ခဲ့ပါတယ်။ ကိုဌေးကြွယ်ကတော့ ဒု-ဥက္ကဋ္ဌအဖြစ် ရှစ်လေးလုံးအရေးတော်ပုံအတွက် တိုင်းပြည် အဝှမ်းမှာ လှုံဆော်စည်းရုံးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဘီဘီစီသတင်းထောက် ခရစ်စတိုဗာဂါးနက်(စ်) ရဲ့ သမိုင်းမှာတွင်ကျန် ရစ်တဲ့ အင်တာဗျူးတခုကို ပြည်သူတွေ နားထောင်ခဲ့ရပါတယ်။

 အဲဒီအင်တာဗျူးကြောင့် မြန်မာပြည်သူတွေ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသထွက်ခဲ့ကြရ ပါတယ်။ အဲဒီအင်တာဗျူးဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို သေသေချာချာဖော်ပြနိုင် ခဲ့တာကြောင့်ပါ။ အဲဒီအင်တာဗျူးမှာ ကိုဌေးကြွယ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အင်တာ
ဗျူးကစပြီး ၈၈၈၈ နေ့မှာ တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ကြဖို့ တိုက်တွန်းနှိုးဆော်
ခဲ့တာဖြစ်ပါတယ်။

အမျိုးသား လွတ်မြောက်ရေး အင်အားစု - မြန်မာပြည် ထုတ်ပြန်ချက်