Tuesday, October 25, 2011

ပြည်တွင်းငြိမ်းချမ်းရေးနဲ့  လူ့ အခွင့်အရေးရဖို့  ဂျပန်အစိုးရ တောင်းဆိုသင့်

မြန်မာနိုင်ငံ ၁၉၆၂ ခု စစ်တပ်က အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ ပြည်တွင်းစစ်မီးတောက်
လောင်းခဲ့ရာမှ ယနေ့ အချိန်အထိ တိုင်းရင်းသားပြည်သူတွေ ဘ၀ခရီးကြမ်းကို လျှောက်နေခဲ့ 
ခဲ့ရပါတယ်။တိုင်းပြည်ဆိုတဲ့ မိခင်ကြီးလို နွေးထွေးတဲ့ လူ့ ဂုဏ်သိက္ခာတွေမရှိတဲ့ အာဏာ
ရှင်စနစ်ကြီးအောက်မှာ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ရဲ့  ညှင်းပမ်းနှိပ်စက်မှုတွေနဲ့  ပြည်သူ
တွေ ဒုက္ခပင်လယ်တွေဝေခဲ့ရပါတယ်။ အစိုးရသစ်အနေနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်း 
လဲရေးတွေ လုပ်ဆောင်နေတဲ့အချိန်မှာ အခုလို လူ့ အခွင့်အရေးချိုးဖေါက်မှုတွေဟာ နိုင်ငံ
ဂုဏ်သိက္ခာကိုညိုးနွမ်းစေပါတယ်။

မြန်မာနိုင်ငံရဲ့  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဂျပန်နိုင်ငံက အသိအမှတ်ပြုပြီး နှစ်နိုင်ငံ
ဆက်ဆံရေး စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ဂျပန်အစိုးရကတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ 
အစိုးရသစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို အထူး အားရတဲ့အတွက်၊ အနှစ်သာရရှိတဲ့ ပြောင်းလဲမှုတွေကို တွေ့မြင်ရတဲ့အတွက် အခုလို ဆက်ဆံရေးစာမျက်နှာသစ်
တစ်ရပ်ကို ဖွင့်လှစ်ဖို့ သူတို့အနေနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာအစိုးရပိုင်းကရော၊ နိုင်ငံရေးပိုင်းကရော တာဝန်ရှိသူတွေ အပြန်အလှန် 
ဖလှယ်ကြမယ်။ ပြီးရင် လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးတွေ ဆက်ပြီး ဆောင်ရွက်
မယ်တဲ့ အစိုးရသစ်က ပြည်တွင်းစစ်ကို မရပ်တဲ့အတွက် ပြည်သူတွေ မသေသင့်ဘဲ
သေရ အိုးအိမ်တွေ အိမ်မွေးတရိစ္ဆာန်တွေဆုံးရှုံးရနဲ့  ဘ၀ပျက်ခဲ့ကြရတာဟာ
လူ့ အခွင့်ရေးချိုးဖေါက်တာပါ။

ဒါတွေကိုမလေ့လာဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လူ့ အခွင့်အရေးလေးစားလိုက်နာရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေး
ပွဲတွေ အမြန်ဆုံးအကောင်အထည်ဖေါ်ရေး စသည်တို့ ကို လေးလေးနက်နက်မတောင်း
ဆိုဘဲ လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆိုပြီး မြန်မာစစ်အစိုးရကို ကူညီတာဟာ ပြည်သူတွေကို နှိပ်စက်ဖို့  ဂျပန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Koichiro
Genbaက အားပေးတာနဲ့ တူပါတယ်။ ဂျပန်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်ဆိုရင်
အတိုက်အခံပြည်သူတွေရဲ့ အသံကို အလေးထားရမှာဖြစ်ပြီး ထဲထဲဝင်ဝင်လေ့လာပြီး
ဆောင်ရွက်ရမှာဖြစ်သလို ပြည်သူတွေ လူသားချင်းဆိုင်ရာကူညီမှု အပြည့်အ၀ရရှိအောင်
လက်တွေ့ ကျကျကွင်းဆင်းလေ့လာပါ။ လူသားချင်းဆိုင်ရာကူညီမှုထက် အဓိက
ပြည်တွင်းငြိမ်းချမ်းရေးရဖို့ က ပြည်သူတွေရဲ့ ဆန္ဒဖြစ်တယ်ဆိုတာ ဂျပန်အစိုးရနားလည်
ဖို့ လိုပါတယ်။ငြိမ်းချမ်းမှုမရှိဘဲ ဘယ်လောက်တိုးတက်အောင်လုပ်လုပ် မအောင်မြင်နိုင်ပါဘူး။

၂၀၀၃ခုနှစ်ရှေ့ ပိုင်းမှာလည်း သန်းပေါင်းများစွာ စစ်အစိုးကိုကူညီခဲ့သောလည်း သဲထဲရေ
သွန်ဖြစ်ခဲ့ရပြီး ယခုတဖန် မိမိတို့ ၏ အကျိုးစီး ပွားကို မျှော်ကိုးပြီး မြန်မာအစိုးရကို လဒ်ထိုးတာမျိုးဖြစ်ရင် နောင်တချိန်မှာ ဂျပန်အစိုးရအနေဖြင့် တာဝန်ယူရမှာဖြစ်
သလို ODA ဆိုတာ ဂျပန်ပြည်သူတွေနဲ့  ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ပေးဆောင်
ထားတဲ့ အခွန်ငွေတွေဖြစ်တယ်ဆိုတာ အထူးသတိချပ်ဖို့ လိုကြောင်းအသိပေးလိုက်ပါတယ်။