Thursday, October 20, 2011

ဝန်ကြီးများရုံး ဟိုတယ်ဖွင့်ရန်ဌားရန်းခြင်းကို ပြန်လည်သုံးသပ်နေ

 ၂၀-၁၀-၂၀၁၁
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများရုံးထိုင် အစည်းအဝေးကျင်းပ
ခဲ့ရာ မသမာသူလူတစုရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့သောနေရာဖြစ်တဲ့ မြန်မာ့သမိုင်းဝင်
ဝန်ကြီးများရုံးကိုဟိုတယ်အဖြစ်ငှားရမ်းရန်တင်ဒါခေါ်ယူခဲ့တာနဲ့ ပါတ်သက်လို့  လူထုအော်သံ
မှ ကန့် ကွက်ခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးရအောင်ယူပေးခဲ့တဲ့  တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
နှင့် အသက်ပေးသွားကြသော အာဇာနည်ကြီးများ၏ ဂုဏ်ကိုထောင့်ရှု့ ၍ ထိုသမိုင်းဝင်
နေရာကို နောင်လာနောင်သားများ သိရှိစေရန် ပြတိုက်အဖြစ်သတ်မှတ်သင့်ပါသည်။

ထိုဝန်ကြီးများရုံးးကို ဟိုတယ်ဖွင့်ဖို့ ပုဂ္ဂလိကမပေးဘဲ ရှေးဟောင်းအဆောက်အဦးအဖြစ်
ပြန်လည်ပြင်ဆင်ရန် စီစဉ်နေတယ်လို့  ရန်ကုန်ကလာတဲ့ သတင်းတွေအရသိရပါတယ်။
ဖြစ်သင့်ပါတယ် သမိုင်းဝင်အထင်ကရ အဆောက်အဦးဖြစ်တာကြောင့် ပြန်လည်ပြင်ဆင်
ထိမ်းသိမ်းရန်လိုအပ်ပါတယ်။၁၈၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်၍ အနှစ် ၁၂၀ ကျော်
လာပြီဖြစ်တဲ့အတွက် ပြင်ဆင်မွန်းမံပြီး ပြတိုက်အဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၀န်ကြီးများရုံးအပါအ၀င် ဆူလေဘုရားလမ်းရှိ စစ်ရုံးချုပ် စမ်းချောင်း
ပုဒုမာကဇတ်ရုံ ဂန္ဒီဟော ဆုလေရှိုးတိုက် စသည့်ရှေးဟောင်း အထင်ကရ နေရာများ
ရောင်းစားဌားရန်းခြင်းသည် မလုပ်သင့်မလုပ်ထိုက်ပေ။ အကျိုးဆောင်လုပ်ငန်းရှင်များ
ကလည်း ငွေရပြီးရောဆိုပြီး နိုင်ငံတော်ပိုင် အဆောက်အဦးများကို လက်ညိုးထိုး
ဖို့ မသင့်တော်ပါဘူး တာဝန်ရှိပါတယ်။ သန့် ရှင်းသောအစိုးရ  စည်းကမ်းပြည့်
ဝသော ဒီမိုကရေစီကို ဆန့် ကျင်နေတာကြောင့် ပြန်လည်သုံးသပ်ဖို့ လိုသလို
ပြည်သူများအနေဖြင့် ဥပဒေအရ ပြန်လည်တုန့် ပြန်ဖို့ လိုအပ်ပါသည်။

ယခုအခါ နိုင်ငံခြားမှ ပညာရှင်တွေ ခေါ်ပြီးပြင်ဆင်ဖို့ လုပ်နေပြီ လို့ သိတင်းများထွက်ပေါ်လာ
ပါတယ်။ အစိုးရအနေဖြင့်လည်း ပြည်သူများ၏အသံနှင့်ဆန္ဒများကို လေးစားဖို့ လိုသလို
ရှေးဟောင်းအဆောက်အဦးများကို ထိမ်းသိမ်းရန် အစိုးရတွင် တာဝန်ရှိပါတယ်။ပြည်သူ့ 
ဆန္ဒကိုလေးစားခြင်းသည် ဒီမိုကရေစီရဲ့ အလေ့အထတရပ်ဖြစ်ပါတယ်။