Monday, September 26, 2011

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ လယ်သမားအရေးနှင့်ပါတ်သက်၍ ကူညီဆောင်ရွက်

 တနင်္သာရီတိုင်းကော့သောင်းမြို့နယ် ရှိ ကုမ္ပဏီ များနဲ့ ဒေသဆိုင်ရာ လုပ်ငန်းရှင်များက မြေယာများ
အဓမ္မ သိမ်းဆည်းခြင်းခံခဲ့ရတဲ့ တောင်သူ (၂၇) ဦးကို ကော့သောင်းမြို့နယ်၊ အမှတ်(၅) ပုလဲလမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုးံမှာ ယနေ့နံနက် (၇.၀၀) နာရီမှ နေ့လည် (၂.၀၀) နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။ ဒီနေ့ တွ့ဆုံပွဲကို ခလေးစစ်သားအရေး ၊ အတင်းအကျပ် လုပ်အားပေးခိုင်းစေမှု နဲ့ မြေယာကိစ္စများကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသက်ဝေ နဲ့ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမောင်ဆန်း၊ တနင်္သာရီတိုင်း ဥပဒေ အထောက်ကူပြုအဖွဲ့က ရှေ့နေဦးခင်ဇော်တို့က တောင်သူများရဲ့ မြေယာများ အတင်းအကျပ် ကျူးကျော်ခံရသည့် အခြေနေများ ကို မေးမြန်း ဆွေးနွေးကြပါတယ်။