အစိုးရသစ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖန်မှာ တွေ့ဆုံရန်
ရှိသည်ဟု သတင်းများထွက်ပေါ်နေပါတယ်။ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ ကန်သာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်နေရာချထားရေး ဝန်ကြီးလည်းဖြစ် အလုပ်သမားဝန်ကြီး လည်း ဖြစ်သူ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေးမှုအကြောင်းအရာများကိုဖြေကြား ခဲ့သည်။
ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီး ဦးအောင်ကြည်က သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ရာတွင် ပြည်သူလူထု ကိုယ်စိတ်ချမ်းသာရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေးအတွက် သင့်တော်သော နေ့ရက်တို့တွင်ထပ်မံ တွေ့ဆုံကြဦးမည်
ဖြစ်ကြောင်းပြောသွားခဲ့သည်။
၂၀၁၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် သမ္မတ အိမ်တော်ရုံးခန်းတွင် ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။မတူကွဲပြားချက်များကို
ဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟု
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။