ကိုဇာဂနာ (ကိုသူရ) ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံး လွတ်မြောက်ပါစေ။
၂ဝဝ၈ ခုနှဏ် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်အကူအညီပေးသည်ကို အာဏာပိုင်များမှ ဖမ်းဆီးပြီး ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခံထားရပါတယ်။ ၂ဝဝ၉ ခုနှစ် မှာ ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ရာ စုစုပေါင်းထောင်ဒဏ် ၃၅ နှစ်ကျခံရန် ကျန်ရှိနေပါသေးတယ်။
တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ ကိုဇာဂနာလိုလူမျိုးဟာ မျိုးဆက်သစ် လူငယ်များအပါအဝင် အခြားသော အနုပညာရှင်တွေအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမှန်တရားဟာ ရာဇဝင်မှာ တစ်သက်လုံး ရှုံးနိမ့်မှာ မဟုတ်ပါဘူး။
သူ့ကို မြစ်ကြီးနားထောင် ကနေ နေ့ က လွှတ်ပေးလိုက်ပြီး လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို
ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီသတင်းကို ရန်ကုန် ပြည်သူ့ ဂျာနယ်လစ်တဦးမှ ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ ပို့ဆောင်မယ်လို့လည်း သိရပါတယ်။
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  သမတ ဦးသိန်းစိန်တို့  တွေ့ ဆုံစဉ်မှာ ဆွေးနွေးညှိနိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။သတင်းများအရကတော့ ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီနည်းအရ ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအမြန်
ဆုံးပြန်လွတ်ပေးရေး မတူကွဲပြားချက်များကိုဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့”ကြပါသည်။ ထိုလုပ်ငန်းစဉ်များအောင်မြင်ရန် ဒေါ်အောင်ဆန်းစုကြည်မှလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တွေ့ ဆုံဆွေးနွေးရေးလမ်းစဉ်ကို လက်ကိုင်ထားပြီး မှုဝါဒတွေကို ပျော့ပျော့ ပြောင်းပြောင်နဲ့ လက်တွေ့ ကျတဲ့လုပ်ငန်းများဖေါ်ဆောင်နိုင်ရန် ပြင်ဆင်ဖို့ 
လိုကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကျိုးစားလျှက်ရှိနေပြီး ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမင်းဇေယျာ ကိုဂျင်မီနှင့် ဦးခွန်ထွန်းဦး စသည့် တိုင်းရင်းသားခေါင်းဆောင်များ ဒီမိုကရေစီရေးလှုပ်ရှားသူများ ၂၀၀ ကျော်လွတ်မြောက်လာရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေပါသည်။
မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူဟာ အင်္ဂါနေ့က ကုလသမဂ္ဂ ရုံးချုပ်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရအနေနဲ့ မကြာခင်မှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ အစီအစဉ် ရှိကြောင်း ကတိပြု ပြောဆိုခဲ့ပါတယ်။