Sunday, September 25, 2011

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ် နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်

ယူကေနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ ပါဝင် ဖွဲ့စည်းထားသည့် Think-Tank အဖွဲ့မှ Chatham House Prize ဆုကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်လိုက်သည်။

ပညာရှင်များ ပါဝင်သည့် ထို Think-Tank အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက်နိုင်ငံတကာ သင်္ကေတ တခုဖြစ်လာပြီး ဆုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်မှ ဒီဇင်ဘာ ၁ ရက်နေ့ တွင် လန်ဒန်မြို့၌ ကျင်းပမည့် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက် လက်ခံမည် ဖြစ်သည်။

သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံတကာ ဆက်ဆံရေး တိုးတက်လာစေရန် အားသွန်ခွန်စိုက် အဆောင်ရွက်ခဲ့ဆုံးဟု ယုံကြည်ရသည့်ပုဂ္ဂိုလ်အား နိုင်ငံတကာရေးရာ တော်ဝင်အဖွဲ့မှ
နှစ်စဉ် ပေးအပ်ချီးမြှင့်လေ့ရှိသည့် ဆုဖြစ်ကြောင်း သိရသည်။

ရရှိထားသောနိုင်ငံများမှခေါင်းဆောင်များ
2005 Years, President Victor Yushchenko  Ukraine. 
2006 Years, President Joaquim Chissano Mozambique. 
2007 Years,Sheikha Mozah Al Missned Qatar.
2008 Years, Qatar.President John Kufuor Ghana.
2009 Year,President Lula da Silva, Brazil.
2010 Years, President Abdullah Giil Turkey.