ပြည်တွင်းငြိမ်းချမ်းရေးမရရှိပဲ ငြိမ်းချမ်းရေးမတည်ဆောက်ပဲ ဒီမိုကရေစီကို သွားလို့ မရပါဘူး။နအဖတုံး
ကလဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးမတည်ဆောက်ခဲ့လို့  နှစ်၅၀ကျော် ပြည်တွင်းစစ် တွေဖြစ်ခဲ့ရတာဖြစ်ပါတယ်
(အာဏာရှင်စနစ်တည်မြဲရေးအတွက်)ထို့ ကြောင့် ဦးသိန်းစိန် အစိုးရသစ်တက်လာသည့် အချိန်မှာလဲ
ပြည်တွင်းစစ်မီးငြိမ်းဖို့  ပြည်သူတွေ တိုင်းရင်းသားတွေကလို လားနေကြပါတယ်။ နအဖကတော့ ပြည်တွင်းစစ်ကိုမွေးထားပြီး နိုင်ငံတကာကိုအကြောင်းပြကာ အာဏာကိုသိမ်းယူခဲ့တာ အနှစ် ၂၀ ကျော်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ယူနီဖေါင်းချွတ်ကာ ရွေးကောက်ပွဲအနိုင်ယူခဲ့တာ ကလေးကအစသိကြပြီး အစိုးရသစ်တွက်ပေါ်လာခဲ့ပါတယ် ကမ္ဘာကိုတော့ ဒီမိုကရေစီအရ ရွေးကောက်ပွဲ ကိုဖြတ်သန်းခဲ့ပြီးပြီလို့  ပြောဆိုခဲ့ပါတယ်။ နအဖတုံးကလိုဘဲ(အမျိုးသားညီလာခံ)လို လက်ညိုးထောင်
ခေါင်းညိမ့်လုပ်ခဲ့ပြီး။အစိုးရသစ်ကလည်း(ပြည်သူ့ လွှတ်တော်)ခေါ်ယူပြီးအစိုးရ တင်ပြချက်တွေကိုသာ
ပြည်သူတွေကရွေးချယ်ထားတဲ့ လွှတ်တော်အမတ်များကလည်း တိုင်းပြည်နှင့်လူမျိုးအကြိုးဆောင်ရွက်ဖို့  တာဝန်ရှိပါတယ်။ လွှတ်တော် အမတ်တွေရဲ့ သြဂုတ်လ ၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာကို အစိုးရပိုင် သတင်းစာတွေမှာ ဖေါ်ပြခဲ့ပြီး အိတ်ဖွင့် ပေးစာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်များကို အသားပေးဖေါ်ပြထားတာ ဖြစ်ပါတယ်။ အိတ်ဖွင့်ပေးစာမှာ အစိုးရနဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေဟာ တဘက် စွန်းရောက်ခြင်း သံသယတွေရှိခြင်း ပြင်ပဘေးပယောဂတွေဝင်ရောက်နှောင့်ယှက်နေတယ်လို့ ရေးထား ပါတယ်။
ဒီမိုကရေစီမှာ အတိုက်အခံရှိတယ်ဆိုတာ အစိုးရအနေနဲ့ ရော လွှတ်တော်အမတ်တွေကပါ လက်ခံရမဲ့ အချက်ပါ။ အတိုက်အခံဆိုတာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် အစိုးရရဲ့  မှားကွက် ဟာကွက်တွေကို ထောက်ပြလေ့ ရှိတတ်ပါတယ်။ တာဟာဒီမိုကရေစီရဲ့ လွှတ်လပ်မှုပါ။ အစိုးရပြောတာကိုလိုက်လုပ်ပြီး အမတ်အခွင့်အရေးရ
အောင် လုပ်စားနေတာဟာ ပြည်သူ့ အခွန်ကိုစားပြီး ပြည်သူကိုစော်ကားတာနဲ့ တူပါတယ်။
ပြောတုံးကတော့ပြည်သူ့ အကြိုးဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်မှာဆောင်ရွက်မယ်
လို့ ပြောပြီး တိုင်းပြည်၏ ငြိမ်းချမ်းရေးအတွက် အတိုက်အခံများနှင့် ပြည်သူများကတောင်းဆိုနေတာတောင် စစ်အစိုးရဘက်လိုက်တဲ့ လွတ်တော်အမတ် ၂၃ဦးက ပြည်ပ ပယောဂလို့ ဆိုတာဟာ ဘက်လိုက်ပြောဆိုတာ
ဖြစ်ပြီး ဒီလိုအမတ်တွေက ဘယ်လိုလုပ်ပြီးပြည်သူ့ အကြိုးပြုနိုင်ပါ့မလဲ။ ငြိမ်းချမ်းရေးတောင်းဆိုတာတောင် မလိုလားရင် ဒီမိုကကရေစီဆိုတာဝေးပါသေးတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ကြား
ဝင်ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားခြင်းနှင့်ပါတ်သက်၍ ပြည် တွင်းပြည်ပ တိုင်းရင်းသားပြည်သူများ အ
ဖွဲ့ အစည်းမျာက ထောက်ခံနေကြပေမဲ့ စစ်အစိုးရသစ်ကတော့ ငြိမ်းချမ်းသွားရင် အာဏာချုပ်ကိုင်လို့ မရမှာ မို့  ၀န်လေးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ငြိမ်းချမ်းရေး ဆောင်ရွက်ပေးရန်ကိုလဲ အကြောင်းမပြန်သလို တိုင်းရင်းသားများ
၏ ငြိမ်းချမ်းရေးတောင်းဆိုချက်မျာကိုလဲ အကြောင်းမပြန်ခဲ့ပါ။ နအဖကလိုဘဲ ပြည်တွင်းစစ်ကို မီးရှို့ ထားမှ သာ အာဏာဆုတ်ကိုင်ထားလို့ ရမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို အကောင်အထည်မဖေါ်တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးမရရှိသရွေ့ တော့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့  လူသားတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ဆိုတာမ လွယ်ကူလှပါဘူး။
ထို့ ကြောင့် ပြည်တွင်းပြည်ပ အတိုက်အခံပြည်သူတွေက စစ်အစိုးရဲ့ အမှားတွေကိုထောက်ပြနေတာဖြစ်၍
လွှတ်တော်အမတ် ၂၃ ဦးပြောသလို ပြည်ပယောဂဆိုပြီး စစ်အစိုးရအကြိုက်လိုက်နေတဲ့ လွှတ်တော်အမတ်
နဲ့  စစ်အစိုးရရှိနေသရွေ့  တိုင်းပြည်စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီရဖို့ မလွယ်လှပါဘူး။ အနာဂတ်
အကြိုးကိုမျှော်ကိုးပြီး အာဏာကို ပြည်သူ့ လက်ထဲပြန်ရောက်အောင်ကြိုးစားကြရမှာဖြစ်ပါ တယ်။
