
၂၀၁၁-၇-၉ RFA
ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဖြစ်လာတော့မယ့် ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းရပ်တည်နေမှုတွေကိုအင်မတန်အားကျ လေးစားမိတယ်လို့ ပြောလိုက်သလို မြန်မာ
နိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် သူ့အစိုးရအဖွဲ့ကအားပေး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ယင်းလပ် ရှင်နာဝပ် က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။