Saturday, September 19, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရမည်းသင်း
မြို့နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ် ဒေသခံ
၁ သိန်းကျော်တက်ရောက်



၁၉-၉-၂၀၁၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
 စက်တင်ဘာလ ၁၉ ရက် ယနေ့ မွန်းလွဲ ၄ နာရီက မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင်
 ဒေသခံပြည်သူများအား ရွှေးကောက်နှင့်ပတ်သက်၍ ရွှေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်းကို
ဟောပြောခဲ့သည်။ ၎င်း ဟောပြောပွဲသို့ ရမည်းသင်းမှ ဒေသခံပြည်သူ ၁ သိန်းကျော် 
တက်ရောက်ခဲ့သည်။

Friday, September 18, 2015

ရွေးကောက်ပွဲကော်မရှင် မဲစာရင်းမှားယွင်းမှုသည် ပြင်လေမှားလေ ယုံကြည်မှုမရှိဖြစ်လာနေသည်။

၁၈-၉-၂၀၁၅
ရွေးကောက်ပွဲကော်မရှင်၏ ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ပေးရာတွင် မှားယွင်မှုများ ပိုမိုများ
ပြားလာသည်ဟု ရပ်ကွက်တွင်းရှိ ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။ မြို့ နယ်တိုင်းတွင်
မှားယွင်းမှုများရှိနေပြီး ကျား၊မ မှားယွင်းမှု၊သေပြီးသောသူများ ပြန်လည်ပါဝင်မှု၊မပါသေးသော
သူများ ထပ်မပါလာမှု၊ဘုန်းကြီးများပါဝင်မှု၊အသက်မပြည့်သေးသူများပါဝင်ခြင်း စသည့်အမှား
များထပ်မံတွေ့ ရှိရပြီး ကြံ့ဖွတ်နိုင်ဖွယ်ရှိသော ဒေသများတွင် မဲများတိုးလာခြင်းနှင့် NLD
အနိုင်ရမည့်ဒေသများတွင် မဲလျှော့ကျသွားခြင်း စသည်များဖြစ်ပေါ်လျှက်ရှိသည်ဟု သိရှိရသည်။

၂၀၁၄ ခုနှစ် ဗဟိုသန်းခေါင်စာရင်းကော်မရှင်က မတ် ၃၀ မှ ဧပြီ ၁၀ရက်ထိ ၁၂ရက်ကြာ
 ကောက်ခံခဲ့သည်။လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေသည် ၅၁ ဒသမ ၄၂ သန်းခန့်ရှိသည်ဟု
စာရင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပြုလုပ်သည့် သန်းခေါင်စာရင်းစာရင်း အောင်မြင်မှုသည်
 ၉၉ရာခိုင်နှုန်းအထိ ရှိသည်ဟု နိုင်ငံတကာ သန်းခေါင် စာရင်းအကြံပေးအဖွဲ့ နှင့် ကုလသမဂ္ဂ
 လူဦးရေးရန်ပုံငွေ UNFPA အဖွဲ့တို့ကဆိုသည်။

ထိုသို့  အိမ်ထောင်စု လူဦးရေ သန်းခေါင်စာရင်ကောက်ယူရာတွင် တစ်အိမ်တက် တစ်အိမ်ဆင်း
ကျား၊ မ ၊ ကလေး၊လူကြီး အလုပ်အကိုင်၊ကိုးကွယ်သည့်ဘာသာ စသည်တို့ ကို တိတိကျကျ ကောက်
ယူခဲ့သော်လည်။ မဲစာရင်းများတွင် မြို့ နယ်အတော်များများ မှားယွင်းမှုများ ထပ်မံပေါ်ပေါက်လျှက်ရှိ
သည်။အမည်ကြည့်ယုံဖြင့် ကျား မ ခွဲခြားနိုင်သော အလွယ်သိနိုင်သော အချက်များမှားယွင်းမှုသည်
နားလည်ရခက်လှသည်။ ရွေးကောက်ပွဲကော်မရှင်တစ်ခုလုံးက အလုပ်မလုပ်ဘူးဆိုတာ သေချာ
နေသည်။ရွေးကောက်ပွဲကော်မရှင်အတွက် နိုင်ငံတကာနှင့် မြန်မာ့ ဘဏ္ဍာငွေမှ ၆၈ ဘီလံကျော် 
သုံးစွဲထားသောလည်း ငွေကုန်လူပမ်း အဓိပ္ပါယ်မဲ့ ဖြစ်နေရသည်မှာ ကော်မရှင်တွင် တာဝန်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိရမည်။ 

နိုင်ငံတကာတွင် သတ်မှတ်ထားသော အသက်ပြည့်သူတိုင်း မဲပေးခွင့်ရှိရာ မိမိတို့ နေထိုင်ရာ
မြို့ နယ်အလိုက် မဲရုံများကိုစီစဉ်ပေးလျှက် လာရောက်မဲပေးသူသည် နိုင်ငံသားကပ်ပြားကိုပြ
သ၍ မဲပေးနိုင်သည်။မဲရုံတွင် ထိုနယ်မြေတွင်နေထိုင်သောသူ၏ သန်းကောင်စာရင်ဇယား
ထားရှိပြီး မဲပေးခွင့်ရှိသူဖြစ်ပါက မဲလက်မှတ်ကို ရယူ၍ မဲပေးနိုင်ပြီး မဲစာရင်းတွင် အမည်မပါ
ပါက နိုင်ငံသားကပ်ပြားကိုစီစစ်၍ မှန်ကန်ပါက အများရှေ့ တွင် ထပ်တိုးစာရင်းဖွင့်၍ မဲပေးခွင့်
ရှိသည်။ မြန်မာနိုင်ငံကဲ့သို့  မဲစာရင်းကြေညာခြင်း မဲစာရင်မှားယွင်းခြင်း ပြသနာများမရှိပါ၊
နိုင်ငံတကာတွင်အချိန်ကြာမြင့်စွာ နေထိုင်သူများ နိုင်ငံသားများကို ပုံစံ (၁၅) ဖြည့်၍ လျှောက်လွှာ
တင်ပြီး စစ်ဆေးခွင့်ပြုချက်ရမှ မဲပေးခွင့်ရှိသည်မှာ ဘယ်နိုင်ငံမှာမှ မရှိသောလုပ်ထုံးလုပ်နည်းဖြစ်၍ 
မြန်မာနိုင်ငံတစ်ခုတည်သာရှိပြီး နိုင်ငံတကာက မယုံကြည်စရာဖြစ်နေသည်။

 ရွေးကောက်ပွဲကော်မရှင်သည် အလုပ်မရှုပ်ရှုပ်အောင် မဲစာရင်းများကပ်၍ ကြေညာခြင်းသည် 
မိမိတို့ ၏ အမှားအယွင်းများက အလုပ်မကျွန်းကျင်ကြောင်း သက်သေပြနေသည်။အမှားပြင်ဆင်
နေပါက အချိန်ကုန်ပြီး ထပ်မှားဖို့ သာရှိသည်။မသမာမှုပြုသူသည် အမှားများတတ်သည် တစ်နိုင်ငံ
လုံးကို လိမ်နည်းအမျိုးမျိုးဖြင့် လိမ်လည်ရန်မလွယ်ကူပါ အမှားများလာနိုင်သည်။ 

ထို့ ကြောင့် အမည်မှားများနှင့် ကျား မ အမှားများ၊မဲစာရင်းတွင်မပါဝင်သူများရှိပါက နိုင်ငံသား
အသက် ၁၈ နှစ် ပြည်သူတိုင်း မဲပေးခွင့်ရှိသည်ဟု ကြေငြာရမည်။ လက်ရှိမဲစာရင်းအရ မဲပေး
ခွင့်ရှိသူအမှားများနှင့်  မဲစာရင်းမပါသူများသည် မဲရုံသို့ မိမိကိုယ်တိုင်လာရောက်၍ နိုင်ငံသား
စီစစ်ရေးကပ်ပြား(သို့ ) သန်းခေါင်စာရင်းကိုယူဆောင်၍ လာရောက်မဲပေးနိုင်သည်ဟု ကြေ
ညာရန်လိုသည်။မဲစာရင်မှားယွင်းမှုများကို မဲရုံစောင့်ကြည့်ရေးတာဝန်ရှိသူများမှ စစ်ဆေး၍
ပြင်ဆင်ခြင်း။မဲစာရင်းတွင်မပါဝင်သူများကို ထပ်တိုးစာရင်းဖွင့်ထည့်သွင်း၍ မဲပေးခွင့်ပြုရန်
လိုသည်။ထိုမှသာ အသက်ပြည့်သူတိုင်း မှန်မှန်ကန်ကန် မဲပေးခွင့် ရရှိပြီး မျှမျှတတဖြစ်လိမ့်
မည်ဟု အကြံပြုပါသည်။

မြသိန်း


ရွှေဝါရောင်တော်လှန်ရေး ၈ နှစ်ပြည့်မှာ သံဃာတွေ သမိုင်းကို သတိရစေလို






၁၈-၉-၂၀၁၅
ရွှေဝါရောင်တော်လှန်ရေး ၈ နှစ်ပြည့်ပြီ သံဃာတော်တွေဟာပြည်သူတွေရဲ့  အခက်အခဲများစွာကို 
သိရှိပြီး ပြည်သူ့ တွေရဲ့ ဆန္ဒကို ဖေါ်ထုတ်တဲ့အနေနဲ့ လမ်းပေါ်ထွက်ပြီး မေတ္တာသုတ်ရွတ်၍ 
ဆုတောင်းကာ ပြည်သူ့ ဆန္ဒကိုလိုက်လျှောပေးဖို့  အစိုးရကိုတောင်းဆိုခဲ့ကြသည်။ အစိုးရအနေဖြင့် 
ဆရာတော်ကြီးများ၏ တောင်းဆိုမှုကို လစ်လှူရှုခဲ့ပြီး အကြမ်းဖက်ဖြေရှင်းခဲ့ထိခိုက်ဒဏ်ရာရပြီး
 ပျံလွန်တော်မှုသော ဆရာတော်တွေရှိသလို ဖမ်းဆီအရေးယူထောင်ချ ကျောင်းတိုက်တွေကို
 ပိတ်ပင်ခဲ့သောမှုကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်သလို ဘာသာသာသနာကိုလည်း
 ငြိုးနွမ်းစေခဲ့ပါတယ်။ အာဏာရှင် ကြံ့ဖွတ်အစိုးရရဲ့  လုပ်ရပ်ကို နိုင်ငံသားများနဲ့  နိုင်ငံတကာကကန့် 
ကွက်ခဲ့ကြလို့  အစိုးရမှာ အရှက်ရစေခဲ့ပါတယ်။ သမိုင်းမှာ ကြံ့ဖွတ်အစိုးရရဲ့  ရက်စက်မိုက်ရိုင်း
မှုများကို ကမ္ဘာက မှတ်တမ်းတင်ခဲ့ကြပါတယ်။ယနေ့ ခေတ်မှာ အထိမနာတဲ့သံဃာတွေက ကြံ့ဖွတ်ကို 
အားပေးပြီး မြတ်စွာဘုရားကိုယ်တော်ကြီးက ဝေနေရ သတ္တ၀ါအပေါင်းတို့ ကို ကယ်တင်ခဲ့တယ်။
လေးသင်ခြေနဲ့  ကမ္ဘာတစ်သိန်း ဘ၀အမျိုးမျိုးမှာ မခွဲခြားဘဲ ကျေးဇူးဆပ်ခဲ့ပြီး ၀တ်နည်းနဲ့ အညီကျင့်
ကြံအားထုတ်ခဲ့လို့  အတုလာအတုမရှိတဲ့ မြတ်ဗုဒ္ဓအရှင်မြတ်ကြီးအဖြစ် ရောက်တော်မူခဲ့ပါတယ်။
ယနေ့ ခေတ်သံဃာတွေဟာ ၀တ်နည်းတော်တွေကိုလျှစ်လှူ့ ရှု့ ကာ သံဃာနှစ်ခြမ်းကွဲအောင် 
လုပ်နေကြတာဟာ သင်္ကန်းရဲ့  ဂုဏ်ကိုတောင်မထောက်ပဲ နိုင်ငံတကာအလည်မှာ ဘာသာ သာသနာ
ရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေခဲ့ရပါတယ်။ထေကြီးဝါကြီး ဆရာတော်ကြီးများအနေဖြင့် သံဃာငယ်
သံဃာမိုက်တွေကို မြတ်စွာဘုရားဝတ်နည်းနဲ့ အညီ ဘာသာ သာသနာကို စောင့်ထိမ်းကြဖို့  အချိန်
မှီ ဆုံးမ သြ၀ါဒတွေ ပေးသင့်ပါကြောင်း ရှောက်ထားအပ်ပါသည်။

မြသိန်း

Wednesday, September 16, 2015

ပြည်သူချစ်တဲ့ အနုပညာရှင်များ စနစ်တစ်ခုပြောင်းလဲရေးအတွက် တတပ်တအားပါဝင်





၁၆-၉-၂၀၁၅
မြန်မာနိုင်ငံသမိုင်းမှာ အနုပညာရှင်တွေဟာ မိမိတို့ တပ်နိုင်တဲ့ဘက်က ပါဝင်ခဲ့ကြပါတယ်။၈၈ ကာလ
တုံးကဆို ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ ဦးသောက ဒေါ်ခင်သီတာထွန်း ဦးအောင်လွင်တို့ ရဲ့  ဒီမိုက
ရေစီလှုပ်ရှားမှုဟာ  ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို
ဝန်းရံခဲ့ကြပါတယ်။ ထိုနည်းတူစွာပဲ ကဗျာဆရာတွေ စာရေးဆရာတွေကလည်း ဒီမိုကရေစီအရေးကို
အားထက်သရော ယနေ့ အချိန်အထိ လှုပ်ရှားနေကြတာ တွေ့ ရပါတယ်။ သမိုင်းတစ်ခေတ်မှာ တာဝန်
သိသိနဲ့  ပြည်သူတွေလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင် တတ်နိုင်တဲ့ဘက်က မိမိတို့ တပ်ကျွမ်း
တဲ့ အနုပညာနဲ့  ပါဝင်လှုပ်ရှားနေကြပါသည်။

မြန်မာနိုင်ငံ စနစ်တစ်ခု ပြောင်းလဲရေးဟာ အလွန်အလွန် အရေးကြီးသော ကာလကို ရောက်ရှိနေ
ပါသည်။ ပြည်သူတွေရဲ့  ဆင်းရဲဒုက္ခ အ၀၀ကို ပြောင်းလဲပေးနိုင်တာက စနစ်ပဲဖြစ်တယ်။ မြန်မာ
နိုင်ငံမှာ စစ်အာဏာရှင်တွေ ကြီးဆိုးခဲ့လို့  သန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေ
ခဲ့ရပါတယ်။စနစ်ဆိုးရဲ့  သားကောင်တွေအဖြစ် တိုင်းရင်းသားအားလုံးခံစားနေကြရတယ်ဆိုတာ
ဘက်ပေါင်းစုံက ပညာရှင်တွေသိကြပါတယ်။ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ အားပေးမှု
နဲ့  ရပ်တည်နေရတဲ့ စီပွားရေးလုပ်ငန်းတွေ ကျဆင်းလာနေတယ်ဆိုတာ သိနေကြပြီး ဒီအခြေအနေ
မျိုးနဲ့ ဆိုရင် တိုင်းပြည်ဟာ ပေါက်ကွဲဖို့ ပဲ ကျန်ပါတော့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့  တိုင်းပြည်အပြောင်း
အလဲတစ်ခုကို သူတို့ လိုချင်နေကြသူတွေပါ အနုပညာရှင်တွေရဲ့  ပြောဆိုသံတွေကို ကြည့်ရင်သိ
နိုင်ပါတယ်။

အပြောင်းအလဲတစ်ခုကို လိုချင်ရင် မိမိကိုယ်တိုင်က ကြိုးစားရမှာဖြစ်သလို မိမိကိုယ်တိုင် ပါဝင်ပါတ်
သက်မှုကလည်း အရေးကြီးပါတယ်။ သမိုင်းတင်မည့် အာဏာရှင်စနစ်မှ စစ်မှန်တဲ့ဒီမိုကရေစီအပြောင်း
အလဲမှာ ပါဝင်ပါတ်သက်သူတိုင်းဟာ အမိနိုင်ငံရဲ့ အနာဂတ်ကို ဖေါ်ဆောင်ပေးပေးရာ ရောက်သလို
သမိုင်းပေးတာဝန်ကို ကျေပွန်ရာလည်းရောက်ပါတယ်။ ဒီနိုင်ငံမှာနေ ဒီရေကိုသောက် ဒီနိုင်ငံကအစာ
ကိုစားပြီး ကြီးပျင်းလာကြတဲ့သူတိုင်းဟာ ကျေးဇူးတရားကိုမမေ့သင့်ပါဘူး။နိုင်ငံသားတိုင်းမှာ တာဝန်
ရှိပါတယ်။စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်ကို ကျရောက်နေတဲ့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ တာ
ဝန်ဟာ ပြည်သူတွေအားလုံးရဲ့  တာဝန်၊ ပြည်သူတွေရဲ့  ခွန်အား အင်အားတွေနဲ့  ပြိုင်တူတွန်းရင်
ရွေ့ နိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေညီညီညွတ်ညွတ်နဲ့  ပြည်သူ့ ပါတီ NLD ကို
မဲပေးကြမယ်ဆိုရင် အာဏာရှင်စနစ် ချုပ်ငြိမ်းမှာ သေချာပါတယ်။ အာဏာရှင်တွေကိုယ်တိုင်က
မိမိတို့ ရဲ့  နေ၀င်ချိန်ဆိုတာ သိနေကြလို့  NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ဖို့ မလွယ်ဘူး
ဆိုတာ ဗိုလ်ချုပ်ကြီး ဝေလွင် ကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပါတယ်။ စနစ်တစ်ခု အပြာင်းအလဲမှာ
မိမိတို့  တာဝန်မကျေမှာကို စိုးရိမ်ကြတဲ့ ရိုးသားတဲ့ တောင်သူလယ်သမား ဆင်းရဲသားတွေ မကျန်
ခွန်အားတွေမွေးနေချိန်မှာ အိမ်ခေါင်းထဲမှာ လသာနေကြသူတွေရှိပါတယ်။ အပြောတမျိုးအလုပ်တစ်
မျိုးနဲ့  အခွင့်အရေးသမားတွေ ခြံစည်းရိုးခွထိုင်နေကြသူတွေလည်းရှိပါတယ်။ ဘာဘဲပြောပြော ကိုယ်
သမိုင်းကိုယ်ရေးပြီး အာဏာရှင်တော်လှန်ရေးသမိုင်း မှတ်တမ်းတင်ကြရမည်ဖြစ်လေသည်။

မြသိန်း

မြန်မာနိုင်ငံ နှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက်မှ
လွတ်မြောက်ရန် ပြည်သူ့ အင်အားဖြင့် ကယ်တင်ရမည်

     
         

               အခြေခံ အနိမ့်ဆုံးခန့် မှန်းဇယားဖြစ်ပြီ ပြည်သူတွေ သတိရှိစေရန်
၁၆-၉-၂၀၁၅
နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ကြီးစိုးတဲ့ အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့  အချိန်တန်ပါပြီ
ရဟန်ရှင် ကျောင်းသားပြည်သူ အလုပ်သမား လယ်သမား တိုင်းရင်းသားများ ဖိနှိပ့်အုပ်ချုပ်တဲ့ စစ်
အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ ပြားပြားဝှက်ခံနေကြရသလို တိုင်းပြည်ကြီးဟာလည်း ချွတ်ခြုံကျ
ကာ သယံဇာတ ပေါ်ကြွယ်ဝတဲ့ ရွှေနိုင်ငံအဖြစ်မှ အဆင်းရဲဆုံးနိုင်ငံအဖြစ် အာဏာရှင်တွေက သွတ်
သွင်းခဲ့ပါတယ်။ နိုင်ငံရေး၊ပညာရေး၊စီးပွားရေး၊လှုမှုရေး စသည့်လုပ်ငန်းတွေဟာ နှိမ့်ကျနေရပြီး ယနေ့ 
ဖြစ်ပေါ်နေတဲ့ နိုင်ငံသားတွေရဲ့ ဘ၀ဟာ အနာဂတ်ပျောက်နေရတဲ့ဘ၀ပါ။စီးပွားရေးကိုကြည့်မယ်ဆိုရင်
စစ်တပ်ကပါဝင်နေတဲ့ ဦးပိုင်၊ဦးတေဇ၊ဦးဇော်ဇော်၊ဦးတိုးနေမန်း စသည့် စစ်တပ်ကြီးဆိုးတဲ့ စီးပွားရေး
စနစ်၊ပညာရေးကိုကြည့်ရင်လည်း ပညာတတ်တွေကို မလိုလားဘဲ စစ်သားတွေကို နေရာပေးနေတဲ့စနစ်၊
နိုင်ငံရေးကို ကြည်မယ်ဆိုရင် နိုင်ငံအကျိုးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချနေတာတွေ့ ရပါတယ်။

သမ္မတ ကြီးရဲ့  လွှတ်ငြိမ်းချမ်းသာခွင့် ဆိုပြီးတော့ အကြိမ်ကြိမ်လွှတ်ပေးသောလည်း နိုင်ငံရေးသမား
အများစု ထောင်ထဲမှာ ရှိနေပါသေးတယ်။ယခုလွှတ်ပေးလိုက်တဲ့ လွှတ်ငြိမ်းချမ်းသာခွင့်မှာ အများအပြား
လွှတ်လာတာက ခိုး ဆိုး သောင်းကျန်း လူသတ်မှု ကျုးလွန်သူတွေများပါတယ်။ တိုင်းပြည်တွင်းမှာ
မတည်ငြိမ်မှုတွေဖြစ်ပွားစေပါတယ်။နိုင်ငံသူ နိုင်ငံသားတွေရဲ့  ဘ၀လုံခြုံရေးဟာ စိုးရိမ်လာရတဲ့အခြေ
အနေမှာ ရှိလာနေပြီး စားဝတ်နေရေးအတွက် ပူပင်သောက ရောက်နေကြသူတွေ အများအပြားဖြစ်
လာနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကနေ အခြေအနေတစ်ခု ပြောင်းလဲလာမယ်လို့  ပြည်သူတွေက မျှော်လင့်
ထားကြပါတယ်။ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ဖို့ ဆိုရင် ပြည်သူ့ အင်အားဟာ
အဓိကကျလာနေပြီး ပြည်သူတွေကလည်း နှစ်ပေါင်းများစွာဖိနှိပ့်မှုအောက်မှ လွတ်မြောက်ချင်နေ
ကြပါတယ်။တရားဥပဒေစိုးမိုးမှု မရှိဖြစ်နေရခြင်းဟာ ဥပဒေအထက်မှာ အာဏာရှိနေတဲ့အတွက်
အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချ နိုင်ငံရေးလုပ်သူတွေ
ကို ဥပဒေအမျိုးမျိုးတပ်ပြီး ထောင်ထဲထည့်နေတာတွေ့ ရပါသည်။နှစ်ပေါင်းများစွာ အမြစ်တွယ်နေ
တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ဖယ်ရှားနိုင်မှ တိုင်းပြည်ဟာ ဆင်းရဲတွင်းမှ လွတ်မြောက်မှာဖြစ်၍
ပြည်သူတွေဟာ မိမိတို့ ရဲ့  ကံကြမ္မာကို မိမိတို့ တစ်ဦးချင်းစီရဲ့  ခွန်အားကို ညီညီညာညာနဲ့  စုစည်း
ပြီး အင်အားတွေဖြစ်လာအောင် ပြောင်းလဲရမဲ့အချိန်ရောက်ရှိလာနေပါပြီး စစ်မှန်တဲ့ ဒီမိုကရေစီ
လမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့  ပထမအဆင့် မဲပေးဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် မိမိတို့ ရဲ့ 
မဲတစ်ပြားဟာ အင်မတန် တန်ဖိုးကြီးပါတယ်။ တိုင်းပြည်ရဲ့  အနာဂတ်ကို အာမခံတဲ့ ပါတီကိုမဲ
ပေးကြရမှာဖြစ်ပြီး အာဏာရှင်ကို မဲမပေးမိဖို့  အရေးကြီးပါတယ်။ပြည်သူ့ အင်အားနဲ့  အာဏာ
ရှင်လက်ထဲရောက်နေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ရယူနိုင်ရန် သမိုင်းပေးတာဝန်တရပ်ဖြစ်လာ
နေသည်။

တိုင်းပြည်၏ အပြောင်းအလဲကိုလိုချင်ရင် ဒီမိုကရေစီအင်အားစုတွေကို ရွေးချယ်ရမှာဖြစ်သလို
အင်အားကြီးတဲ့ပါတီက မဲများများရမှ အစိုးရသစ်ကို ဖွဲ့ စည်းနိုင်မှာဖြစ်ပါတယ်။ လူထုခေါင်းဆောင်
ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရလုပ်ချင်ပါတယ်။
အာဏာရှိမှ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်မည်လို့  ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါ
တယ်။ ရွေးကောက်ပွဲမှာ ပါတီ အများအပြားပါဝင်မှာဖြစ်သော်လည်း အဓိက အင်အားကြီးပါတီ
ဖြစ်တဲ့ ကြံဖွတ်နဲ့  NLD က ပြိုင်ရမှာသေချာပါတယ်။ နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာ
ရှင် တွေကတော့ ကြံဖွတ်ပါတီဖြစ်ပြီး လွှတ်တော်မှာ ပြည်သူဆန္ဒမပါဘဲ ၂၅ % ပါဝင်နေကာ
ကြံဖွတ်ပါတီကို အင်အားဖြည့်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်တပ်ကြီးဆိုးတဲ့စနစ်ကို
သွားမှာ ဖြစ်တဲ့အတွက် စစ်သားလူထွက်တွေကိုဘဲ ထောက်ခံမှာဖြစ်တယ်။ ကျန် လွှတ်တော်ရဲ့ 
နေရာက ၇၅ % ဆိုတော့ တိုင်းရင်းသားတွေက ၁၀%လောက်ဖြစ်နိုင်တယ်၊ကြံဖွတ်ကတော့
ပြည်သူတွေလက်မခံတော့ဒါကြောင့် ၅ %မှာထားမှဖြစ်မယ်။ဒါဆို ၇၅-၁၅ (၆၀) ကျန်နိုင်တယ်
ဒါဆိုရင် အစိုးရဖွဲ့ ခွင့်ရနိုင်ပါတယ်။ ကြံဖွတ်ကိုတော့ ၅ %ထက်ပိုမပေးတာကောင်းတယ်။
၂၅ % က စောင့်နေတဲ့အတွက် အန္တရယ်ရှိပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၁၀၀%
ပြည်သူကိုတောင်းဆိုနေရတာပါ။ ၇၅% ကို အပြည့်အ၀ နိုင်မှ အပြောင်းအလဲကို လုပ်နိုင်မှာ
ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့  သတိရှိရှိနဲ့  မိမိတို့ လိုချင်တဲ့အပြောင်းအလဲဖြစ်ရန် NLD
ပါတီတစ်ခုထဲကိုသာ ပုံအောမှ အနိုင်ရနိုင်မှာဖြစ်ပါတယ်။ NLD အနိုင်ရဖို့ ထက် စနစ်တစ်ခု
ပြောင်းလဲနိုင်ဖို့ ကအရေးကြီးပါတယ်။ ဒါကြောင့် အသေအလဲ  စည်းရုံးရေးတွေလုပ်နေကြရတာ
ပါ ဒီတစ်ကြိမ်လွတ်သွားရင် နောက် ၅ နှစ်ပြည်သူတွေ ဒုက္ခအမျိုးမျိုးခံရမှာကို မလိုလားပါ။ ဖြစ်သင့်
ဖြစ်ထိုက်တဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ အချိန်ရှိခိုက် လုံးလစိုက်ပြီး စနစ်တစ်ခုအပြောင်းအလဲ
ရေးကို ရအောင်လုပ်ကြရမည်ဖြစ်ပါသည်။

မြသိန်း

Tuesday, September 15, 2015

၂၀၁၅ ရွေးကောက်ပွဲသည် စနစ်တစ်ခုအပြောင်းအလဲ၏ အစဖြစ်သည်ဟု ပြည်သူများယုံကြည်

၁၅-၉-၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲနှင့်ပါတ်သက်၍ နိုင်ငံရေးလေ့လာသူအသိုင်းအ၀န်းမှ ပြည်သူတွေဟာ
အပြောင်းအလဲတစ်ခုကို လိုလားနေကြတယ်။မွန်ကြပ်နေတဲ့ မြန်မာနိုင်ငံရဲ့  ထွက်ပေါက်ဟာ
၂၀၁၅ ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူတွေအနေနဲ့  မိမိတို့ ရဲ့  နှစ်သက်ရာပါတီကို တရားမျှတ
စွာ လွတ်လွတ်လပ်လပ် ပေးနိုင်ဖို့  လိုအပ်တယ်လို့ ယူဆထားကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်သားတွေ မိမိတို့ နှစ်သက်
ရာကို လွတ်လွတ်လပ်လပ်ပေးနိုင်ပါတယ်လို့  ပြောဆိုထားတာကြောင့် တပ်တွင်းမှာ မိမိတို့ 
နှစ်သက်ရာ ခေါင်းဆောင်ကို မဲပေးဖို့  တာဆူနေကြပါတယ်။နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတို့ 
ရဲ့  ဘ၀အကြပ်အတည်းကို မိမိတို့  လက်တွေ့ ခံစားနေကြရတာကြောင့် မိမိတို့ ဘ၀တိုးတက်
စေမဲ့ အပြောင်းအလဲကို လိုလားနေကြပါတယ်။ နှစ်ပေါင်းများစွာ ခံစားနေကြရတဲ့ ၀န်ထမ်းများ
အဖို့  စားဝတ်နေရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်မဲ့ ခိုင်မာတဲ့စနစ်တစ်ဖြစ်ဖို့ နဲ့  နိုင်ငံ
တကာ ၀န်ထမ်းများရဲ့ အခြေခံလစာ အဆင့်ဖြစ်စေရန် ပြောင်းလဲလာမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ
စနစ်ကသာ အာမခံချက်ရှိမှာဖြစ်တယ်လို့  ၀န်ထမ်းများကြားမှာ သတင်းတွေထွက်ပေါ်နေပြီး
မဲပေးဖို့ ကို ရဲရဲဝံ့ဝံ့ရှိရမယ်လို့  ပြောဆိုသံတွေလဲ ကျယ်လောင်လာနေပါတယ်။

နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ ရွေးကောက်ပွဲကို အရင်ရွေးကောက်ပွဲတွေလို ဌာနဆိုင်ရာ
တွေမှာ မဲစုပြီး ပေးတာမျိုးတွေကို လက်မခံတော့ပါဘူး။ပွင်းလင်းလာတဲ့ မြန်မာနိုင်ငံမှာ သတင်း
တွေကလည်း မြန်ဆန်လွန်းတာဖို့  မဲမသမာမှုတွေရှိလာရင် တိုင်တန်းမှုတွေရှိလာနိုင်ပါတယ်။
ဒါဆိုရင် မဲမသာမှုရှိတဲ့ ပါတီကို အရေးယူခံရမှာဖြစ်တဲ့အတွက် ပါတီတွေဟာ သတိကြီးစွာနဲ့ 
လုပ်ဆောင်နေရတဲ့အတွက် ပြည်သူတွေ လပ်လပ်စွာမဲပေးခွင့်ကို အသုံးချလာလိမ့်မယ်လို့ 
မျှော်လင့်နေကြပါတယ်။ဝန်ထမ်းတွေအတွက် စိုးရိမ်မှုတွေရှိနေသောလည်း ၀န်ထမ်းများဟာ
ခေတ်နဲ့ အညီရင်ဘောင်တန်းနိုင်အောင် မိမိတို့ အခွင့်အရေး တားဆီးပိတ်ပင်တာကို လက်ခံ
မှာမဟုတ်ဘူးလို့  မြို့ နယ်ပညာရေးဝန်ထမ်းများက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရေးတွေကို လုပ်
ဆောင်နေကြပါတယ်။ သတင်းတွေရဲ့ အများအပြားဟာ NLD ပါတီရဲ့  သတင်းတွေကများပါတယ်။
သတင်းလောကမှာလည်း သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ချုပ်ချယ်မှုတွေရှိနေပြီး သတင်းလွတ်
လပ်ခွင့်အတွက် စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်ဖို့  သတင်းသမားတွေရဲ့ တာဝန်ဖြစ်ပြီး
စနစ်တစ်ခုပြောင်းလဲရေးမှာ သတင်းလောကပွင့်လင်းလာစေဖို့  စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း
ကဏ္ဍကိုမြှင့်တင်ရန် အရေးကြီးပါတယ်။ ရွေးကောက်ပွဲသတင်းများကို ကျယ်ကျယ်ပြန့် ပြန့် 
 ဆောင်ရွက်နေကြတာကြောင့် နိုင်ငံအနှံ NLD ရဲ့  အောင်မြင်မှု မြင့်တက်လာနေပါတယ်။

ပြောင်းလဲဖို့ အချိန်တန်ပြီ ဖြစ်တာကြောင့် အာဏာရှင်စနစ် မှ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တစ်ခု
 ပြောင်းလဲနိုင်ဖို့  ပြည်သူတွေဟာ အချင်းချင်းအပြန်အလှန် နှိုးဆော်မှုတွေ လုပ်နေကြပြီး အပြောင်း
အလဲကို လိုချင်ရင် မဲပေးကြဖို့ ဟာ ပြည်သူအားလုံးရဲ့  တာဝန်ဖြစ်တယ်။ မိမိတို့ အခွင့်အရေး မိမိ
တို့  ရရှိအောင်ကြိုးစားဖို့ လိုတယ်လို့  ဆိုကြပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းမှာတော့ ပြည်သူရဲ့ 
ထောက်ခံမှုကို အများဆုံးရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
ပါတီ NLD က တစ်နိုင်ငံလုံး ရဲရဲနီအောင် အရှိန်မြှင့်တင်၍ စည်းရုံးရေးကို အားထည့်ဆောင်ရွက်
နေတာ တွေရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း NLD ကို မဲပေးလိုက်လို့ ရှိရင် ဒီမိုကရေစီရဲ့ 
အရသာကို သိရပါစေ့မယ်လို့  ရဲရဲဝံ့ဝံ့ အာမခံထားပါတယ်။

မြသိန်း

Friday, September 11, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရတွင် တာဝန်ရှိ

၁၁-၉-၂၀၁၅
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများနှင့်
အတူ နိုင်ငံတကာမှ စိတ်ပူနေကြပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ဗဖင်ဖြစ်သူ ဗိုလ်ချုပ်
အောင်ဆန်းဟာ ပြည်သူချစ်တဲ့ နိုင်ငံရေးထင်ရှားသူခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
လွှတ်လပ်ရေးကြိုးပမ်းမှုမှာ ထက်မြက်သူတစ်ဦးဖြစ်သလို့ ပြည်သူများနှင့် နိုင်ငံခြားသားများပါ
လေးစားရတဲ့သူဖြစ်ပါတယ်။လွတ်လပ်ရေးမရခင် မသမာသူတွေရဲ့ လက်ချက်နဲ့  လုပ်ကြံခံခဲ့ရ
ပါတယ်။ပြည်သူများ ရင်ကွဲပက်လက် မျက်ရည်ကြီးစွာကျခဲ့ရပြီးတန်ပိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်
ဆုံးရှုံးခဲ့ရကာ တိုင်းပြည်ကဆင့်ကလျှားဖြစ်ပြီယနေ့ အချိန်အထိ လွတ်လပ်မှုမရရှိသေးကြောင်း
သမိုင်းကသက်သေပြနေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံအဖို့  တန်ဖိုးမဖြတ်နိုင်သော
 ရတနာတစ်ဦးပါ။တိုင်းပြည်က ဆင်းရဲပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ကြိုးစားအား
ထုတ်မှု သတိဟာ ကမ္ဘာကို လွှမ်းမိုးစေခဲ့ပါတယ်။အာဏာရှင်ခေတ် တော်လှန်တော်လှန်ရေး
သမိုင်းမှာ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ဖိဆန်ရဲသူ သံမဏိ သတ္တိရှင်တစ်ဦးအဖြစ် ကမ္ဘာမှာထင်ရှားပြီး
 ငြိမ်ချမ်းရေးနိုဘယ်ဆုရှင်လည်း ဖြစ်ပါတယ်။ပြည်သူအများကလည်း ရိုးသားကြိုစားသူ
သစ္စာ သမာဓိနဲ့ ပြည့်စုံသူ မှန်ကန်မှုကို လိုလားသူအဖြစ် ပြည်သူများက လေးစာကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမှာ ငြိမ်ချမ်းစွာအသွင်ကူပြောင်းရေးကိုအားထားပြီး စစ်မှန်တဲ့
ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ နဲ့ 
 ပြည်သူများ မှန်မှန်ကန်ကန် မဲပေးကြဖို့  မယ်ဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေရာမှာ အစိုးရမှ
လုံခြုံရေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။တာဝန်ယူသော ရဲဝန်ထမ်းများ
ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်လုံခြုံရေးဟာ တိုင်းပြည်အတွက်အလွန်းအရေး
ကြီးပါတယ်။ မသမာသူများ နှောက်ယှက်သူများ ရှိနိုင်ပါတယ်။ထို့ ကြောင့်အစိုးရအနေနှင့် ကျပ်ကျပ်
မတ်မတ် လုံခြုံရေးချပေးဖို့ လိုပြီး နိုင်ငံတစ်ကာမှာလည်း ထင်ရှားပြီး လူချစ်လူခင်ပေါ်များသော
 ခေါင်းဆောင်များကို ရွေးကောက်ပွဲကာလမှာအစိုးရက လုံခြုံရေးတာဝန်ယူပေးကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဟာ မြန်မာအစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံရေးတာဝန်ယူထားသော အဖွဲ့ အချုပ်အဖွဲ့ ဝင်များမှာလည်း
စည်းကမ်းရှိရှိ စနစ်တကျ ဖိဖိစီးစီးတာဝန်ယူကြရပါမည်။ပြည်သူများအနေဖြင့် ဟောပြော
ပွဲတွေမှာ မိမိတို့ ၏ ပါတ်ဝန်းကျင်နှင့် မသင်ကာသူများရှိပါက လုံခြုံရေးတာဝန်ရှိသူထံတိုင်ကြားရမည်။
ထိုသို့  တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တာဝန်ယူမှု တာဝန်သိမှုဖြင့် လုပ်ငန်းဆောင်တာများကို
တာဝန်ကျေပြွန်ဖို့ လိုကြောင်း အကြံပြုအပ်ပါသည်။

ဒီမိုကရေစီပန်းတိုင် အောင်မြင်စွာ ဆွတ်ခူးနိုင်ပါစေ။

မြသိန်း

အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယားပြည်သူများမှ တစ်ခဲနက်ထောက်ခံ



၁၀-၉-၂၀၁၅
ဘောလခဲမြို့
အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်တိုင်းရင်းသားပြည်သူများအား
 ရွေးကောက်ဆိုင်ရာ အောင်နိုင်ရေးမိန့်ခွန်း ကယားပြည်နယ် ဘောလခဲမြို့တွင် ပြော ကြား
ခဲ့သည်