အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ် များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန်
လိုအပ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ
RCSS တို့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။
...
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးမှု ကဏ္ဍများတွင် နှစ်ဖက် အဖွဲ့အစည်းများ သာမက တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် စသည့် အဓိက အဖွဲ့အစည်း ခေါင်းဆောင်အားလုံး တက်တက်ကြွကြွ ပါဝင်ရန် လိုအပ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး
ရွက်ဆစ်တို့ တွေ့ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်းKNU အတွင်းရေးမှူး ဖဒို မန်းငြိမ်းမောင် က ပြောကြားသည်။
“ပြည်ထောင်စု ညီလာခံ တစ်ရပ် ကျင်းပနိုင်အောင် ကြိုးစားဖို့လည်း နှစ်ဖွဲ့ သဘောတူခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။