Thursday, September 25, 2014

အမျိုးသားပညာရေးဥပဒေ မုံရွာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) များကွန်ရက်မှ သဘောထားထုတ်ပြန်ချက် လှုပ်ရှားမှု


 ၂၀၁၄-၉-၂၅
၂၄၊ ၉၊ ၂၀၁၄ ရက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေ
အပေါ်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)များကွန်ရက်၊ မုံရွာမှ သဘောထားထုတ်ပြန်ချက် (Statement) တစ်စောင်အား လက်ကမ်းဖြန့်ဝေခြင်း လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ခြင်း။
ဒီကနေ့ ၂၄၊ ၉၊ ၂၀၁၄ ရက်၊ မွန်းလွဲပိုင်း ၂ နာရီခွဲခန့်အချိန်တွင်၊ မုံရွာတက္ကသိုလ်၌ (Statement) တစ်စောင်အား လက်ကမ်းဖြန့်ဝေခြင်း လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။
အဓိက ကတော့ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေအပေါ်၊
“ အမျိုးသားပညာရေးဥပဒေသည် နိုင်ငံ၏ပညာရေးဏ္ဍတွင်သာမက တစ်မျိုးသားလုံး၏ အနာဂတ် ကံကြမ္မာနှင့်ပါ၊ တိုက်ရိုက်သက်ဆိုင်နေသော အမျိုးသားပညာရေးဥပဒေတွင် ဒီမိုကရေစီ ပညာရေး စံချိန်စံညွှန်းများ၊ ပညာရေးလွတ်လပ်ခွင့် (Academic Freedom) ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အချက်များ ပါဝင်သည့်အပြင် ကျောင်းသားများ၊ ဆရာများ၊ ပညာရှင်များနှင့် မိဘပြည်သူများ၏ တောင်းဆိုချက်များကို လျစ်လျူရှုငြင်းပယ်သည့်အတွက် ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) များကွန်ရက်၊ မုံရွာမှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည် “ဟု သိရပါသည်။
အေးမြမြလွင်(ချင်းတွင်းမင်းသမီး)
မုံရွာ