Friday, August 1, 2014

အစိုးရ ပြန်ကြားရေးဝန်ကြီး ရွေးချယ်ရာတွင် ဂုဏ်သိက္ခာရှိ၍ ပြည်သူလေးစားသောသူ ဖြစ်ရန်လိုအပ်

၂၀၁၄-၈-၁
နေပြည်တော်- မိမိသဘောဆန္ဒအရဟု ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်သည့် ပြန်ကြားရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့ နေရာတွင် ဒုတိယ၀န်ကြီးများဖြစ်ကြသော ဦးရဲထွဋ်နှင့် ဒေါက်တာသန်းအောင်
တို့ကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့လိုက်ပြီဖြစ်
ကြောင်း သတင်းများထွက်ပေါ်နေပြီး ဒု- ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးခန့် 
အပ်ဖို့ သမ္မတမှ အဆိုတင်ထားသည်ဟု သိရှိရသည်။

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) နှင့်
 ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ၊ဦးအောင်ကြည်
နှင့် ဒေါက်တာဖေသက်ခင်တို့ကို နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကို သမ္မတရုံးက (အမိန့်အမှတ်၊
၁၇/ ၂၀၁၄) ဇူလိုင်လ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ အကျပ်အတည်းတွေ ဖြစ်လာတိုင်း ဝန်ကြီးတွေကို ဖြုတ်ချတာ၊ အနားပေးတာမျိုး တောက်လျှောက် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ဒီလို ဝန်ကြီးတွေ အပြောင်းအလဲ လုပ်တာကို ပြုပြင်ပြောင်းလဲရေး တတိယ လုပ်ငန်းစဉ်လို့ အမည် တပ်ခဲ့ပါတယ်။

 ပြန်ကြားရေးဝန်ကြီးအဖြစ် အစိုးရက တင်ထားတဲ့ ဦးရဲထွဋ်ဟာ သူ့ ရဲ့ ဖေ့စ်ဘုတ်ကနေ
ဘာသာရေးနဲ့ လူမျိုးရေး ကိစ္စအမျိုးမျိုးကို ရေးသားဖော်ပြခဲ့ပါတယ်။ အစိုးရကိုဖားပြီးပြောဆိုခဲ့
တာတွေကြောင့် ထွက်ထွက်ပြီးဖာရတဲ့ ဖာရဲထွဋ်လို့  နာမည်ကြီးသူဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့  တည်ငြိမ်အေားချမ်းရေးကော်မတီ  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
ကို ဦးရဲထွဋ်ရဲ့  ကျင်ယာမဟေသီက သူ့ ရဲ့ ဖေ့စ်ဘုတ်မှာ ပိုတိုရှောက်ပုံတွေတင်ပြီး သိက္ခာကျ
အောင်ဖော်ပြခဲ့တာကြောင့် လွှတ်တော်မှာ ဦးရဲထွဋ်က တောင်ပန်ခဲ့ရပါတယ်။ မီဒီယာ လွတ်လပ်ခွင့် ကိုလည်း ခြိမ်းခြောက် ပြောဆိုတာလည်းရှိခဲ့ဘူးတယ်။ နိုင်ငံရေးအခက်အခဲများဖြစ်အောင်
 ဝေဖန်ရေးသားထားတာတွေ့ ရပြီး သူ့ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဘာသာရေး၊လူမျိုးရေးများ
ပြသနာများဖြစ်စေနိုင်သော အရေးအသားများကိုတွေ့ ရပါတယ်။ ရိုသားမှုမရှိ၊အကျင့်သိက္ခာမဲ့သူ၊
ထင်ရာပြော ထင်ရာလုပ်ပြီး တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာနဲ့  အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါ
တယ်။အကျင်းစာရိတ္တပျက်ပြားသူ ဘက်လိုက်မှုရှိသူတယောက်ကို ပြည်ကြားရေးဝန်ကြီးအဖြစ်
မထားသင့်ပါ။

 မြန်မာ့ မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ဂုဏ်သိက္ခာရှိသူ၊ နိုင်ငံတကာ အဆင့်မီသူ
သတင်းသမားကြီးတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။အစိုးရ အဖွဲ့ မှာ အရပ်သားပါဝင်မှုအားနည်း
နေပြီး စစ်သားလူထွက်တွေကို ၀န်ကြီးတွေခန့် အပ်ခဲ့မှု့ ကြောင့် အပြောအဆိုမတတ် ရှိုင်းဆိုင်းစွာ
ဆက်ဆံမှုတွေရှိခဲ့လို့  ပြည်သူတွေဟာ လက်ရှိအစိုးရဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီကို ထောက်ခံမှု
အားနည်လာနေတာကို တွေ့ ရပါတယ်။

Eleven ဂျာနယ်က သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို အသရေ ဖျက်မှု၊ ပိုက်နက် ကျူးလွန် စတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၃ လ ချခဲ့ပါတယ်။ 

Unity ဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကိုအောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်တာဟာ တရားဥပဒေ
စိုးမိုးရေးကို ခြိမ်းခြောက်နေပြီး တရားစီရင်ရေးရဲ့ နောက်ကွယ်မှာ စစ်တပ်က ပါဝင်နေတယ်
ဆိုတာ တရားသူကြီးရဲ့  ပြောဆိုချက်အရ သိရှိခဲ့ရပါတယ်။ ဥပဒေအထက်မှာ မည်သူမျှမရှိစေရ
လို့  အစိုးရမှ ပြောဆိုထားသောလည်း တရားစီရင်ရေးရဲ့ အထက်မှာ စစ်တပ်က ရှိနေတာဟာ
မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံရမှု ဖြစ်ပါတယ်။

အစိုးရနဲ့ လွှတ်တော်က ဆွေးနွေးနေတဲ့ မီဒီယာ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့
ကိုက်ညီမှု မရှိတဲ့အပြင် တချို့ ဥပဒေတွေကို မီဒီယာသမားတွေနဲ့ ညှိနှိုင်းခြင်းမရှိဘဲ အစိုးရက တဖက်သတ် ဆောင်ရွက်နေတာတွေဟာ လက်ခံနိုင်ဖွယ်မရှိ၊နိုင်ငံတကာနှင့် အဆင့်မှီတဲ့
စာနယ်ဇင်းနဲ့  မီဒီယာ ဥပဒေတွေကို လွတ်လပ်စွာ ပြဌာန်းနိုင်ဖို့  လိုအပ်ပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမား အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ရပ်တည် တိုက်ပွဲဝင်ဖို့ လိုပါတယ်။မီဒီယာကောင်စီကို အခိုင်မာဖွဲ့ပြီး အာဏာပိုင် အဖွဲ့ မျိုးစုံရဲ့ ဖိနှိပ်မှုတွေကို လက်မခံဖို့ ၊မီဒီယာအခွင့်ရေး အပြည့်အ၀ ရအောင် လက်တွဲဆောင်ရွက်နိုင်မဲ့ ဂုဏ်သိက္ခာရှိပြီး
မီဒီယာအမြင်ကျယ်တဲ့ ၀ါရင့်ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ဖို့  တင်ပြအကြံပြုရန်လိုအပ်ပါတယ်။

မြသိန်း