Saturday, July 26, 2014

PR စနစ်သည် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများကို အကျိုးမပြု ဘဲ အာဏာရှင်ကို သက်ဆိုးရှည်အောင် ဆွဲဆန့် သော စနစ်တခုဖြစ်သည်


၂၀၁၄-၇-၂၆
ပြည်သူက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးတဲ့ အနိုင်ရသူ အာဏာယူတဲ့ ( FPTP ) စနစ်ဖြစ်ပါတယ်၊၊

ပြည်သူက ကြိုက်နှစ်သက်သည့် ပါတီကိုရွေးချယ်ပြီး မဲအရေအတွက်နဲ့  အချိုးကျကိုယ်စားလှယ် ( PR ) စနစ်ဖြစ်ပါတယ်၊၊

FPTP (ကိုယ်စားလှယ်ရွေး)စနစ်နဲ့  PR (ပါတီရွေးစနစ်)တို့ ရဲ့ ကွာခြားချက်ဟာ ပြည်သူ့ ဆန္ဒကို အလေးထားမှု အပေါ်တွင်တည်ပါသည်၊၊ ပြည်သူတွေဟာ မိမိတို့ ကိုယ်စားလှယ်ကို မိမိတို့ 

ဆန္ဒအရ ရွေးချယ်တင်မြောက်ကာ အစိုးရ တရပ်ကိုဖွဲ့ စည်းစေပြီး။ ငြိမ်းချမ်းရေးနဲ့  ဥပဒေစိုးမိုးရေး မရှိသေးသော မြန်မာနိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် (ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေး)
တို့ ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ တိုင်းပြည် ပြန်လည်တည်ဆောက်နိုင်ဖို့  ဆုံးဖြတ်ချက်များ

 ချမှတ်ရာတွင် ပြတ်ပြတ်သားသားရှိသည့် အနိုင်ရသူအာဏာယူစနစ် ( FPTP ) သည် လက်ရှိ
 နိုင်ငံရေးအခြေအနေအရ အကောင်းဆုံး စနစ်ဖြစ်ပေသည်၊၊


စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုဆန့်ကျင်သူ

တိုင်း(ပါတီတိုင်း)ဟာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး အာဏာရ အစိုးရ(ပါတီ)ရဲ့ လက်ကိုင်ဒုတ်
အဖြစ်နဲ့  (PR)စနစ် ကို ထောက်ခံနေကြပြီး အာဏာရှင်သက်ဆိုးရှည်စေမည့် ညွန့် ပေါင်းအစိုးရ 
ပုံစံဖြင့် အာဏာကို မက်မောသူများသာဖြစ်ကြတယ်။
တိုင်းရင်းသားများ၏ ညီညွတ်ရေးကို ပျက်ပြားစေမည့်အပြင် မြန်မာနိုင်ငံတွင် ကျင့်သုံးရန်မှာ လက်တွေ့ 

ပကတိအခြေအနေ များအရ ကိုက်ညီခြင်းမရှိသဖြင့် ကျင့်သုံးရန် မသင့်တော်သေးပါ။ နိုင်ငံနဲ့ ပြည်သူ
တွေတိုးတက်အောင် မလုပ်ပဲ ကိုယ်ကျိုးရှာတဲ့ '' ပီပီပြင်ပြင် အာမဲ့ '' (PR) စနစ် ကို လက်မခံကြဖို့ 
 နှိုးဆော်အပ်ပါတယ်။

မြသိန်း