Tuesday, July 22, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း



၂၀၁၄-၇-၂၂
ကျေးဇူးတင်တယ်ဆိုရင် ကျေးဇူး ဆပ်ဖို့လိုပါတယ်။ ဘယ်လိုကျေးဇူးဆပ် မလဲဆိုရင် ကျွန်မတို့က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ ကျွန်မ တို့ဟာ အာဇာနည်နေ့ကို တကယ်ပဲ
 ကျေးဇူးတင်တယ်၊ တကယ်ပဲ စိတ်ထဲမှာ အမှတ်တရရှိနေတယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့
 နိုင်ငံရေးပြဿနာတွေကို ဘယ် တော့မှ အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်း သင့်ဘူး၊ လက်နက်နည်းနဲ့ မဖြေရှင်းသင့် ဘူး၊ မှန်ကန်တဲ့နည်းတွေနဲ့ ဖြေရှင်းသင့် တယ်ဆိုတာကို ကျွန်မတို့ သဘောပေါက် 
ရမှာပဲ။ မှန်ကန်တဲ့နည်းတွေက ဘာလဲ ဆိုရင် ကျွန်မတို့ အခုဆိုရင် ဆယ်စုနှစ် သုံးခုလောက်
ရှိသွားပါပြီ၊ ဒီမိုကရေစီရရှိ ရေးအတွက် ကျွန်မတို့နိုင်ငံက ကြိုးပမ်း ခဲ့ကြတာ။ 

အဲဒါဘာကိုလိုချင်လို့လဲဆို တော့ ပြည်သူပြည်သားတွေကို တန်ဖိုး ထားတဲ့စနစ်တစ်ခုကို 
 ကျွန်မတို့နိုင်ငံမှာ အခြေခိုင်စေချင်လို့ပါ။ ဒီမှာ ဒီမိုကရေစီ အကြောင်းပြောနေရင် တော်တော်နဲ့ ရှည်သွားပါလိမ့်မယ်။ တိုတိုနဲ့ပြောရင် ကျွန်မတို့ပြည်သူပြည်သားတွေကို လေး စားတဲ့စနစ်တစ်ခုကို ခိုင်မာအောင်လုပ် ချင်လို့ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင် တာပါ။ အဲဒီတော့ ကျွန်မတို့ရဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေ ဟာဆိုရင် လည်း မြန်မာနိုင်ငံကို လွတ်လပ်စေချင် လို့ဆိုပြီးတော့ လှုပ်ရှားသွားတာပါ။ 

လွတ်လပ်ရေးနဲ့ပတ်သက်ရင် ဖေဖေ ကိုယ်တိုင်ပြောသွားပါတယ်။ လွတ်လပ် တဲ့နိုင်ငံတစ်နိုင်ငံ

အတွက်ဆိုရင် ဒီမို ကရေစီစနစ်သာ ထိုက်တန်တယ်ဆိုပြီး တော့ ပြောသွားပါတယ်။ အဲဒါကြောင့် 
မို့လို့ လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုဟာ ဆက်နွှယ်နေပါတယ်။ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေနဲ့ပတ်သက်လို့ တကယ်ကျေးဇူး တရားရှိတယ်ဆိုရင် အာဇာနည်ခေါင်း ဆောင်ကြီးများမျှော်မှန်းခဲ့တဲ့ လွတ်လပ် တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုထူထောင်ဖို့ဆို 
တာ ကျွန်မတို့ ဆက်ပြီးတော့လုပ်သွားဖို့ တာဝန်တွေအများကြီးရှိပါတယ်။ တာဝန် ကျေခြင်းဟာ အမှန်ကန်ဆုံး၊ အထိရောက် ဆုံးဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ အာဇာနည်နေ့မှာဆိုရင် မျက်ရည်ကျဖို့ မဟုတ်ဘူး။ သန်္နိဋ္ဌာန်ချဖို့ပါပဲလို့ကျွန်မက ဒီလိုပဲ စိတ်ထဲမှာထားပါတယ်။ အာဇာ နည်နေ့မှာဆိုရင် သံန်္နိဋ္ဌာန်ချရမှာက ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင် ကြီးများ လိုလားခဲ့တဲ့ လွတ်လပ်တဲ့ ဒီမို ကရေစီပြည်ထောင်စုကြီးကို ခိုင်မာလာ အောင်လို့ ဆက်ပြီးတော့ ကြိုးစားသွား ကြမယ်ဆိုပြီးတော့ ဒီလိုကျွန်မတို့က သံန်္နိဋ္ဌာန်ချရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်
၆၇နှစ်မြောက် အာဇာနည်နေ့အခမ်းအနား