၁၇.၇.၂၀၁၄ ရက် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ တက်ရောက်ခဲ့ပြီးနောက်နေ့ လည်
(၁း၀၀)နာရီတွင် ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
ဥက္ကဌ နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့် အစိုးရရုံးအမှတ်(၁၈) တွင် တရားဥပဒေ စိုးမိုးရေးစင်တာများ ဖွင့်လှစ်နိုင်ရန်အတွက်တွေဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့  အဖွဲချုပ် ဥက္ကဌ နှင့်အတူ အတွင်းရေးမှုး ဦးဝင်းမြင့် ပြည်သူလွှတ်တော် တရားစီရင်ရေးကော်မတီမှ ဦးခင်မောင်ဝင်း၊ ပြည်သူ့ လွှတ်တော်ပြည်သူ့ ရေးရာကော်မတီမှ Dr.အောင်မိုးညို၊၊ ပြည်သူ့ 
လွှတ်တော်ရုံးမှ ညွန်ကြားရေးမှူး Dr.ထူးမောင်တို့ တက်ရောက်ပြီး အစိုးရအဖွဲ့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။



