Monday, June 23, 2014

နိုင်ငံတစ်ဝှမ်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ယူရာတွင် ရဟန်းရှင်လူပြည်သူများ ၀န်ထမ်းများ ပူးပေါင်းပါဝင် ဆန္ဒပြု

၂၀၁၄-၆-၂၃
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပြည်နယ်အသီးသီးတွင်
 ပြည်သူများအသိပညာရရှိစေရန် ရည်ရွယ်ပြီး ဟောပြောပွဲများကို ကျင်းပနေကြသည်။အမြို့ မြို့ 
အနယ်နယ်မှ ရဟန်ရှင်လူ ပြည်သူများက မိမိတို့ ၏ နိုင်ငံသားအခွင့်အရေးနှင့် လူ့ အခွင့်အရေး တိုင်းရင်းသားများ၏ အခွင့်အရေးများအပြည်အ၀ရရှိစေရန်နှင့် အလုပ်သမား လယ်သမား
 ကျောင်းသားများ၏ အခွင့်အရေး များ စစ်မှန်သော ဒီမိုကရေစီနှင့်စစ်မှန်သော ပြည်တွင်းငြိမ်းရရှိရန်
အတွက် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အဓိက အရေးကြီးဆုံးဖြစ်ပြီး ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်သော ကျန်အရာအားလုံး ပြင်ဆင်နိုင်
မည်ဖြစ်ပေသည်။ ထို့ ကြောင့် ရဟန်းရှင်လူပြည်သူများ ၀န်ထမ်းများ ပူးပေါင်းပါဝင်ကာ မိမိတို့ ၏
ဆန္ဒဖြင့် လက်မှတ်များရေးထိုးကြသည်။

စစ်မှန်သော ဒီမိုကရေစီနိုင်ငံထူထောင်ရန်အတွက် ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်။

မြသိန်း