Tuesday, February 11, 2014

နေမျိုးဝေရဲ့  ခေတ်နောက်ပြန်ဆွဲမဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ပြည်သူတွေလက်မခံ


၂၀၁၄-၂-၁၁(မန္တလေး)
နေမျိုးဝေဦးဆောင်တဲ့ အဏာရှင်လက်ကိုင်တုတ်အဖွဲ့ ဟာ ၂၀၀၈ အခြေခံဥပဒေမပြင်ဆင်ရေး ဟောပြောပွဲကို ပြုလုပ်ခဲ့ရာ တက်ရောက်သူ ၂၀၀ လောက်သာရှိတယ်လို့ သိရှိရပါတယ်။

စစ်အစိုးရရဲ့  မတရားရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲများကို
NLD က ပြည်နယ်အသီးသီးမှာပြုလုပ်ခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ဆန္ဒခံယူရရှိထားပါ
တယ်။ လွှတ်တော် ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာမှာလည်း ၉၀%ကျော်ပြင်ဆင်ရန်အတွက် အကြံပြုလွှာပေးပို့ ထားပါတယ်။လေ့လာသုံးသပ်ရေးကော်မတီသို့ 
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ မပြင်ဆင်ရန်၁၀၆၁၀၂ ဦးလက်မှတ်
ထိုးပေးပို့ ခဲ့သော်လည်း လူတစ်ဦးတည်းက လုပ်ထားတာကို စစ်ဆေးတွေ့ ရှိရပြီး လက်မှတ်တုများ
ဖြစ်နေတာကိုတွေ့ ရှိရပါတယ်။

အခြေအနေသိသိကြီးနဲ့  မပြင်ဆင်ရေးအတွက် အာဏာရှင်စနစ်သက်စိုးရှည်အောင်နေမျိုးဝေက
ဦးဆောင်ပြီး ပြည်ခိုင်ဖြိုးပါတီ ဦးအောင်သိန်းလင်းက ကူညီဆောင်ရွက်ခဲ့တာ ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့
တဲ့ပွဲက ပုံကိုကြည့်ရင် နောက်ကကြိုးကိုင်နေသူတွေဟာ စစ်အာဏာရှင်တွေဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ဒါကိုသိတဲ့ပြည်သူလူထုကြီးကလည်း ခေတ်နောက်ပြန်ဆွဲမဲ့ အုပ်ချုပ်ရေးစနစ်ကို လက်မခံပဲပူးပေါင်းပါဝင်ခြင်းမရှိပါ။နေမျိုးဝေရဲ့ ဟောပြောပွဲတွေမှာ အင်အားနည်းနေတာကို
တွေ့ ရပါတယ်။

အာဏာရှင်တွေသက်စိုးရှည်စေမဲ့စနစ်ကို ပြည်သူတွေလက်မခံတော့ပါဘူး။လူတစ်စုကောင်းစား
ရေးအတွက် ပြည်သူတွေဟာအားမပေးကြတော့ပါ။အရင်ကအာဏာရှိသူတွေကို ကြောက်လို့  တစ်အိမ်တယောက်လိုက်ရမယ်လို့  ရခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ အပြောင်းအလဲတွေကြောင့် ပြည်သူတွေဟာ အတင်းအဓမ္မဆိုတဲ့ လုပ်ရပ်ကို လက်မခံတော့ပါ။ပြည်ခိုင်ဖြိုးပါတီဝင်ပဲဖြစ်ဖြစ်၊ NLD ပါတီဝင်ပဲဖြစ်ဖြစ် ခေတ်အခြေအနေအရ လူတစ်စုကောင်းစားဖို့  ပြည်သူတွေဟာ ဆင်ချင်သုံးသပ်
လာနေကြပါပြီ လက်လုပ်လက်စားသမားတွေရဲ့ ဘ၀ဟာ ဒုံရင်းကဒုံရင်ပါဘဲ၊အာဏာရှင်လူတစ်စု ကောင်းစားဖို့ လုပ်ရပ်ကို လက်ရှိပြောင်းလဲလာတဲ့အခြေအနေက မိမိတို့ ဆန္ဒမရှိရင် မလုပ်ပဲနေလို့ 
ရတဲ့ ခေတ်ကြီးထဲကို ရောက်လာနေပါပြီ အဓမ္မခိုင်းစေမှုများကို လက်မခံတော့ပါ။

တကယ်သူတို့ ကျင်းပတဲ့ တိုင်း ဟောပြောပွဲကို ပြည်ခိုင်ဖြိုးပါတီဝင်တွေတက်မယ်ဆိုရင် သိန်းကျော် တက်ရောက်နိုင်ပါတယ်။ပြည်ခိုင်ဖြိုးက ပါဝင်နေဒါသိသိနဲ့  မတက်ရောက်ကြတာဟာ ပြည်သူတွေရဲ့  ဆန္ဒဘယ်လိုရှိတယ်ဆိုတာလုပ်ကိုင်သူတွေ မသိကြဘူးနဲ့ တူတယ်။ ပြည်သူတွေဟာ ခေတ်မှီတိုးတက်
တဲ့ခတ်ကြီးကို ကောင်းကောင်းနားလည်နေကြပါပြီ၊ပြည်သူအားလုံးဟာ သူတို့ အဖွဲ့ ထင်သလိုညံတဲ့ထဲ
မှာမပါပါဘူး၊ အားလုံးဟာ မျက်စီတွေ နားတွေပွင့်ပြီး သတင်းတွေကို အချိန်နဲ့ တပြေးညီ သိရှိနေကြ
ပါတယ်။

ယခုတလော ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အမြို့ မြို့ အနယ်နယ်မှာ ဆက်တိုက်ဆို
သလို တောင်းဆိုလာကြတာကို မြင်တွေ့ ကြရမှာဖြစ်ပါတယ်။ တောင်းဆိုဆန္ဒပြပွဲများဟာ နိုင်ငံတ၀ှမ်း
ပြန့် နှံလာနေတာကို တွေ့ ရပါတယ်။

မြသိန်း