Wednesday, February 12, 2014

ပင်လုံစိတ်ဓာတ်အခြေခံသည့် ပြည်ထောင်စုပုံစံပေါ်ပေါက်ရန် သမိုင်းအချိုးအကွေ့သို့ရောက်ရှိနေဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၂၀၁၄-၂-၁၂
ပင်လုံစိတ်ဓာတ် အခြေခံသည့် ပြည်ထောင်စုပုံစံတစ်ခုပေါ် ပေါက်ရန်အတွက် သမိုင်းတစ်ပတ်လည်
ကာ အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေကြောင်း ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာ တွင် ဖော်ပြပါ
ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က (၆၇) ကြိမ်မြောက်ရှမ်းအမျိုးသားနေ့အတွက် ပေး ပို့သည့်သ၀ဏ်လွှာတွင် ““သမိုင်းတစ်ပတ်လည် တယ်လို့ပြောပြော ကျွန်မတို့ပြည်ထောင်စု ကြီးအတွက် အရေးကြီးတဲ့အချိုး
အကွေ့ တစ်ခုသို့ ရောက်ရှိနေတယ်လို့ပြောနိုင်ပါ တယ်။ ကျွန်မတို့တိုင်းပြည်ဟာ လက်ရှိဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ် လေ့လာပြီး ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ကြိုးပမ်းဆောင်ရွက်
နေချိန်ဖြစ်ပါတယ်။ အနာ ဂတ်ပြည်ထောင်စုကြီးအတွက် အရေးကြီး တဲ့ အချိန်ကာလလို့လဲပြော လို့ရပါတယ်။ ရှမ်း အမျိုးသားတွေဟာ စစ်မှန်တဲ့ ပြည်ထောင်စု ပုံစံတစ်ခုပေါ်ပေါက်လာဖို့အတွက်
လွန်ခဲ့တဲ့ ၆၇ နှစ်ကာလလိုပဲ ၀ိုင်းဝန်းကြိုးပမ်းအားထုတ် နေကြတယ်လို့ ယုံကြည်ပါတယ်””ဟုဖော်ပြ ပါရှိသည်။

၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၇ရက် ည ၉ နာရီခွဲတွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ရှမ်းတိုင်းရင်းသားလူမျိုး
ပေါင်းစုံ ၃၀၀၀ကျော် ၏ထောက်ခံမှုဖြင့် ရှမ်းပြည်နယ်နေ့ ပေါ် ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ကို အကြောင်း ပြုကာ ပြည်နယ်ပြည်မအသီးသီးမှ ခေါင်း ဆောင်များက ပင်လုံစာချုပ်ကို အောင်မြင် စွာလက်မှတ်ရေးထိုးနိုင်ခဲ့သည့် သမိုင်းဝင်နေ့ တစ်နေ့ဖြစ်ကြောင်းသိရသည်။


ရှမ်းပြည်နယ်နေ့ ကျင်းပရေးကော် မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းလင်းက ““ရှမ်းပြည် နယ်နေ့ဟာ
 လွတ်လပ်ရေး မရခင် ၁၉၄၇ခု နှစ်ကတည်းကရှိခဲ့တာကြောင့် အစဉ်အလာ ကြီးမားပြီး ဂုဏ်ယူဖွယ်
ကောင်းတဲ့ နေ့တစ်နေ့ လို့ပြောရင် မှားမယ်မထင်ပါဘူး။ ပြည်ထောင် စုနေ့ကိုအခြေခံတဲ့ ရှမ်းပြည်နယ်နေ့မှာ ပြည် ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ပြီး စစ်မှန်ပြည့်
ဝတဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်ကြဖို့ ဆန္ဒပြု ပါတယ်””ဟု ရန်ကုန်မြို့တွင် ကျင်းပသည့် ရှမ်းအမျိုးသားနေ့အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ရန်ကုန်မြို့ ရောက် ရှမ်းလူမျိုးများ၏ (၆၇)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ရှမ်းပြည် နယ်ဒေသအသီးသီးမှ ရှမ်းလူမျိုးများ၊
 စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များ၏ စုစည်းမှုအားဖြင့် ရှမ်းတိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် အစားအစာရောင်းချပွဲကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ရန်ကုန်မြို့တွင် ရှမ်းပြည်နယ်နေ့ ကို ၁၉၈၆ခုနှစ်မှစတင်ကာ ကရ၀ိတ်ခန်းမ ၌ ကျင်းပလာခဲ့ပြီး ယခုနှစ်အပါအ၀င် နှစ် ပေါင်း ၂၈ ကြာ နှစ်စဉ်ကျင်းပ ခဲ့ကြောင်း သိရသည်။

Yangon Media Group