Tuesday, October 22, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (EU) ရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံ

 
၂၀၁၃-၁၀-၂၂
ဒီနေ့ ၂၁.၁၀.၂၀၁၃ Luxembourg မြို့ စားကြီးနှင့် ကတော်အားမနက်ပိုင်းမှာတွေ့ဆုံ၊၂နာရီမှာ European Union နိုင်ငံခြားရေးရာ ကောင်စီနဲ့ နေ့လည်စာစားပြီး၊ ဒီကနေ့မှာတော့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ Luxembourg နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံခြားရေးရာ အစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းမှာ အဓိကအခက်အခဲဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ ညနေ ၆း၄၀ လောက် ပြင်သစ် Strasbourg ရှိ European Parliament ကိုသွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။