Tuesday, October 15, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်လျှင် တိုင်းရင်းသားများနှင့် ယုံကြည်မှု မတည်ဆောက်နိုင်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်လျှင် တိုင်းရင်းသားများနှင့် ယုံကြည်မှု မတည်ဆောက်နိုင်၊ ယုံကြည်မှု မရပါက ပြည်တွင်း ငြိမ်းချမ်းရေး မရယူနိုင်၊ ငြိမ်းချမ်းရေး မရရှိပါက အမျိုးသား ပြန်လည် သင့်မြတ်မှု မရနိုင်၊ သင့်မြတ်မှု မရဘဲနှင့် စစ်မှန်သော ပြည်ထောင်စု မပေါ်ထွန်းနိုင်၊ စစ်မှန်သော
 ပြည်ထောင်စု မဟုတ်လျှင် ဖွံ့ဖြိုး တိုးတက်မှု မဖြစ်နိုင်၊ ဖွံ့ဖြိုးတိုးတက်မှု မရှိလျှင် ပြည်သူများ ဆင်းရဲတွင်းက မလွတ်နိုင်၊ ထို့ကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ပြည်သူ့ ဆန္ဒ ဖော်ထုတ်ကြပါစို့ တပ်မတော် အပေါ်မှာ ကျွန်မထက် ယုံကြည်တဲ့သူ နည်းပါတယ်။ ကျွန်မ အများကြီး အဝေဖန် ခံရတယ်။ တပ်မတော်ကို ယုံကြည်ရကောင်းလား ခဏခဏ ကြားရ ဝေဖန်ကြတယ်။ ဒါပေမယ့် ဒါပေမယ့် ကျွန်မ ရပ်တည်တာက ဒီအတိုင်း ရပ်တည်တယ်။ပြင်ဆင်မယ် ဆိုလျှင် ဘယ်လို ဟာတွေကနေ စပြီး ပြင်မလဲ။ ဘယ်လို စမလဲ။ ဘယ်ဟာတွေကတော့ မဖြစ်မနေ ပြင်ရမယ်။ ကျွန်မတို့ မဖြစ်မနေ ပြင်ရမှာ ကတော့ ပြင်ပုံပြင်နည်းပဲ။အဲဒါကိုကနေ စပြီး ပြင်ရမှာ။ပြင်ဆင်ရေး ဆိုကတည်းက ကျွန်မတို့က အလှပြင်မှာမှ မဟုတ်ဘဲ။ ကော်မတီက နေပြီးတော့ ဟို စကားလုံးလေး ပြောင်းလိုက်၊ ဟို ၀ါကျလေး ပြောင်းလိုက်၊ ဒါမျိုးကို ကျွန်မတို့ မဖြစ်စေရဘူး။ ဒါကြောင့်မို့ ပြည်သူရဲ့ အသံ ထွက်လာဖို့ ပြည်သူ အများစုက ပြင်ဆင်ရေးကို လိုချင်တယ်။ ဘယ်လောက်ထိ ပြင်ဆင်ဖို့ လိုချင်တယ်၊ ဘယ်လို ပုံစံမျိုးနဲ့ သွားချင်လဲ ဆိုတဲ့ အသံထွက်လာလျှင် လွှတ်တော် ကော်မတီက ကျွန်မတို့ အသံကို နားမထောင်လို့ မရဘူး။ပြည်သူလူထု၏ဆန္ဒသဘောထားလိုပါသည်။