skip to main |
skip to sidebar

ငါတို့ ပြည်သူ့တပ်မတော်ဆိုတာ အမျိုးသားလွတ်မြောက်ရေးအတွက်
ပေးဆက်မှုပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်
(BIA- Burma Independence Army)၊ မျိုးချစ်ဗမာ့တပ်မတော် ( PBF- Patriotic
Burma Force) ၊ နောက် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA- Burma Defense Army) နဲ့
နောက်ဆုံး ဗမာတပ်မတော် (Burma Army) ( မြန်မာ့တပ်မတော် လို့ အဓမ္မပြောင်းထား
တယ် ) ဟာ တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းတို့ ရည်းမှန်းခဲ့တဲ့
လူမျိုးစုံ ပြည်သူ အမျိုးသားကာကွယ်စောင့်ရှောက်ရေးနဲ့ ဆန့်ကျင်ပြီး အဓမ္မအာဏာနဲ့ ဖိနှိပ်အုပ်ချုပ်ပြီး အမျိုးသားနိုင်ငံရေးလမ်းကြောင်ကနေ သွေဖိသွားခဲ့တယ် ။
အရင်တုံးက ငါတို့သည် အမိမြေ ကျေးဇူးရှင်ပြည်သူ တွေ နဲ့ အမိနိုင်ငံ အချုပ် အခြာအသက် အိုးအိမ် စည်းစိမ်း လုံခြုံမှု ကို အသက်ပေး ထိန်းသိမ်း ကာကွယ်
ပါမည် ဆိုတဲ့ ငါတို့ တပ်မတော်ဟာ ပြည်သူအားလုံးက ဘယ်လိုပုံစံမျိုး နဲ့ သွား
သွား ဘယ်လိုပုံစံမျိုး နဲ့ ပြန်လာ ပြန်လာရင် နေရာ အားလုံးက အရင်တုံးက
ပြည်သူ.တပ်မတော် ကို အောင်စစ်သည်များကို ပန်းနဲ့ ကြို ဆိုပါ တယ်။ အနမ်းနဲ့ ကြို အလွမ်းနဲ့ ကြိုခံခဲ့ရတယ်,,,လေးစားခံခဲ့ရတယ်,,,
ခုမြင်နေရတဲ့ပုံက တပ်မတော်ဟာ အာဏာရှင် မတရားမှုတွေကို အကာအကွယ် ပေးပြီး ။
အမျိုးသားရေးကို သစ္စာဖောက်တယ် ၊ ခုတော့ ဘာသာ သာသနာကိုပါ သစ္စာဖောက်ပြီ ။
လူထု လခ ၊ ရိက္ခာကိုစား ၊ လူထုကို ဖိနှိပ်ကျွန်ပြုတဲ့ ဖောက်ပြန်ရေးသမား
အမျိုးသားသစ္စာဖောက် စစ်ခေါင်းဆောင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်နေခဲ့တယ်။
လက်နက်ကိုင်ရဲ နဲ့ စစ်တပ်တွေဟာ အမျိုးသားရေးကို သစ္စာဖောက်ခဲ့တာ ကြာပါပြီ ။
ခုလို ဘာသာ သာသနာကိုပါ သစ္စာဖောက်တဲ့ လုပ်ရပ်ကပေါ်လာတယ် ။ ဒါလား
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တာ ၊ ဒါလား အချုပ်အခြာအာဏာကို
ကာကွယ်စောင့်ရှောက်တာ ၊ ဒါလား ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း
ကာကွယ်စောင့်ရှောက်တာ ၊ အာဏာရှင်ကြောင့် တပ်မတော် အထင်သေး ခံရတာ ၊
ဂုဏ်သိက္ခာကို ထိခိုက်တယ် ၊ သယံဇာတကို လိုချင်တဲ့ တိုင်းတစ်ပါးသားရဲ့
အလိုဆန္ဒအရ ဖျက်ဆီးတာ ဖြစ်တယ် ။ နိုင်ငံသူနိုင်ငံသားတွေ အားလုံးပါဝင်တဲ့
တပ်မတော်ဟာ နိုင်ငံတော်ကို စောင့်ရှောက်ရမှာ ။
တပ်မတော်ဆိုတာ ပြည်သူက မွေးဖွားလာတာ ။ ပြည်သူ ရဲ့ သားတွေ ပြည်သူတွေ ဆိုတာမှတ်ပါ ။ တပ်မတော်ဆိုတာ စစ်သားတိုင်းနဲ့ သက်ဆိုင်တယ် စစ်သားအများစု
ဘဝမှာလဲ ဒါဏ်ရာတွေ ဗလပွ ကျန်ခဲ့ရပြီ ။ မဟုတ်တဲ့ စိတ်တွေ အမြစ်ဖြတ် စစ်တပ်ဟာ
မြင့်မြတ်တဲ့နေရာကို ပြန်နေကြပါစို့ ။ လူမျိုးခြားတွေ မြန်မာနိုင်ငံကို
အုပ်ချုပ်ရေးကို ငွေတွေနဲ့ ဖျက်ဆီးတာ ဖြစ်တယ် ။ ကွဲဖို့ ခင်ဗျာတို့ ပြောတာ
မဟုတ်ပါ ။ တပ်မတော်ဟာ နိုင်ငံတော်ကို ဂုဏ်သိက္ခာ ရှိရှိ
စောင့်ရှောက်ကာကွယ်ရမှာ ။ အသာလေး လျှိုပြီ ထွက်သွား လိုက်တော့ ၊
တပ်မတော်လည်း သိက္ခာဆယ်ရာ ရောက်တာပေါ့ ဗျာ။ ပြည်သူတွေ သူတို့ နှစ်သက်ရာ
ရွေးချယ်ပါစေ ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တပ်ကို ကာကွယ်ရေးမှာ သုံးသင့်ပါတယ်
ပြည်သူ့ တပ်မတော်သားများခင်ဗျာ။