Thursday, October 24, 2013

ဗြိတိသျှ ၀န်ကြီးချုပ် ကင်မရွှန်းက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြောင်းလဲရေးအတွက် နိုင်ငံတကာက ဖိအားပေးအောင် လုပ်ဆောင်သွားမယ်လို့ ဂတိပြုလိုက်ပါတယ်


အောက်တိုဘာ ၂၃ ၊ ၂၀၁၃ -  
ဝန်ကြီးချုပ် ကင်မရွှန်း ဟာ ဒေါင်းနင်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပြီး သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြောင်းလည်းရေးအတွက် ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ ကျတော်တို့ တတ်နိုင်တာမှန်
သမျှ အကုန်လုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်တယ် ။ " ဒီနိုင်ငံမှာ လူတွေက ခင်ဗျား ကို အင်မှတန်မှကို လေးစားကြတယ် ။ ကျတော်က ခင်ဗျားကို အလေးစားဆုံး လူတွေထဲကတစ်ယောက်ပါ " အရေးကြီးဆုံးပေးချင်တဲ့သတင်းစကားက မြန်မာနိုင်ငံက တိုးတက်မှုတွေဟာ စဉ်ဆက်မပျက်   ဖြစ်ဖို့လိုအပ်တယ် ၊ အဓိကအားဖြင့် အခြေခံဥပဒေကိုပြုပြင်တာ ကျတော်တို့မြင်ချင်တယ် " ၀န်ကြီးချုပ်က ပြောပါတယ် ။ " ခင်ဗျားရဲ့ ဥပမာ ၊ ခင်ဗျားရဲ့ ယုံကြည်ချက်ပေါ်မှာ ဇွဲရှိမှုတွေက ဗြိတိန်နိုင်ငံတစ်ဝှမ်းက သူတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေ အတွက် အင်မတန်ကြီးမှာတဲ့ စိတ်ဓာတ်စေ့ဆော်မှု ပါပဲ " မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကြိုးပမ်းမှုခေါင်းဆောင်ကို   နိုင်ငံခေါင်းဆောင်   ဖြစ်မလာနိုင်အောင် ဖယ်ထုတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ကျင်းပမယ့်   ရွေးကောက်ပွဲဟာ လုံးဝ မှားယွင်းတဲ့ရွေးကောက်ပွဲဖြစ်မှာပဲ ။ မြန်မာအစိုးရဟာ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို မဖြစ်မနေ ပြောင်းရမယ်ဆိုတာ နိုင်ငံတကာ ကနေ ဖိအားပေးအောင် ကျတော်တို့ 
( ဗြိတိန်နိုင်ငံ) လုပ်နိုင်တာတွေအားလုံးကို လုပ်ဆောင်သွားမယ် " လို့ မစ္စတာကင်မရွန်းက   ပြောကြားလိုက်တယ် ။ ဂျာနယ်လစ်ကမေးလာတဲ့ ဘာသာရေးလွတ်လပ်မှုနဲ့ နိုင်ငံသားဖြစ်မှု နဲ့ပက်သက်တဲ့မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် ယခုလိုဖြေကြားလိုက်ပါတယ် - " 
ဒါက သမ္မတ နဲ့ သူ့ရဲ့အစိုးရအဖွဲ့က timeframe ချပြီး လုပ်ဆောင်ရမှာ ၊ နိုင်ငံသားဖြစ်မှုနဲ့ 
အခြားအစိုးရက ကိုင်တွယ်ရမယ့် ဘယ်အရာမဆို ကို Policy တစ်ခုချပြီး ဒါကို အချိန်အတိုင်းအတာ
တစ်ခု (timeframe) သက်မှတ်ပြီး လုပ်ဆောင်ရမှာ " " ကျမ ရှင့်ကို timeframe (ပြဿနာတွေဖြေရှင်းဖို့ အချိန်အတိုင်းအတာ) ချပြစေချင်ရင် ၊ ကျမ သမ္မတ ဖြစ်လာမှာကို ကျိန်းသေအောင်လုပ်ပေးဖို့ လိုတယ် " ၀န်ကြီးချုပ်က ယခုလို ထပ်ဖြည့်ပြောခဲ့ပါတယ် " ဒါတကယ့်ကို ပြောင်မြောက်တဲ့အချက်ပဲလို့ ကျတော်ထင်ပါတယ် ၊ အဲ့ဒီနေ့ထူးနေ့မြတ်ရောက်ပြီးရင် ခင်ဗျား (ဒေါ်စု) ကို အမှတ် ၁၀ ဒေါင်းနင်းလမ်း ကနေ ကြိုဆိုဖို့ ကျတော်တို့ အင်မတန်မှကို စောင့်မျှော်နေပါတယ် "