၂၀၁၃-၁၀-၂၅
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင်စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့ပြီးဗိုလ်လောင်းတွေ
ကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြား
ပေးမှု တွေကိုလေ့လာ မှတ်သားခဲ့ပါတယ်။နိုင်ငံတပ်မတော်အနေနဲ့  တိုင်းပြည်ကိုကာကွယ်ဆောင့်
ရှောက်ရမည်၊ ပြည်သူလူထုအပေါ် ထားရှိရမည့် အလေ့အထများ။ နိုင်ငံတကာနှင့်စံနှုန်များအရ
တပ်မတော်သည် ပြည်သူ့ဝန်ထမ်းစစ်သားကောင်းများဖြစ်ရမည် ပြည်သူဘက်မှရပ်တည်ပြီး
ပြည်သူများယုံကြည်အားကိုးရသည့် အနာဂတ်လူငယ်များ၏ အားကျဂုဏ်ယူထိုက်သော တပ်မတော်ဖြစ်စေရမည်။
မြန်မာနိုင်ငံ၏တပ်မတော်သည်လည်း နိုင်ငံတကာစံနှုန်းနှင့်ပြည့်ဝသော ပြည်သူ့ဝန်ထမ်းစစ်သားကောင်း
များဖြစ်ပေါ်လာရေးအတွက် စစ်မှန်သောဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ရန်အရေးကြီးသလို
နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာတဲ့ ခေတ်မှီစစ်တပ်ဖန်တီးရေး အဓိလိုအပ်နေကာ
နိုင်ငံတကာနှင့် လက်တွဲပြီး ခေတ်မှီသောနည်းပညာများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းပြည်၏ ပြည်သူ့ ဝန်ထမ်းရတနာများကို အနာဂတ်ပုံဖေါ်ပေးမည့် အမျှော်အမြင်ရှိသော ခေါင်းဆောင်ကောင်း
များ လိုအပ်လျှက်ရှိပါသည်။