Monday, October 7, 2013

တိုင်းပြည် ပိုက်ဆံ ပြည်သူ့ ထံ ကြေငြာရန် မလိုဟု အာဏာရှင်တွေ ဇာတိပြနေပြီ


တိုင်းပြည် ပိုက်ဆံ ပြည်သူ့ ထံ ကြေငြာရန် မလိုဟု ဆိုလိုက်သော ကြံဖွတ်ပါတီ ဒု- ဥက္ကဌကြီး ဦးဌေးဦး ရူးနေသလားလို့ စဉ်းစားမိတယ်။ဒီလိုလူမျိုးရဲ့  ပါတီက တိုင်းပြည်ကို အစိုးရနေရာ ယူထားတော့
တိုင်းပြည် ဒုက္ခရောက်တာမစမ်းပါဘူး။အာဏာရူးတွေအုပ်ချုပ်နေသ၍ တိုင်းပြည်ဘယ်တော့မှမတိုးတက် ဘူး နိုင်ငံတကာကိုလည်းမလေ့လာ မိမိကိုယ်တိုင်ကလည်း နားမလည်၊ ဥပဒေဆိုတာ ဘာမှန်းမသိ။
ကိုယ်ပြောတဲ့ စကားကရှေ့ နဲ့ နောက်နဲ့ မညီ၊ပြည်သူတွေကို သူတို့ လို အရူးလုပ်နေတယ်။
ဘယ်လိုစဉ်းစားပြီးပြောတာလဲမသိ တိုင်းပြည်ရဲ့ ပိုက်ဆံ ပြည်သူကိုကြေငြာရန်မလိုဟုဆိုသည် တိုင်းပြည် ပိုက်ဆံဟာ တကယ်တော့ ပြည်သူ့ ဘဏ္ဍာပါ။ ပြည်သူ ဘဏ္ဍာဆိုတာ ပြည်သူ့ ပိုက်ဆံပါ။တိုင်းပြည်က
ရတဲ့ဝင်ငွေဟာ ပြည်သူ သိခွင့် ရှိရမယ်။တိုင်းပြည်ရဲ့  ၀င်ငွေ ထွက်ငွေကိုသိဖို့  နိုင်ငံတော်က ဘတ်ချက်
အဖြစ်လွှတ်တော်မှာ တင်ပြရတယ်။အစိုးရရဲ့  အသုံးစရိတ်ကိုလည်း လွှတ်တော်မှာတင်ပြပြီး တောင်ခံ
ရတယ်။နှစ်ကုန်မှာ ဘတ်ချက်ကိုတင်ပြပြီး လိုငွေပိုငွေများကို ပြည်သူတွေသိရှိအောင် လွှတ်တော်က
ဆောင်ရွက်ရတယ်။ 
နိုင်ငံတော်ငွေကို သူပိုင်ငွေများထင်နေသလား၊သူ့ ပါတီပိုင်ငွေများထင်နေသလား တိုင်းပြည်ရဲ့  စီးပွားရေး အခြေအနေ တိုးတက်လာမှု့ ကို ပြည်သူတွေ သိနိုင်ရမယ်။တိုင်းပြည်မှာ ဘဏ္ဍာငွေဘယ်လောက်ရှိတယ်
ဆိုတာ တိုင်းပြည်က ကြေငြာရမယ်။ပြည်သူတွေကလည်း တိုင်းပြည်မှာ ဘဏ္ဍာငွေဘယ်လောက်ရှိတယ်
ဆိုတာသိထားဖို့  လိုအပ်တယ်။ တိုင်းပြည်မှာ ဘဏ္ဍာငွေကို ပြည်သူတွေ သိခွင့်မရှိဘူးဆိုတာ အာဏာရှင်
တွေရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အမြဲတမ်း တိုင်းပြည်မှာ ဘဏ္ဍာငွေကို
 ကြေငြာလေ့ရှိပါတယ်။