skip to main |
skip to sidebar
၂၀၁၃-၁၀-၁၄
ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရတဲ့ ဟုန်ရှင်း သပိတ်တိုက်ပွဲဝင် အလုပ်သမား
မသဇင်စိုးကို ဒဂုံဆိပ်ကမ်းမြို့  နယ် ရဲစခန်း စခန်းမှူးကိုယ်တိုင်က
ရဲအင်အားအပြည်အစုံနဲ့ မသဇင်စိုးနေတဲ့ထူးကြီးမြို့နယ်က ရွာမှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
မသဇင်စိုးရဲ့ မိဘတွေက နေမကောင်းဖြစ်နေတဲ့အတွက် ဘယ်သူမှ အဖော်အဖြစ်မလိုက်နိုင်ကြောင်းနဲ့ နောက်ရက်မှာ ရဲစခန်းကို ဖြစ်စေ၊ တရားရုံးကို ဖြစ်စေလာရောက်ဖို့ အာမခံပေမယ့် စခန်းမှူးက လက်မခံဘဲ အတင်းအဓမ္မ ခေါ်ဆောင်သွားပါတယ်။
ညတွင်းချင်း ရန်ကုန်ကို ခေါ်ဆောင်လာမယ်လို့သိရပြီးဒဂုံဆိပ်ကမ်းရဲစခန်းမှာထိန်းသိမ်းထားမယ်လို့သိရ ပါတယ်။ ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး အခုလို ကျေးရွာအထိ
လိုက်လံဖမ်းဆီးခေါ်ဆောင်တဲ့အတွက် ကျေးရွာအတွင်းမှာ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်နိုင်ပြီး ကာယကံရှင် မိန်းကလေးရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိပါးရာကျပါတယ်။
ဟုန်ရှင်းအလုပ်သမားတွေက ဒဂုံဆိပ်ကမ်းရဲစခန်းမှူးဟာ ဟုန်ရှင်း စက်ရုံမှူး
ဦးနေထွန်းစံနဲ့ အလွန်ရင်းနှီးသူဖြစ်ကြောင်း၊ ယခုလို လုပ်ရပ်ရဲ့
နောက်ကွယ်မှာလည်း ဦးနေထွန်းစံရဲ့ ကြိုးကိုင် ချယ်လှယ် မှုတွေ
အများကြီးရှိနိုင်ကြောင်း ပြောကြပါတယ်။
မနက်ဖြန်မနက် ၆း၀၀
နာရီမှာ အလုပ်သမားခေါင်းဆောင်တွေနဲ့ ဟုန်ရှင်း အလုပ်သမားတွေဟာ
ဒဂုံဆိပ်ကမ်းရဲစခန်းကို သွားရောက်ပြီး မသဇင်စိုး လွတ်မြောက်ရေးအတွက်
ကြိုးပမ်းကြမယ်လို့ သိရပါတယ်။
ဆက်သွယ်ရန်
၀၉၃၁၄၃၇၉၉၄
၀၉၂၅၀၂၃၆၇၇၉
၀၉၄၂၅၃၁၃၉၅၃